Wednesday, January 7, 2009

sTuPiD Q-U-E-S-T-I-O-N-S










sTuPiD Q-U-E-S-T-I-O-N-S

မနက်စာကို မနက်စာဟုခေါ်မည်။
ဘရိတ်ဖတ်(စ်)ဟုခေါ်မည်။
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ
အခေါ်အဝေါ်များ ရေချိန်ညှိနိုင်မည်.. သို့သော်
မနက်စာမှာ မုန့်ဟင်းခါး ညှပ်ခေါက်ဆွဲ
ကောက်ညှင်းပေါင်း ပဲပြုတ်ထမင်း စသည်..
ဘရိတ်ဖတ်(စ်)ဟုခေါ်လျှင်
ကြက်ဥကြော်တစ်လုံး ပေါင်မုန့်နှစ်ချပ် ထောပတ်
ဝက်ပေါင်ခြောက်တချို့ ဇွန်းခက်ရင်းဓားတစ်စုံ
ဒါကတစ်စက္ကန့်လောက် မျက်လုံးအမှိတ်မှာ
ကြောင်းတူစကားလုံးကွဲ က ဗြုန်းခနဲ ဖမ်းစားပုံ။

မကျေလည်ပါက
ဘာသာစကားကို ဘာသာစကားနှင့် တိုက်နိုင်သည်။
သို့သော်...
သွားတိုက်သလိုလား
ကားတိုက်သလိုလား
ကြက်တိုက်သလိုလား
အရက်တိုက်သလိုလား
ထားပါတော့
ဒီလောက်ဆို ဖတ်စာအုပ်နဲ့ ပြန်တိုက်တာ တော်လောက်ပြီ။

မေးခွန်းနံပါတ်- တစ်
အနုပညာ/ကဗျာ ရဲ့အထက်မှာ ဘာရှိသလဲ။ အကြောင်းပြချက်နှင့်တကွဖြေပါ။

မေးခွန်းနံပါတ်-နှစ်
အောက်ပါတို့မှ မှန်ကန်သော အဆိုပြုချက်(များ) ကိုရွေးပါ။
(က) ကဗျာရေးသူသည် ကဗျာကိုရေးသည်။
(ခ) ကဗျာရေးသူသည် သီအိုရီကိုရေးသည်။
(ဂ) ကဗျာရေးသူသည် ဘာသာစကားကိုရေးသည်။
(ဃ) ကဗျာရေးသူသည် ဘာကိုမှမရေးပါ။

မေးခွန်းနံပါတ် -သုံး
အောက်ပါတို့မှ နှစ်သက်ရာ (တစ်ခု) ကို သာ စာစီကုံးပါ။
ဘာသာစကားသည် သီအိုရီ
ဘာသာစကားသည် ကဗျာ
ဘာသာစကားသည် ကိရိယာ

မေးခွန်းနံပါတ်-လေး
အထက်ပါအကြောင်းအရာတို့သည် ကဗျာဟုတ်ပါသလား။



ပန်ဒိုရာ



(ဆြာဂျီး မဟုတ်ပါ။ ကိုယ်တိုင်လည်း မသိလို့။ :D)



27 comments:

ကိုအောင် said...

ဝိုင်တိုက်မယ်ဆိုရင် ဖြေမယ်ဗျို့။

Anonymous said...

အဖြေရရင် ပြန်လည်ဝေမျှပေးပါခင်ဗျာ

Anonymous said...

Brilliant work!!!! Congratulations!!!

kay said...

ဘာဖြေရမှန်းကိုမသိတော့ဘူး..
ဘာမေးမှန်းကို မသိတာ..
ဘယ်လိုဖတ်ရမှာလဲ..ဟင်
ဘယ်မှာ..ဖတ်စာအုပ်ပြန်ရှာရမလဲ..
ဘယ်သူတွေလာ ဖြေမလဲ မသိဘူး
ဘာလဲဆိုတာ သိအောင်..နက်ဖန်မှ.. ထပ်လာကြည့်တော့မယ်..

JulyDream said...

မသောက်လိုက်ရပဲ မူးလောက်တယ်နော်။

ATN said...

အလုပ် ရှုပ်ခံလို့ကွယ်... ကိုယ့်ဘာသာ စားစရာရှိတာ စားလိုက်ပေါ့... ခေတ်ကာလက မကောင်းရတဲ့ ကြားထဲ... ခေါင်းကိုက်အောင်... လျှောက်မလုပ်နဲ့...း)

M.Y. said...

သွားတိုက်၊ကားတိုက်၊ကြက်တိုက်၊အရက်တိုက်ဖို့ အတွက်
ထီထိုးပြီး ထီအရင် တိုက်ပါ..
ပေါက်ရင် ၀ိုင်ခွက်ချင်းထပ် တိုက်မယ်.. "Cheers" !!

မေးခွန်း ၄ က ကဗျာ ဟုတ်မဟုတ်ဆိုတာ ကတော့ ကဗျာကိုယ်တိုင် ကပဲပြန်ဖြေနိုင်ပါလိမ့်မယ်..

မီယာ said...

မေးခွန်းတွေက ခက်တယ်

ဆောင်းယွန်းလ said...

ဟဲဟဲဟဲ...ဆရာဂျီးစတိုင်လ်နဲ့ရွှီးလိုက်ဦးမှ...
ပေါက်တက်ကရတွေ...
အနူပညာ၊ကဗျာရဲ့အထက်မှာအနူပညာကိုဖန်တီးတဲ့နှလုံး
သား..ကဗျာဖွဲ့တဲ့နှလုံးသားတွေလက်တွေရှိတယ်.သူတို့
မရှိရင်ဒါတွေဖြစ်လာမှာမဟုတ်ဘူးလေ..
ကဗျာကကဗျာသာဖြစ်တယ်လို့ဘဲဆိုချင်ပါတယ်.
ဒါပေမယ့်ဘာသာဗေဒဟာလည်းကဗျာဘဲဖြစ်တယ်.
အထက်ပါအရာအားလုံးဟာကဗျာဖြစ်ပါသလားဆိုတော့
ဟုတ်ကဲ့ကဲ့...ကဗျာဖြစ်ပါတယ်.ဘာကြောင့်လဲဆိုတော့
မပန်ကရေးတတ်လို့ပေါ့ဗျာ...
အမှားတွေများသွားရင်လည်းတောင်းပန်တယ်ဗျာ.ဟဲဟဲ
ခင်မင်လျက်....

Anonymous said...

ဒီလောက်ခေါင်းစားတဲ့ မေးခွန်းတွေကိုထုတ်နိုင်တာကိုက ဆြာကြီးပါပဲ။ ဦးနှောက်က သေးလို့  လိုက်မမှီပါကြောင်း။
အားငယ်လိုက်တား(

လင်း

Anonymous said...

၂.............(က)
၃ ............ ကိရိယာတဲ့ Aristotle လား Bakhtin လား မမှတ်မိတော့ဘူး အဲလောက်တော်တာ
၁ နဲ့ ၄ က... ယူဆချင်သလို ယူဆသူပေါ်မှာ မူတည်၏..
သိဘူး... လျှောက်ပြောသွားတာ အမှားတွေချည်းပဲ...

ညီအကိုများ said...

ကိုဆောင်းပြောသလိုပဲ အစ်မရေ..
ရဲရဲကြီးဖြေနိုင်တာတော့ နံပါတ်(၄) မေးခွန်းပဲ..
ကဗျာမှ ကဗျာအစစ်ဗျာ..

မိုးကြယ်

Anonymous said...

မေးခွန်းနံပါတ်-လေး
အထက်ပါအကြောင်းအရာတို့သည်
ပန်ဒိုရာ(ဆြာဂျီး) ကဗျာ ထင်လို့ ကဗျာရေးဖြစ်သည်။ သက်သက် ဦးနှောက်စားခြင်းမျှသာ .....

P.Ti said...

ဒီနှစ် မေးခွန်းသတ်တယ်ဗျ... ဖြေတတ်ဘူး...
ိုခိုးချဖို့လည်းပါဘူး...

မေးခွန်းထဲမှာပါတဲ့ အဖြေတော့သိတယ်... ဒါက ကဗျာဗျ... မဟုတ်ရင် ဆရာမက Labels: poem လို့ရေးမှာမဟုတ်... :P

သက်ဝေ said...

ဒီနေ့ ကွဲတယ်ဟ ဆိုတဲ့စကား ကျောင်းတုန်းက စာမေးပွဲခန်းထဲမှာပဲ ရှိသလားမှတ်တယ်...
ပန်ပန့် ဘလော့ဂ်မှာလဲ ရှိသကိုး...။

တကယ်ခက်လို့  အဖြေမထွက်ပါ ပန်ပန်ရေ...
ဆရာမကိုယ်တိုင် ဖြေပြမှ ရမယ်လေ...။

Anonymous said...

ဆြာဂျီး.... ကဗျာကို အရမ်းသဘောကျတယ်....

ညီညီ(သံလွင်) said...

အဖြေ နံပါတ်- တစ်။ ကဗျာရဲ့ အထက်မှာ ကဗျာရေးသူရဲ့ ကဗျာရေးချင်စိတ် ရှိပါသည်။ ရေသည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသလို ကဗျာ ရေးချချင်စိတ်ကနေ ကဗျာတွေကို ဖန်တီးပါသည်။

အဖြေ နံပါတ်-နှစ်။ အဖြေ အားလုံး မှန်ကန်သည်။
(က) ကဗျာရေးသူ တစ်ဦး ကဗျာရေးခြင်းသည် မှန်ကန်သည်။ အကြောင်းပြချက် လိုမည် မထင်ပါ။
(ခ) ကဗျာရေးသူသည် သီအိုရီကို ရေးသည်ဆိုသည်မှာလည်း မှန်ကန်သည်။ ကဗျာရေးသူသည် သူ့အတွက် အမြဲမှန်ကန်သည့် တရားဟု ထင်မြင်ယူဆသည့် အကြောင်းခြင်းရာ (ခ) သီအိုရီ ကို ရေးလေ့ရှိသည့်အတွက် ကဗျာရေးသူသည် သီအိုရီကို ရေးသည်။
(ဂ) ကဗျာရေးသူသည် ဘာသာစကားကို ရေးသည်ဟူသည့် အဆိုလည်း မှန်ကန်သည်။ ကဗျာရေးသူသည် မိမိ၏ စိတ်ခံစားမှုကို ဖော်ပြရန် ရှိပြီးသား ဘာသာဗေဒက ဖော်ပြနိုင်စွမ်း မရှိသည့်အခါ စကား အသုံးအနှုန်း အသစ်များ (တနည်းဆိုရလျှင်) ကိုယ်ပိုင်ဘာသာစကားကို ကိုယ်တိုင် ဖန်တီးယူလေ့ ရှိသည့်အတွက် ဖြစ်သည်။
(ဃ) ကဗျာရေးသူသည် ဘာကိုမှ မရေးပါ ဆိုသည်မှာလည်း မှန်ကန်သည်။ အဘယ်ကြောင့်ဆိုသော် ကဗျာရေးသူသည် ကဗျာရေးလေ့ရှိသူ ဖြစ်၍ ကဗျာရေးသူဟု ခေါ်ခြင်းခံရသော်လည်း သူ့တွင် ဘာကိုမှ မရေးချင်လျှင်လည်း နေနိုင်သည့် လူ့အခွင့်အရေး ရှိသည်။

အဖြေ နံပါတ် -သုံး။

"ဘာသာစကားသည် ကိရိယာ "
-------------------------------
ရှေးဦးလူတို့သည် အချင်းချင်း ဆက်သွယ်နိုင်ရန် အတွက် ဘာသာစကားကို တီထွင်ခဲ့ကြသည်။ ဘာသာစကားသည် လူတစ်ဦးနှင့် တစ်ဦး၏ စိတ်ခံစားမှုကို စကားအဖြစ် အနီးစပ်ဆုံး အသွင်ပြောင်းပေးနိုင်သည့် Protocol တစ်ခုလည်း ဖြစ်သည့်အပြင် ၎င်းကို အသုံးချ၍ လူသား တစ်ဦးနှင့် တစ်ဦး ဘာသာစကားမပေါ်မီကထက် နားလည်မှု ပိုမိုလာနိုင်သောကြောင့် ဘာသာစကားသည် ထိတွေ့ကိုင်တွယ်နိုင်ခြင်း မရှိသော်လည်း ရှေးဦးလူတို့ တီထွင်ခဲ့သည်များအနက် အသုံးဝင်ဆုံးသော ကိရိယာ တစ်မျိုးပင် ဖြစ်သည်မှာ ယုံမှား သံသယဖြစ်ဖွယ်ရာ မရှိချေ။
(သို့ .. စာစစ်သူ .. ဆက်ရေးချင်စိတ် ရှိပေမယ့် စာရေးဖို့ အကြွေးတွေ ရှိသေးလို့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတယ်)

အဖြေ နံပါတ်-လေး။ အထက်ပါအကြောင်းအရာတို့သည် ကဗျာဖြစ်သည်ဟု ယူဆသူတို့အတွက် ကဗျာ ဖြစ်နေမည် ဖြစ်ပြီး ကဗျာ မဖြစ်ဟု ယူဆသူတို့အတွက် ကဗျာ မဖြစ်ပါ။ ကဗျာ အဖြစ် လက်ခံခြင်း မခံခြင်းကို ကဗျာရေးသူက ဂရုစိုက်လိမ့်မည် မဟုတ်ပါ။ ကဗျာရေးသူသည် ကဗျာရေးချင်စိတ်ဖြင့် ရေးလိုက်ပြီးသည့်အခါတွင် သူ့တာဝန် ပြီးဆုံးသွား၍ ကဗျာဖြစ်ခြင်း မဖြစ်ခြင်းကို ဖတ်သူများက ဆုံးဖြတ်ကြလိမ့်မည်။

(သို့ .. စာစစ်သူ..stupid questons ဆိုလို့ stupid answers တွေချည်း ဖြေလိုက်တယ်။ စာစစ်သူနဲ့ အယူအဆခြင်း မတိုက်ဆိုင်ခဲ့ရင်လည်း ကျွန်တော်တို့ လွတ်လပ်စွာ ကွဲလွဲကြတာပေါ့။ :D )

RePublic said...

ကဗျာ လာဖတ်သွားပါတယ်ဗျ ၊၊

chocothazin said...

မမပန်
ကဗျာလာဖတ်သွားတယ် ..
ဥာဏ်မမီ လို့ လားမသိ..
တစ်ခုမှ စဉ်းစားလို့မရဘူး :)

Anonymous said...

ဒေါ်လေး အဲ့တာတွေ သင်တဲ့နေ့က အနော် ကျောင်းပြေထားတယ် မဖြေလို့ရဘူးလား ဆြာလုပ်တာဟုတ်ဘူး ဂယ်မသိလို့ပါဗျာ =)

Anonymous said...

ကဗျာရေးသူက ရေးချင်တာကို ရေးမှာပေါ့။

Anonymous said...

အဖြေ - တစ်
အနုပညာ/ကဗျာ ရဲ့အထက်မှာ အနုပညာ/ကဗျာ ဖန်တီးမှု ရှိပါမည်။ Art has/ is Creativity and Creativity creates Art လို့ ယူဆပါသည်။

အဖြေ - နှစ်
ယူဆသူအပေါ်လိုက်ပြီး အားလုံးမှန်နိုင်သလို အားလုံးလည်း မှားနိုင်ပါသည်။
Your true value depends entirely on what you are compared with.
(Bob Wells)

အဖြေ - သုံး
ဘာသာစကားသည် ကိရိယာ

Man invented language to satisfy his deep need to complain.
(Lily Tomlin)

ဘာသာစကားဆိုသည်မှာ လူအများစု တညီတညွတ်တည်းသတ်မှတ်ထားသော သင်္ကေတ (Symbol) သို့မဟုတ် ကိရိယာ (Tool) သို့မဟုတ် ကြားခံ (Media) တစ်ခုဖြစ်သည်။
ဘာသာစကားဖြင့် လူတို့၏ စိတ်ခံစားမှုကို အနီးစပ်ဆုံး ဖော်ပြနိုင်သော အရာတစ်ခုအဖြစ်လည်း သတ်မှတ်နိုင်သည်။

Language is the source of misunderstandings.
(Antoine de Saint-Exupery)

ဘာသာစကားကြောင့် လူသားတို့၏ နားလည်မှုပိုလာနိုင်သလို နားလည်မှုလွဲခြင်းလည်း ဖြစ်လာနိုင်သည်။ စိတ်ခံစားမှုတိုင်းကိုလည်း ဘာသာစကားဖြင့် အတိအကျ ဖော်ပြရန်လည်း တခါတရံ ခဲယဉ်းမည်ဖြစ်သည်။ (ဥပမာ။ `Hey...´ ဆိုသော စကားလုံးသည် လေသက်သည့် အသံလား တစ်ယောက်ယောက်ကို လှမ်းခေါ်လိုက်သံလား၊ သံပြင်းချသံလား၊ ပျော်ရွှင်၍အော်လိုက်သည့်အသံလားဆိုသည်ကို အခြားသော နီးစပ်ရာ စာကြောင်း၊ အခြေအနေ (Context) ကို သိမှ အပြည့်အ၀ နားလည်နိုင်ပေမည်)

The limits of my language mean the limits of my world.
(Ludwig Wittgenstein)

ဘာသာစကားကြွယ်ဝမှုအပေါ် ဆုံးဖြတ်ပြီး လူတစ်ယောက်၏ ဗဟုသုတနှင့် စာပေလေ့လာမှုကို အကြမ်းအားဖြင့်လည်း ဆုံးဖြတ်နိုင်သည်။ ပညာမတတ်သူကို အရိုင်းအစိုင်း၊ ဉာဏ်နိမ့်သူ စသဖြင့် သတ်မှတ်တတ်ကြသည်။ သို့သော် ဘာသာစကားဖြင့် လူတစ်ဦးတစ်ယောက်၌ ဘ၀အတွေ့အကြုံရှိမရှိ လူကြီးလူကောင်းပီသမသ၊ အကျင့်စာရိတ္တ ဖြောင့်မဖြောင့် စသည်တို့ကို တိုက်ရိုက်ချိန်ထိုးဆုံးဖြတ်ရန် ခက်ခဲမည်ဖြစ်သည်။

A different language is a different vision of life.
(Federico Fellini)

ဘာသာစကားတစ်ခု ဆင်းသက်၊ သက်ဆင်းလာပုံကိုကြည့်ပြီး လူမျိုးတစ်မျိုးနှင့် တစ်မျိုး မည်သို့ဆက်နွယ်ခဲ့သည်၊ မည်သို့မြစ်ဖျားခံ ဆင်းသက်လာသည်ကို ဘာသာဗေဒပညာရှင်တို့က ပြောဆိုနိုင်ကြသည်။ ကွဲပြားနေသော ဘာသာစကားတို့သည် လူတို့၏ ကွဲပြားသော ဓလေ့၊ ရိုးရာ စသည်တို့ကိုလည်း အနည်းနှင့်အများ ထင်ဟပ်နိုင်သည်။ သို့သော် အခြားနိုင်ငံမှ အက္ခရာ ရေးထုံးစသည်တို့ကို မွေးစားအသုံးပြုနေသော လူမျိုး၊ နိုင်ငံ တို့အား ကိုယ်ပိုင်ယဉ်ကျေးမှုမရှိဟု ကောက်ချက်ချဖို့ရန် ခက်ခဲမည်ဖြစ်သည်။

အဖြေ - လေး
အထက်ပါအကြောင်းအရာတို့သည် ကဗျာဟုတ်ပါသလား။

ကဗျာအဖြစ်သတ်မှတ်ခြင်းသည် လေထုကို ဓာတ်ခွဲခြင်းနှင့် တူသည်ဟု ယူဆမိသည်။ ဓာတ်ခွဲခန်း၌ဖြစ်စေ၊ ပြင်ပ၌ဖြစ်စေ လေထုသည် လေထုသာဖြစ်သည်။ ဓာတ်ခွဲခွဲမခွဲခွဲ လေထုသည် လေထုသာဖြစ်သည်။ အလားတူ ကဗျာသည်လည်း ကဗျာသာဖြစ်သည်။

ဟန်သစ်ငြိမ်
(ကမ္ဘာကြီး၏ ထောင့်တစ်နေရာရှိ ထိုင်ခုံတစ်လုံးပေါ်တွင်ထိုင်ပြီး ထင်ရာမြင်ရာ ဖြေဆိုထားခြင်းသာဖြစ်သည်)

Eduking said...

ကဗျာလေးကို အရမ်းကြိုက်တယ် အစ်မရေ..
အထူးသဖြင့် languageကစားထားပုံလေးကိုပါ

ခင်မင်လျက်..
edu

pandora said...

ထင်တာကတော့ ကဗျာရေးသူက ကဗျာရေးတယ်ထင်တာပဲနော
ပြီးတော့ ဘာသာစကားဆိုတာကလည်း ကိရိယာ တစ်ခုပဲထင်တာပဲ
ဟိ... ကဗျာရဲ့ အထက်မှာတော့ ကဗျာခေါင်းစဉ်ရှိမှာသေချာတယ်း)

လေးစားစွာဖြင့် ....
ကိုဂစ်တာ



----


အချိန်ပေးပြီး မှတ်ချက်ရေးသွားသူတွေ ဖြေကြည့်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ညီညီ ဟန်သစ်ငြိမ်တို့ရဲ့ အဖြေတွေကလည်း လန်ထွက်နေပါတယ်။ :D

ဆက်လက်သင်ယူဆဲပါ။

pandora said...

9 Jan 09, 11:50
ခေးရော့စ်: ကွန်မန့်ပေးမရလို့ ဆီပုံးမှာ ၀င်ရောက်နှောင့်ယှက်သွားကြောင်း
9 Jan 09, 11:50
ခေးရော့စ်: ရင်ဘတ်ထဲကရေးနေမိသလိုပါပဲ။ ဘာသာစကားကို စာစီကုံးဖို့ကြိုးစားတာ အထာမကျတဲ့ ကဗျာပဲထွက်လာတယ်။ မပန်ရဲ့ လို အထာလှလှကဗျာလေးဖစ်မလာဘူးပဲ။
9 Jan 09, 11:49
ခေးရော့စ်: နံပါတ်(၁)က သူ့အထက်မှာ ကဗျာကိုချစ်တဲ့ ကဗျာရေးတဲ့စိတ်..... (၂)က ကဗျာရေးသူက တစ်ခါတစ်လေ ဘာရေးလိုက်မှန်းမသိဘူး။ ဘာသာစကားမဟုတ်ဘဲ သီအိုရီပါသွားတတ်သေးတယ်တစ်ခါတစ်ခါ... ကဗျာက ဘာသာစကားက မြစ်ဖျားခံတာ မဟုတ်တော့


---

ခေးရော့စ်ရဲ့ မှတ်ချက်ကိုလည်း အမှတ်တရ ဒီမှာ သိမ်းထားလိုက်ပါတယ်။

Welcome said...

မွန်းကြပ်နေတဲ့စိတ်ကို
ဖြေဖျောက်ရန် အလို့ငှာ
ရင်ထဲကစကားလုံးတွေကို
ကဗျာအဖြစ် ရေးဖြစ်ခဲ့ပါတယ်
ဒါပေမယ့် စလုံးစခုတွေက များပါတယ်။
ကဗျာက ကဗျာပါပဲ

ဝင်းဇော်
http://winzaw-mdy.blogspot.com

ဖြိုးဝေတိုး said...

ကဗျာဆိုတာ
နှလုံးသားပေါ်ကစီးကျလာတဲ့
သွေးမျက်ရည်ကြည်ကို စာတင်ပန္နက်ထုတာပါ...