Wednesday, June 6, 2007

တောအုပ်







တောအုပ်။

ဝံပုလွေလာဆင် နေထိုင်တဲ့ တောအုပ်။

သစ်တစ်ပင်ခုတ် အချုပ်သုံးလ ဆိုတဲ့
ဥပဒေသတွေနဲ့ တောအုပ်။

တောမကျွမ်းသူတွေ လမ်းပျောက်
တောခြောက်တတ်တဲ့ တောအုပ်။

တောကြောင်တွေ လက်ခမောင်းခတ်ကောင်းအောင်
တောမီး လောင်လောင်နေတဲ့ တောအုပ်။

အရိပ်နေနေ အခက်ချိုးချိုးလုပ်တော့
မကြာခင် တောကတုံး တောပြုန်းတော့မယ့် တောအုပ်။

ကျွန်တော်ကတော့ တောအုပ်ကိုမမြင်
သစ်ပင်တွေသာ မြင်နေတဲ့ကောင်လေ...။

ပန်ဒိုရာ
၁၊၆၊၂၀၀၇



6 comments:

Unknown said...

ကြိုက်သွားပြီ

Thelay said...

အမ.. အမဘလောက့်က တစ်ခုခုတော့ မှားနေပြီ ထင်တယ်.. ဟို အရင် မဂျစ်တူး ဘလောက့်လို ဖြစ်နေတယ် .. အခု နောက်တင်တဲ့ ပိုစ့် ပဲ မြင်ရတော့တယ် ..အရင်ဟာတွေလဲ ဘာမှ မမြင်ရတော့ဘူး.. နောက် ဆီပုံးလဲ မရှိတော့ဘူး.. ဘေးက ဥစ္စာတွေလဲ ဘာမှ မရှိတော့ဘူး.. တမင်ပဲ အဲလိုလုပ်ထားတာလား။

(တေးမွန်) said...

ပမ်ဓိုယာ .. နာ့မိတ်ဆွေ. လာဆင်က ပင်လည်းပျော်ကြီးပါ.
ဘာရို့ တောထဲပို့ ထားတာလည်း..
အဲဒါကလွဲရင် ကြိုက်တယ်။

နတ်ဆိုး

pandora said...
This comment has been removed by the author.
pandora said...
This comment has been removed by the author.
pandora said...

တော်ပြီ.. ရှင်းမလို့ လုပ်ပြီးမှ မရှင်းပဲ ထားတာ ပိုကောင်းတယ်လို့ ကွန်မန့်တွေ ဖျက်လိုက်တယ်.. ဟတ်ဟတ်
ကျေးဇူးနတ်ဆိုး