ဒီမနက် အင်တာနက်ဝင်တော့ ပန်ဒိုရာ့ ဘလော့ဂ် အပါအ၀င် ဘလောဂ့် အချို့ကို အိုင်အီး Internet Explorer ကနေ ၀င်လို့မရပါဘူး။ Operation Aborted ဆိုပြီး ဒီလိုလေး ပေါ်နေပါတယ်။
(မတန်ခူးရဲ့ဘလော့ဂ်ကို နမူနာပြထားပါတယ်။)
ပန်ဒိုရာ့ အိုင်အီးက ဗားရှင်း ၇ ပါ။ မော်ဇီလာ Mozilla Firefox က ကြည့်လိုက်တော့ ၀င်လို့ရပါတယ်။
အဲဒီအချိန်မှာ အဲဒီလို အိုင်အီးကနေ ၀င်လို့ မရတဲ့ဘလောဂ့် တချို့ကဒီမှာပါ။
http://kopaw07.blogspot.com/
http://laynuaye.blogspot.com/
http://naynaynaing.blogspot.com/
http://gyittu.blogspot.com/
ပထမတော့ အဘန်းခံရသလား တိုက်ခိုက်ခံရသလား လို့ ပျာသွားပါတယ်။ ဘ၀ တွေများ ဆိုးပုံက ဘလော့ဂ်လေးရေးတာတောင် စောင့်ကြည့်ခံရလား ဘာလား ဟိုတွေးဒီတွေး တွေးနေရတဲ့လူမျိုးတွေ ဆိုတော့ ဒီလိုအရင် ပူလိုက်မိတာပေါ့လေ။ စသတိထားလိုက်တော့ စင်္ကာပူအခြေခံတဲ့ ဘလော့ဂ်တွေ ၀င်လို့မရတာကို တွေ့တယ်။ ဒါနဲ့ တချို့အွန်လိုင်းမှာတွေ့တဲ့ တခြားနိုင်ငံက သူငယ်ချင်းတွေ မေးကြည့်တော့ သူတို့ကျတော့ အဲဒီ ဘလော့ဂ်တွေကို အိုင်အီးကပဲ ၀င်ကြည့်လို့ရတယ်တဲ့။ ဒီတော့ စင်္ကာပူတစ်ခု ထဲမှာ ဖြစ်နေလား စဉ်းစားမိပြန်ရော။
နောက်တော့မှ မဟုတ်ပဲ ဘယ်နေရာကဖြစ်ဖြစ် အိုင်အီး ဗားရှင်းတချို့က တချို့ဘလော့ဂ်တွေအတွက် ဖြစ်နေတာကို တွေ့ရပါတယ်။
နည်းပညာနားလည်တဲ့ သူငယ်ချင်းများကို မေးတော့ အကူအညီပေးကြ စမ်းသပ် ပေးကြပါတယ်။ နောက်တော့ template ထဲက script တခုခုနဲ့ အိုင်အီးနဲ့ ငြိတာ ဖြစ်မယ်လို့ ဆိုပါတယ်။
ဒါနဲ့ ပြဿနာတက်တဲ့ ဘလော့တွေကို ပန်ဒိုရာလည်း လိုက်ကြည့်ပြီး စူးစမ်းလိုက်ပါတယ်။ အားလုံးမှာ ဘုံ တူညီနေတဲ့ function တခုက site meter ပါ။ ဒါနဲ့ အဲဒီ sitemeter ရဲ့ website www.sitemeter.com ကို ၀င်လိုက်တော့ အိုင်အီးမှာ သူကိုယ်တိုင် aborted ဖြစ်နေပါတယ်။
လောလောဆယ်တော့ ပန်ဒိုရာ ဘလော့မှာ site meter ကို ဖြုတ်ထားလိုက်ပါတယ်။ ဒီဘလော့ကို အိုင်အီးနဲ့ ၀င်ကြည့်သူတွေ အတွက် ယာယီ အိုကေသွားပါပြီ.။ အဲဒီ site meter ကို ပြဿနာမတက်အောင် ဘယ်လို ပြန်တပ်ရမလဲဆိုတာတော့ ကြည့်ရပါဦးမယ်။ သိရင်လည်းပြောကြပါ။ သူငယ်ချင်းတယောက် ဒီလင့်ခ်ကိုပေးလာပါတယ်။
http://support.microsoft.com/default.aspx/kb/927917
ပန်ဒိုရာအတွက်ကတော့ ရှု့ပ်နေသေးတာပဲ။ နောက်မှ သေသေချာချာ ဖတ်ကြည့်ပြီး လုပ်ပါဦးမယ်။ လောလောဆယ် ကိုယ့်လို ပြဿနာ တက်သူများ အတွက် ယာယီဖြေရှင်းနိုင်အောင် ဒီပို့စ်ကို ရေးလိုက်ပါတယ်။
အကူအညီပေးတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်။
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
11 hours ago





5 comments:
အနော်တို့တော့တက်သေးဘူး မကြီးပန်ရေ ။
တော်သေးတာပေါ့ နည်းလမ်းလေးတွေတွေ့လို့ :)
အဆင်ပြေပါစေ အရီးပန်ရေ :) :)
Thanks alot! My blog reports the same abortion........ Your helping hand is adorable....
Wish you all happiness, and thanks a million!
မပန် .. Site Meter က ပြဿနာကို ရှင်းပြီးသွားတဲ့အကြောင်း ဒီမှာ ကြေညာထားတယ်..
http://weblog.sitemeter.com/2008/08/02/sitemeter-ie-issues-resolved/
Site Meter ဖြုတ်ထားတာလေး ပြန်ထည့်လို့ ရပြီ
ကျေးဇူးပါ ပန်ရေ… ကိုညီညီလဲ သတင်းပေးတာ ကျေးဇူးပါ…
ညိမ်းညို ပြဿနာမဖြစ်ဘူးဆိုလို့ ၀မ်းသာပါတယ်။
Uranus, I am glad that I could help.
ညီညီရေ အစစအရာရာ ကူညီတာတွေ ကျေးဇူးပါနော်။
မတန်ခူးရေ သူ့ဘာသာ အဆင်ပြေသွားပါပြီ။
Post a Comment