ဘာသာပြန်ကြည့်ဦးမလား။
ဘာသာပြန်ထားသည်များကို ဖော်ပြထားပါသည်။
“One Act Play”
Love or lust.
Perhaps a memorable start.
Enjoy your sweet moments.
Just be conscious.
We shall depart.
ပန်ဒိုရာ
-----------------------
“တခန်းရပ် ပြဇာတ်”
တဏှာနဲ့ အချစ်
ဘာပဲ ဖြစ်ဖြစ်လေ
ငါ.. မရုန်းမိ။
ဆုံးတိုင်ရင်တော့
ပြုံးနိုင်စေသား
ထားခဲ့ အသိ။
ပုံရိပ်
----------
“တစ်ခန်းရပ်”
အချစ်လား…ရမ္မက်လား
ဒါမှမဟုတ်… အောက်မေ့ဖွယ်တစ်ခုလား။
စခဲ့ပြီဆိုမှတော့
ဒီအချိန်တွေကို ပျော်ရွှင်ဖွယ်
ကုန်ဆုံးစေပေါ့။
တစ်ခုတော့ နှလုံးသွင်းထားပါ…
တို့တွေ.. တစ်နေ့ ခွဲခွာရဦးမှာ။
Andy Myint
----------
“မီးတပွင်”့
ချစ်ခြင်းမေတ္တာလား သွေးသားဆာလောင်မှုလား
ဘယ်အတွက်ကိုဦးတည်မလဲ
ကိုယ်သန်ရာနောက်ကို လိုက်ကြတာပေါ့။
အာရုံတွေများခဲ့လည်း
ငါတို့ နှုတ်ဆက်လမ်းခွဲရတော့မယ်။
နေမိုး ( DK )
----------
“လျှပ်ဇာတ်လေး”
အချစ်(သို့) ရမ္မက်
အမှတ်တရနဲ့ စချင်စ
ချိုမြတဲ့အချိန်တွေ ပျော်စို့
သတိတော့ချပ်
ခွဲခွာကြဖို့အတွက် ...
မိုးညို
----------
“တစ်ခန်းရပ်”
ချစြ်ခင်းလား…
ချဉ်ခြင်းလား…
အမှတ်တယဆိုတဲ့ ကန့် လန့် ကာအဖွင့်မှာ
တဒင်္ဂတွေကို မြိန်ယှက်စွာ စားသုံးခဲ့…
သိထားတဲ့ ကိုယ်စီရင်ထဲ
ငါတို့ …ခွဲ..ကြ..ရ…ဦး မယ်….
မောင်ရင်
----------
“တစ်ခန်းရပ်”
..........
အချစ် (သို့မဟုတ်) ရမ္မက်
ပျက်သုန်းခြင်းမဲ့ ခေါင်းစဉ်တွက်(လား) ၊
မြူးထူးပျော်ရွှင် ချိုမြိန်မှုနဲ့ ။
(သို့သော်)မြင်မိတယ် .. ဟိုးအဝေး
လမ်းခွဲနှစ်သွယ် ခပ်ရေးရေး ။
ဂျစ်တူး
----------
“ဘ၀ပြဇာတ်”
မေ့မရတဲ့ နိဒါန်း
ချိုမြိန်သော တဒင်္ဂတွေဟာ
အချစ်ကြောင့်လား တပ်မက်ခြင်းလား
(ဘာကြောင့် ပဲ ဖြစ်ဖြစ်)
ရင်ထဲမှာရှိတဲ့ အသိက
နောက်ဆုံးတော့ ခွဲခွါရဦးမှာ…
ပီတိ
----------
သိပါတယ်…ခွဲကြရမှာ ၊
(ဒါပေမယ့်)
ပျော်ခဲ့တယ်.….ချိုလွန်းလို့ ပါ ၊
အမှတ်တရလို့ ဆိုမလား….သတိရဖို့ ဆိုမလား ၊
(အဲဒီပြဇာတ်မှာ)
အချစ်ပါလား….ရမက်ပဲလား….။
လေးမ
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
3 weeks ago
12 comments:
ကဗျာရဲ့ အတိအကျ ဆိုလိုရင်း အတိုင်း မိချင်မှတော့ မိမှာပေါ့လေ။
တခန်းရပ် ပြဇာတ်
တဏှာနဲ့ အချစ်
ဘာပဲ ဖြစ်ဖြစ်လေ
ငါ.. မရုန်းမိ။
ဆုံးတိုင်ရင်တော့
ပြုံးနိုင်စေသား
ထားခဲ့ အသိ။
တစ်ခန်းရပ်
အချစ်လား…ရမ္မက်လား
ဒါမှမဟုတ်… အောက်မေ့ဖွယ်တစ်ခုလား။
စခဲ့ပြီဆိုမှတော့
ဒီအချိန်တွေကို ပျော်ရွှင်ဖွယ်
ကုန်ဆုံးစေပေါ့။
တစ်ခုတော့ နှလုံးသွင်းထားပါလေ….
တို့တွေ.. တစ်နေ့ ခွဲခွာရဦးမယ်။
------------------------------------
မလှောင်ကြေးဗျို့။ စမ်းကြည့်တာ။ အဟဲ။
တစ်ခန်းရပ်
အချစ်လား…ရမ္မက်လား
ဒါမှမဟုတ်… အောက်မေ့ဖွယ်တစ်ခုလား။
စခဲ့ပြီဆိုမှတော့
ဒီအချိန်တွေကို ပျော်ရွှင်ဖွယ်
ကုန်ဆုံးစေပေါ့။
တစ်ခုတော့ နှလုံးသွင်းထားပါ…
တို့တွေ.. တစ်နေ့ ခွဲခွာရဦးမှာ။
----------------------------------------------------------
နည်းနည်းပြင်လိုက်တယ်။ အဟဲ။
ကဲလာပြီဗျာ။ တခါမှ ဘာမှမထားခဲ့ဘူးလို့ ခြေရာတော့မဟုတ် လက်ရာတော့ ထားခဲ့ဦးမှ။ နောင်မှာ ကျောက်ဖြစ်ရုပ်ကြွင်းထဲ စာလုံးတွေ မပါလောက်ဘူးထင်ပါရဲ့။ ခေါင်းစဉ်ပေးရင် မီးတပွင့်လို့ပေးလိုက်မယ်ဗျာ။ ဘာသာပြန်တယ်ဆိုရာမှာ ခေါင်းစဉ်ကိုတော့ အဓိပါယ် ကိုက်ညီအောင် ကိုယ့်စိတ်ကူးရှိသလိုပေးခွင့်ရတယ်လို့ မှတ်သားမိဘူးရဲ့။ လာပြီဗျာ…
မီးတပွင့်
ချစ်ခြင်းမေတ္တာလား သွေးသားဆာလောင်မှုလား
ဘယ်အတွက်ကိုဦးတည်မလဲ
ကိုယ်သန်ရာနောက်ကို လိုက်ကြတာပေါ့။
အာရုံတွေများခဲ့လည်း
ငါတို့ နှုတ်ဆက်လမ်းခွဲရတော့မယ်။
ဘယ်လိုလဲ။ အဆင်မပြေလည်း ပြေသလိုပေါ့။
နေမိုး ( DK )
လျှပ်ဇာတ်လေး
အချစ်(သို့) ရမ္မက်
အမှတ်တရနဲ့ စချင်စ
ချိုမြတဲ့အချိန်တွေ ပျော်စို့
သတိတော့ချပ်
ခွဲခွာကြဖို့အတွက် ...
မပန် ...ကြိုးစားကြည့်သွားတယ်ဗျ ...
ကျေးဇူး ....
တစ်ခန်းရပ်
ချစြ်ခင်းလား…
ချဉ်ခြင်းလား…
အမှတ်တယဆိုတဲ့ ကန့် လန့် ကာအဖွင့်မှာ
တဒင်္ဂတွေကို မြိန်ယှက်စွာ စားသုံးခဲ့…
သိထားတဲ့ ကိုယ်စီရင်ထဲ
ငါတို့ …ခွဲ..ကြ..ရ…ဦး မယ်….
မောင်ရင်
တစ်ခန်းရပ်
..........
အချစ် (သို့မဟုတ်) ရမ္မက်
ပျက်သုန်းခြင်းမဲ့ ခေါင်းစဉ်တွက်(လား) ၊
မြူးထူးပျော်ရွှင် ချိုမြိန်မှုနဲ့ ။
(သို့သော်)မြင်မိတယ် .. ဟိုးအဝေး
လမ်းခွဲနှစ်သွယ် ခပ်ရေးရေး ။
ပန်ဒိုရာရေ ကျွန်တော့် ထုံးစံအတိုင်း ကဗျာမဟုတ် ဘာမဟုတ်ရေးထား တယ်။
ဘ၀ပြဇာတ်
မေ့မရတဲ့ နိဒါန်း
ချိုမြိန်သော တဒင်္ဂတွေဟာ
အချစ်ကြောင့်လား တပ်မက်ခြင်းလား
(ဘာကြောင့် ပဲ ဖြစ်ဖြစ်)
ရင်ထဲမှာရှိတဲ့ အသိက
နောက်ဆုံးတော့ ခွဲခွါရဦးမှာ…
အခုလို ဘာသာပြန်ကြတာတွေ တွေ့တော့ အနည်းဆုံး အကြောင်းရင်း ၃ မျိုးလောက်နဲ့ ၀မ်းသာရတယ်။
၁) ပန်ဒိုရာ ရေးထားတာလေး အရေးလုပ်ပြီး ဘာသာပြန်ကြည့်ကြလို့
၂) ဘလော့ဂါ မောင်နှမတွေကြား ချစ်ခင်ရင်းနှီးမှုကို ခံစားရလို့
၃) လက်ရာတွေက တမျိုးစီ ကောင်းမွန်ပြီး ခေသူမဟုတ်တွေချည်းပဲဆိုတော့ အရည်အချင်းတွေကို ချီးကျုးစွာနဲ့ ပျော်ရွှင်ဝမ်းသာမိတာ.
ဘာသာပြန်သူ ပုံရိပ်၊ ကိုအန်ဒီ၊ မိုးညို၊ ကိုမောင်ရင်၊ နေမိုး (ရှားပါးလက်ရာ)၊ ဂျစ်၊ ပီတိ တို့နဲ့ လာဖတ်ကြသူ အားလုံးကို ကျေးဇူးတင်လျှက်..
သိပါတယ်…ခွဲကြရမှာ ၊
(ဒါပေမယ့်)
ပျော်ခဲ့တယ်.….ချိုလွန်းလို့ ပါ ၊
အမှတ်တရလို့ ဆိုမလား….သတိရဖို့ ဆိုမလား ၊
(အဲဒီပြဇာတ်မှာ)
အချစ်ပါလား….ရမက်ပဲလား….။
P.s. အစ်မရေ…ပြောင်းပြန်ရေးကြည့်လိုက်တာ….ကဗျာတော့မရေးတတ်ဘူး…အစ်မရဲ့ reply message လေးကိုသဘောကျလို့  ကြိုးစားရေးကြည့်တာ…လာလည်တဲ့သူတွေကို အလုပ်ပေးလိုက်တဲ့idea လေးက so good….
အနော်သာ ပြန်လိုက်ရင်တော့ သေချာပြီ မူရင်းပါ ပျက်တော့မယ် ဟတ်ဟတ် သနားလို့ မရေးပေးတော့ဘူး။ ညှာလိုက်တော့မယ်.
အချစ်လို့ပဲပြောပြော
ရမ္မက်လို့ပဲဆိုဆို
ဇာတ်ဆရာအလိုကျ
ခွဲခွာခြင်းအဆုံးသတ်တဲ့
ဒီပြဇာတ်မှာ ...
ပျော်စရာတဒင်္ဂကိုတော့
ပျော်ပျော်ပဲကရအောင်..
Post a Comment