Thursday, January 15, 2009

အရူး



အရူး

မတွေ့ရင် လိုက်ရှာ
တွေ့ပါတော့လည်း ရှောင်ပုန်း
ပြုံးလိုက် ငိုလိုက် ဖြစ်နေသူ။


ပန်ဒိုရာ


ပုံ -  done in photoshop using mouse

22 comments:

Anonymous said...

ဒေါ်လေး ထူးခြားနေတယ် ဧကန္တ တော့ ဧကန္တ ပဲ :)

Anonymous said...

ဟုတ်ပါ့ ကိုကြီးမျိုးရေ.. အရူးဆိုလို့ပြေးလာဖတ်တာ။

pandora said...

ပုံဆွဲကျင့်ရင်း ကဗျာအတိုလေးတွေ ရေးကြည့်နေတာပါ ဆရာသမားတို့ရယ်.. :D :D

khin oo may said...

သင်တန်းဆိုလို့လာတက်တယ်။ သုံ့းကြောင်းကဗျာနဲ့စတာကိုး.ကောင်းတယ်။ကောင်းတယ်။

ခေါင်ခေါင် said...

ဟုတ်တယ်.. အရူးဆိုလို့.. ဘာများလဲလို့
၃ ကြောင်းတည်းနဲ့.. ပွဲပြီးသွားတော့တာပဲ..

Anonymous said...

ပန်းသီးကို အရူးကိုက်သွားတာပဲ ဖြစ်ရမယ်...း)

ATN

Moe Cho Thinn said...

အချစ်ရူးပဲ ဖြစ်ရမယ်။
ရိုးမှ ရိုးရဲ့လား ပန်ပန် :)

မီယာ said...

ပုံကတော့ အသက်ဝင်တယ်။ တို့ဆို ပါရမီမပါဘူး။ ပုံဆွဲတတ်တဲ့ လူကို လိုချင်တာလည်း မရဘူး...

Anonymous said...

အဲဒါ စိတ်လှုပ်ရှားတတ်တဲ့ လူ့သဘာဝစစ်စစ် ပုံမှန်ပဲ မဟုတ်ဘူးလားလို့.....

ဆောင်းယွန်းလ said...

ပန်းသီးကတဖဲ့စာလေးဘဲအကိုက်ခံရသေးပါလား..
ဆန်းတော့ဆန်းတယ်ကြီးဒေါ်ပန်ရေ..

MANORHARY said...

ပုထုဇနောဥမတကောလို့ဆိုကြပြန်သေးတာကိုး
ဘာဖြစ်လဲ ကွယ်
ရူးချင်စိတ်ရှိရင် ရူးမှာပေါ့နော့်

RePublic said...

ပုံထဲ က ပန်းသီး ၀င်ကိုက်သွားတယ်ဗျာ၊၊ ဗိုက်ဆာတာနဲ့ ၊၊

မမသီရိ said...

ရူး ခဲ့ ဖူး တယ်.. ခဏခဏ..
...................
ပုံသဏ္ဍန် အမျိုးမျိုး နဲ့
လူတိုင်း က အရူး တစ်မျိုး စီ...

Anonymous said...

မပန်..

တို့တွေက..အရိုးထိအောင်ရူးနေခဲ့ကြတာ.

သက်ဝေ said...

ကဗျာလေးက အသက်ဝင်ပါ့...
ကိုယ်ကလဲ စိတ်က သိပ်မမှန်လေတော့ကာ ကိုယ့်ကိုယ်များ စောင်း ရေးထားလေရော့သလား
လို့ တောင် တွေးမိတယ်။
အိုးမလုံ အုံပွင့်တဲ့သဘောပေါ့လေ...

Welcome said...

မ၀ံ့မရဲစိတ်နဲ့
အလိုမကျမှုတွေကြား
ဗျာများနေသူတစ်ယောက်အတွက်တော့
ရူးသွားနိုင်ပါတယ်။

အောင်မြေ said...

ခံစားချက်လှလှနဲ့
စိတ်ကူးကဗျာလေးတွေ ခံစားသွားပါတယ်။

တန်ခူး said...

အာဒံနဲ့ ဧ၀ ကစလို့  အဲဒီပန်းသီးလေးကြောင့် ရူးသွားတာ ခ်ုအထိပေါ့…
အချိန်တန်တော့လဲ ပန်းသီးမစားပဲ မနေနိုင်ပြန်ဘူး… ကိုယ်ကိုယ်တိုင်က ရူးချင်နေတော့လဲ…
စကားမစပ်… ခု ဘန်နာလေးက လှပေမယ့် အသဲယားဖို့  ကောင်းတယ်…

Kaung Kin Ko said...

ပန်းချီနဲ့ ကဗျာက လိုက်ပါ့။

Anonymous said...

ဆာဂျီးရေ..
ကျွန်တော်လည်း ခုပဲ ပန်းသီးစားနေတုန်း
ဘလော့ဂ်ဖွင်မိ လျက်ဖြစ်သွားတယ်
ဂယ်ပါပဲဗျာ တိုက်ဆိုင်လိုက်တာ.......အရူးးးတဲ့းးးးဟီ။

Anonymous said...

ကဗျာလေးက ကျွန်တော့်အဖြစ်အတိုင်းပဲ။ :)

ကိုပေါ said...

တော်သေးတယ်….“အိမ်ဦး” ဆိုတဲ့ စကားနဲ့ မတွဲလို့….း-)