ဘယ်လိုမှတော့ စိတ်မရှိကြပါနဲ့။ ဆားချက်တယ်လို့လည်း သဘောမထားကြပါနဲ့။ ပို့စ်အဟောင်းလေး တစ်ခုကို ပြန်ညွှန်းပါရစေ။ ပြန်ညွှန်းလိုတဲ့ အကြောင်းကတော့ သည်လိုပါ။ ဒီမနက်ပဲ အီးမေးလ်တစ်ခု ၀င်လာပါတယ်။ အရေးကြီးတဲ့ သတင်းပါ။ ဘလော့ဂ်တစ်ခုကိုလည်း ကြော်ငြာထားတာပါ။ သတင်းသိရလို့ ကျေးဇူးတင်လိုသော်လည်း အနှောင့်အယှက်ကလေး ဖြစ်ရတာကတော့ ပို့တဲ့အီးမေးလ်က ကိုယ်မသိတဲ့သူ ဖြစ်နေတာရယ် အပို့ခံရတဲ့ အီးမေးလ် လိပ်စာ စာရင်းထဲမှာ ကိုယ်မသိသော နာမည်ပေါင်းများစွာ (တစ်ရာလောက် အနည်းဆုံးရှိမယ်ထင်တာပဲ) ကို တပြုံလုံး မြင်နေရတာရယ် ကြောင့်ပါ။
Mass email မပို့ရလို့ မဆိုလိုပါ။ သင့်တော်တဲ့ နည်းနဲ့ပို့လို့လျှင် အားလုံး အဆင်ပြေနိုင်ပါတယ်။ အရေးကြီးတဲ့ အကြောင်းအရာတွေ ပို့လိုလျှင် ကိုယ်လုပ်ပုံကိုင်ပုံ အီးမေးလ်ပို့ပုံပို့နည်း မဟုတ်တာကြောင့် လူတွေစိတ်ညစ်ကာ အကြောင်းအရာကို ပေါ့တန်မသွားစေလိုပါ။
အခုအချိန်မှာ အီးမေးလ် ဆားဗစ်ပရိုဗိုက်တာ တွေကလည်း နည်းပညာတွေ ပိုကောင်းလာတဲ့အတွက် အီးမေးလ် တခုပို့လိုက်ရင် ဘယ်အိုင်ပီလိပ်စာက ဆိုတာ သိနိုင်ဖို့ မခက်ခဲပါဘူး။
စီးပွားရေး (commercial) နဲ့ ပတ်သက်တာဆိုရင်တော့ သည်လို ပို့ပုံဟာ ဥပဒေနဲ့လည်း ငြိစွန်းနိုင်ပါတယ်။ စင်္ကာပူမှာတော့ Anti-Spam Law ဆိုတာ ရှိပါတယ်။ ၂၀၀၇ ကမှ ထုတ်ပြန်ထားတာပါ။ စင်္ကာပူ အင်တာနက်က ပို့တဲ့လူဆိုရင် အကျုံးဝင်ပါတယ်။ ပိုသိချင်ရင် စင်္ကာပူ Spam Control Bill ကို ဒီမှာ ဖတ်ပါ။ တခြားနိုင်ငံတွေမှာလည်း အလားတူ ဥပဒေ ရှိကောင်းရှိပါလိမ့်မယ်။
ဒီအချိန်ကနေ ရှေ့လျှောက်ပြီး အရေးကြီး အီးမေးလ်တွေကို လူအများအပြားကို ပို့စရာတွေ ပေါ်လာဦးမှာပါ။ စာဖတ်သူများထဲက တိုက်ဆိုင်ခဲ့သော် နည်းနည်း စဉ်းစားနိုင်ဖို့ပါ။ အချိန်ရခဲ့လျှင် ပို့စ်ဟောင်းလေးကို အောက်မှာ ပြန်ဖတ်ကြည့်လိုက်ပါဦး။
-------------
Sep 21, 2007
လူအများအပြားကို အီးမေးလ် ပို့ခြင်းနှင့် ပတ်သက်၍
ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်
-
Colourful bean salad and paprika grilled chickenယနေ့ည ဒင်နာရဲ့ theme ကတော့
colorful healthy food ဖြစ်ပါတယ်။ထမင်းလို အာလူးလို ကာဗိုဟိုက်ဒြိတ်
လုံးဝမပါပဲနဲ့...
2 days ago





2 comments:
မှန်တယ် အစ်မ ရေ ...
မနည်း မနော ပဲ :P
ကျေးဇူးပါအမရေ.. မနေ့ကအမပို့စ်လေးကိုဖတ်ပြီးတော့ forward မေးလ်တွေအရမ်းပို့တဲ့သူငယ်ချင်းဆီကို အမပို့စ်လေးကို copy ကူးပြီးပို့လိုက်တာ.. ညကျတော့သူ့ဆီက forward မေးလ် တစ်စောင်ရောက်လာတယ်.. ဒါပေမယ့် Bcc ကိုသုံးထားတယ်..ကောင်းလိုက်တာ..ဟီး.. အမကိုလဲကျေးဇူးတင်ပါတယ်..နော် ...။။ (နိုဝင်ဘာ)
Post a Comment