Thursday, June 28, 2007

ပါးပြင်နဲ့ မှီအုံး

မလေးက ပြောတယ်။ ကိုယ့် ကဗျာတွေကို ဖက်အိပ်ချင်တယ် တဲ့။ အဲဒါနဲ့ ဒီကဗျာရိုးရိုးလေးကို ရေးပေးလိုက်တယ်။ မလေး အတွက်... ဆိုတော့ တချို့ တချို့ လူတွေကို ကိုယ်စားပြုနေရာ ရောက်နေမလားတော့ မသိ။

ပါးပြင်နဲ့ မှီအုံး

ချစ်သူက ပါးပြင်
ကိုယ့်ရင်က မှီအုံး ဆိုပါတော့...
သူပြုံးကာ ပျော်ပျော်အိပ်စေဖို့
ရန်ခုန်သံ သာသာတိတ်ကာ
ချော့သိပ်မယ်နော့...။

သို့ပေမယ့်ချစ်သူခင်
မွေ့ယာကို ပစ်ခွာထားခဲ့တဲ့
ညများပင် အချိန်ကျော်တော့
ပေါ်မလာ ရင်မှာကျွမ်းလို့
လွမ်းရသည်ပင်...။

ကျီစားတဲ့ ပျိုပျိုခင်
ညဉ့်နက်စဉ် ပြန်လာတော့...
နွဲ့ဆိုးကာ ခေါင်းတင်ဝှက်ကာမှ
အေးစက်နာ ရင်ခွင်ခါးနိုင်ဘု
သူ့ပါးပြင် ပူငွေ့ထွေးနဲ့
နွေးသွားတာပေါ့...။



(တချိန်က.. ချစ်သူက ဗေဒါ ကိုယ့်မှာတော့လှိုင်းလုံး၊ ချစ်သူက ရွှေကြာ ကိုယ့်မှာတော့ လိပ်ပြာ ဆိုလား ကဗျာလေးတွေ ဖတ်ဖူးတယ်။ ဆရာသိန်းသန်းထွန်းရဲ့ ကဗျာလို့ထင်တယ်။ အတိအကျ မမှတ်မိတော့ဘူး။ စာအုပ်တွေလည်း မရှိ။ သိကြရင် ပြောကြပါနော်။)

မှတ်ချက်။
၁) အစ်ကိုကြီးများ မောင်ကလေးများ ပန်ဒိုပုလင်း၏ ကဗျာတွေကို သဘောကျလို့ ရည်းစားစာတွေ ဘာတွေထဲမှာ ထည့်ရေးချင်လျှင် လက်ဖက်ရည်တစ်ခွက် တိုက်ရမည်။
၂) ဟောက်မှာတို့ ၊ အာပုပ်ရည်ကျမှာတို့ ဘာတို့ တွေနဲ့ ဒီကဗျာကို လာမနောက်ရ။ ဟွန်း။ (တိနေဒယ်။)

6 comments:

Anonymous said...

ရိုးရိုးလေးနှင့် အလွန်ပင် ချစ်စရာကောင်းသော ကဗျာလေးဖြစ်ပါသည်။
ခင်မင်စရာကောင်းသော မပန်ကို ပိုချစ်ရပါသည်။ (မဂျစ်မကြားစေနှင့်)

မလေး အတွက်... ဆိုတော့ တချို့ တချို့ လူတွေကို ကိုယ်စားပြုနေရာ ရောက်နေမလားတော့ မသိ…။
အဲဒီစာကြောင်းလေးရဲ့ Correlation က ..ဘာလဲဟင်..

:)

Anonymous said...

မပန်ရေ...ယဉ်ပြီး ချစ်စရာကောင်း တဲ့ ကဗျာလေး ပါ။ မပန်ကြီး တော်ပါပေ့။
“၂) ဟောက်မှာတို့ ၊ အာပုပ်ရည်ကျမှာတို့ ဘာတို့ တွေနဲ့ ဒီကဗျာကို လာမနောက်ရ။ ဟွန်း။ (တိနေဒယ်။)”
ကြိုပြောထား တာကောင်းတယ်…် ဟိ

Anonymous said...

"သူပြုံးကာ ပျော်ပျော်အိပ်စေဖို့
ရန်ခုန်သံ သာသာတိတ်ကာ
ချော့သိပ်မယ်နော့..."

အသံ၊ ကာရန်၊ အဓိပ၌ယ်၊ အားလုံး အလင်္ကာ မြောက်တယ် မပန်ရေ... ပန်ဒိုပုလင်းကတော့ တော်တော့ကို ပါရမီထူးတာပဲ၊ မင်းလူး+ကြည်အေး+ပုတီးကုန်း+တာရာမင်းဝေ စွယ်စုံရတယ်... နောက်တော့ နောက်ချင်သား၊ ဒါပေမယ့် ကဗျာက လှ လွန်းလို့ မနောက်ရက်တော့ဘူး... :D

naing said...

မှတ်ချက်။ ရယ်မိသည် ။ ကဗျာ မပါ ။

Anonymous said...

ပထမပိုဒ်လေးကို အကြိုက်ဆုံးပဲ မပန်ရေး)

pandora said...

မလေး > correlation ကတော့…. ဒီလို.. …… ကဲ သိပြီနော်
ပုံရိပ်..> ဟုတ်တယ် အမျှော်အမြင်ကြီးမှ ဟဲ
ကိုပု > စွယ်စုံတာမဟုတ် အုတ်အရောရော ကျောက်အရောရော ဖြစ်နေတာ ထင်တယ်
ကိုနိုင် > ဘယ်လိုပဲဖြစ်ဖြစ် ရယ်မိတယ်ဆိုရင် ၀မ်းသာပါတယ်နော်..
ဂျစ် > ခံစားလာပြီပေါ့.. (ဟီး)