Wednesday, September 12, 2007

ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။



ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။

လုံးဝ
လေတယ်
စိတ်တိုင်းကိုမကျ
လောကပါလခံတွင်းချဉ်လွန်း
သူတို့အားလုံး သိမ်းကျုံးလို့အမှုန့်ခြေမွ
ငါ့ ဒေါသတွေနဲ့ ခပ်တင်းတင်း တစ်ပတ်ပတ်လို့
ရင်ဘတ်ထဲထိ ခပ်ပြင်းပြင်း တအား ရှိုက်ဖွာပစ်လိုက်ချင်
ပရိုမီးသီးယပ်စ်* ရေ...... မီးလေးတစ်တို့လောက်ပေးပါကွယ်။

ပန်ဒိုရာ

*Prometheus

5 comments:

Anonymous said...

မပန်.. အတူတကွ ဒီကဗျာနဲ့ ခံစားသွားတယ် ။

Anonymous said...

မဂျစ် ပြောသလို လာခံစားသွားတယ်.. လာကောမန့်ရေးသွားတယ်.. ဒီမို မအားတဲ့ကြားက အချိန်လုပြီးတော့ မီးလာတို့သွားတယ်.. =)

Thet Htoo@Myat Lone said...

မပန်ရေ။

ကျန်းမာရေးအပြင် အသက်ကိုပါ ထိခိုက်နိုင်ပေမယ့် မပန်ရဲ့ ဆေးလိပ်မျိုး ကျွန်တော်တို့လည်း ခပ်ပြင်းပြင်း ရှိုက်ချင်သေးတယ်ဗျာ။

* In Search of Truth * said...

ဒါနဲ့ ဆေးလိပ်သောက်ဘူးဗျ။ ကျန်းမာရေးထက် ဈေးကြီးလို့ပါ။ အရက်နဲ့ ဘီယာ ဘုရားကိုလှူထားတာ တစ်နှစ်ပြည့်သွားပြီ။ သဓုခေါ်ပေးပါ

pandora said...

ဂျစ် ဒီမို မျက်လုံး အတူခံစားကြ တို့မီး ရှို့မီးလုပ်သူများ ဆလု။
ကိုဇော်မျိုး. သာဓု .. ကျန်တဲ့ ၂ ခွန်းအတွက်တော့ ဆက်စောင့်ကြည့်လိုက်ဦးမယ်