ဧရာဝတီတိုင်း ပုသိမ်မြို့နဲ့ မိုင် ၃၀ လောက် အကွာမှာရှိတဲ့ ငွေဆောင်လို့ အမည်ရတဲ့ ကမ်းခြေအသစ်ကလေးပါ။ မရောက်တာ ကြာသူများလည်း ကိုယ့်နိုင်ငံထဲက မမြင်ရသေးတဲ့ အလှတွေကို ခံစားရတာပေါ့။ ကိုယ်တိုင်ရိုက်ထားသော ပုံတွေပါ။
မိုးလင်းတဲ့ အလှ။
Treasures Hotel က တံတားကလေးပေါ်က မနက်ခင်းအလှပါ။
ဒါက Bay of Bengal Hotel ကမြင်ရတဲ့ မြင်ကွင်း။ အဲဒီဟိုတယ်က Architecture ကို အဓိကထားတယ်။ အလွန်အနုပညာမြောက်တဲ့ ဟိုတယ်လေးပါ။
ဒါလည်း B O B ကပဲ။ ပန်းကလေးတွေလည်း ရှိတယ်နော်။
လှိုင်းတွေ လာပြီ။
ဘုရားညီနောင်လည်းရှိတယ်။
ချစ်သူများကျွန်း တဲ့။ ရေသူမရုပ်ကလေး ရှိတယ်။ လှိုင်းတွေ နှစ်ဖက်ဆိုင် ရိုက်တာ လှတယ်။
ရေလုပ်သားတွေကတော့ ဒီလိုငါးဖမ်းနေကြတယ်။
ဒါက ကမ်းထရီးစတိုင် စစ်စစ်။
နေ၀င်ဆည်းဆာ။
ဆည်းဆာက ရှုမ၀ဘူး။ ဗြုန်းဆို အလှတွေ ဖိတ်လျှံစောင်းကျသွားပေါ့။
ကဲ သွားတော့မယ်။ ဘိုင့်ဘိုင် ငွေဆောင်။
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
3 weeks ago
13 comments:
ငွေဆောင်လည်းရောက်ဖူးသွားပြီ။
ကျေးဇူးပဲ။ ဓာတ်ပုံတွေလှတယ်။
ချစ်တဲ့အမိမြေရဲ့ သဘာဝသောင်ကမ်းမြေမှာ ဇိမ်ခံဟိုတယ်တခုရဲ့ ဗိသုကာအလှထက် အိုတံငါတို့ရဲ့ ငါးပိုက်ဆွဲတဲ့ဘ၀ကို ပိုလို့ မက်မက်မောမော ခံစားသွားမိပါတယ်၊ ကျေးဇူး။
Bannerအသစ်လေး မွေးဖွားတဲ့ အရပ်ပေါ့နော်...။ ဓာတ်ပုံလှလှလေးတွေထဲ ပန်နဲ့တယောက်သောသူရဲ့ အပြုံးချိုချိုလေးတွေ ရှာကြည့်မိသေးတယ်...။
ပန်ပန် ရေထဲစိမ်တာ မရိုက်ပြဘူးလား။ ကမ်းခြေရေက စိမ်းသလား၊ ပုံလေးတွေ ကြည့်ရတာ အတော် သာယာတာဘဲ။ ကျေးဇူးပါ
မရောက်ဖူးသေးဘူး..ဓါတ်ပုံတွေကြည့်ပြီးသွားလည်ချင်လိုက်တာ။ကျေးဇူးဘဲ။
မပန်ရေ.. ငွေဆောင်ဓာတ်ပုံတွေက လှမှလှပဲ.. ဓာတ်ပုံတွေ ကြည့်ရင်း ငွေဆောင်ကို သွားချင်လာပြီ.. :)
ငွေဆောင်မှာ စားခဲ့တဲ့ ပင်လယ်စာတွေလည်း ဓာတ်ပုံရိုက်ခဲ့ရင် တင်ပေးပါအုံး.. :D
ငွေဆောင်ပုံတွေမြင်တော့ ပိုလွမ်းလာပြီး :(
ကိုဇနိ ရောက်ဖူးသွားလို့ ၀မ်းသားပါတယ်။
ကိုဝေလင်း လွတ်လပ်စွာ ခံစားပါဗျာ။
မတန်ခူးရေ အပြုံးချိုချိုတွေ ခံစားချင်ရင် ပုံလေးတပုံကို ကလစ်လိုက်ပြီး မျက်စိကိုမှိတ်ထားလိုက်ပါ။ နေရာတိုင်းမှာ ရှိနေခဲ့။
မဂျေရေ .. ရေလေးတွေက ကြည်စိမ်းပြီး အောက်ခြေအထိ မြင်ရတယ်။ ပန်လည်း တခါမှ ဒီလောက်ရေကြည်တဲ့ ပင်လယ်စပ် မရောက်ဖူးပါ။ တကယ်မိုက်တယ်။
မ HT တနေ့တော့ရောက်မှာပေါ့နော်.
မနုစံရေ အစားအသောက်တွေနဲ့တော့ မနှိပ်စက်တော့ပါဘူးနော်။
ပီတိ ဟန်းနီးမွန်းထွက်ရင် သွားပေါ့အေ။
ပုံတွေလှလိုက်တာ .. နောက်တခါသွားရင် အဂျစ်ကလေးကို ထားခဲ့ပါနဲ့ .. ကန့်လန့် ကန့်လန့်လိုက်ချင်တယ် ။ ရမလား အဟဲ ။ ပန်ဒိုရီက ကန်ထုတ်နေဦးမယ် ..း(
ငွေဆောင်သွားတာ ငွေအတော် ဆောင်သွားရမှာပဲ။ ဓါတ်ပုံတွေက ရှယ်ပဲ။ ရေကူးကန်နဲ့ ပုံဆို ဟိုတယ် ကြော်ငြာတောင် လုပ်လို့ ရမယ်။
ဓာတ်ပုံတွေပန်းချီဆန်တယ်။ :-)
beautiful photos :)
အရမ်းလှတယ် အစ်မ........ ကဗျာ အရမ်းဆန်တယ်...
ငွေဆောင်တော့ ရောက်ဘူးဝူး..........
ချောင်းသာထိပဲ ရောက်ဖူးတာ..
ဂျစ်ဂျစ်နဲ့သွားမှ တာမှ ပို လှ မှာ.. ဟတ်ဟတ်
Post a Comment