ကမ္ဘာကြီး နှာစေး နေသည်။
သေသောသူ ကြာရင်မေ့သတဲ့
ပျောက်သောသူလည်း ကြာရင်မေ့တာပါပဲ
ဝင်ရိုးစွန်းနှစ်ဘက်က
ညှပ်ပူးညှပ်ပိတ် တိုက်တဲ့လေ
အိမ်နားပါးနီးက
ကြမ်းကြား ထရံကြား တိုးတဲ့လေ
အကျိုးစီးပွားအတွက်
အားမှယားမှ ပွားတဲ့လေ
ဟတ်ချိုးချေရင်း အအေးမိတာ မဆန်းဘူး
ဖုန်နံ့ ယမ်းနံ့ ကပ်ဘေးနံ့ သွေးညှီနံ့ အနှစ်နှစ်ဆယ်နံ့
ဘာအနံ့မှ မရတော့တာလည်း မဆန်းဘူး
မည်သို့ပင်ဖြစ်စေကာမူ
ကျွန်ုပ်လည်း ၀မ်းနည်းပက်လက်
အလွန်အမင်း စိုးရိမ်မကင်းဖြစ်မိပါကြောင်း
စာကလေးတပုဒ် ကပျာကယာရေးထုတ်ကာ
ဗိုက်တာမင်စီ တွင်တွင်သောက် အချဉ်ပေါက်သွားခဲ့လေသည်။
ပန်ဒိုရာ
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
3 weeks ago
9 comments:
ကဗျာလေးက ကောင်းလိုက်တာ..
သူတို့ နှာစေးလို့ တို့လဲ အချဉ်ပေါက်နေတာ ကြာပြီ။ ဒါပေမဲ့ ဘယ်သူမပြု မိမိမှု တဲ့..ညီမရေ။
ယုန်ကလေးနှာစေးနေသည် ပုံပြင်က အဘယ်သူများ
အစပြုခဲ့သည် မသိ
နှာစေးသူတွေ များလှပါလား အရီးပန်ရေ :)
မောင်ညိမ်းတစ်ယောက်ရောပေါ့ :P
Let the world have the stuffy nose!
We have our own nose to breath the fresh air.
“သေသောသူ ကြာရင်မေ့သတဲ့
ပျောက်သောသူလည်း ကြာရင်မေ့တာပါပဲ” ဆိုတာနဲ့ ပတ်သက်လို့…….
ကြီးမြတ်သောသူတွေကို လူတွေဟာ အချိန်ကာလတွေ ဘယ်လိုကြာညောင်းလဲ သူတို့ရဲ့ ကြီးမြတ်သောလုပ်ရပ်တွေကို သမိုင်းနဲ့ တွဲပြီး မှတ်မိနေကြပါတယ်။ ဗုဒ္ဓတို့ အောင်ဆန်းတို့ကို လူတွေ ဘယ်တော့မှ မမေ့ကြပါဘူး။
အဲ မကောင်းတဲ့လူတွေကိုတောင်မှ သူတို့ရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေနဲ့ တွဲဖက်ပြီး မှတ်မိနေတတ်ကြတာမျိုး။ ဥပမာ…. ဟစ်တလာ။
စိတ်ထဲက ရွံ့ကြောက်နေသူတွေအဖို့ အသက်မသေသော်လည်း ဘ၀မှာ အကြိမ်ကြိမ်သေခဲ့ရ။ နှာစေးနေတဲ့အတွက် ဂန္ဓာရုံကို မခံစားနိုင်သလို ဘ၀မှ ရှင်သန်မှုရဲ့အဓိပ္ပါယ်ဟာ ကွယ်ပျောက်နေတတ်ပါတယ်။
ဆရာမောင်စွမ်းရည်ရဲ့ အိုဖုန်းမော် ကဗျာလေးထဲက နောက်ဆုံးအပိုဒ်ကလေးကို စကားလက်ဆောင် ထုတ်နှုတ်ပေးလိုက်ပါတယ်။
“ဒါပေမယ့်…
ဒါပေမယ့် ရဲဘော်တို့
ဒင်းတို့သတ်လည်း သတ်လို့မသေ၊
ဖုန်းမော်တွေ
စိန်ပန်းမြေမှာ စိန်တံတိုင်းမှာ
စိန်သမိုင်း ဖြစ်လို့နေပါပြီ။
အောင်ဆန်းလည်း ကမ္ဘာမသေ
အောင်ကျော်လည်း ကမ္ဘာမကြေ
ခွပ်ဒေါင်းရဲဘော် ဖုန်းမော်လည်းမသေ
ပြည်သူတွေရဲ့ ရင်ခွင်ကြားက
သမိုင်းဖြစ်လူသားကို
ဓါးနဲ့ထိုး ဓါးကျိုးလို့ လှံခွေ
သေနတ်တွေ ယမ်းမကူး၊ တပ်ဦးက ဇာနည်ထုံးနဲ့
ဖုန်းမော်တို့မသေ၊
ဖုန်းမော်တွေ၊ ဖုန်းမော်တွေ
ဖုန်းမော်တွေ၊ ဆယ်ဆတိုးပြီး
ဘိုးဘိုးအောင် ၀လုံးလို
ဖုန်းမော်တွေ အထောင်အသောင်းနဲ့
ဒို့ကျောင်းသား ပြည်သူအပေါင်းတို့
ဒို့နိုင်ငံ လွတ်စေကြောင်းနဲ့
လူ့အခွင့်အရေး ပေးဟေ့ပေး….
ဒီမိုကရေစီ အခွင့်အရေး ပေးဟေ့ပေး….
ပေးဟေ့ပေး၊ ပေးဟေ့ပေး လို့ တောင်းကြ
သွေးစည်းမယ် မဖည်မစောင်းစေနဲ့
ဟေ့…. ခွပ်ဒေါင်းသံလွှင့်
ခွပ်ဒေါင်းအလံမြှင့်။”
အကျိုးစီးပွားအတွက်
အားမှယားမှ ပွားတဲ့လေ
မှန်လိုက်လေဗျာ ကျနော်လည်း နှားစီးနေလျှက်နဲ့  ၀င်ပွားသွားတယ်း)
ဘယ်တော့မှ မမေ့ဘူးလေ…
ဗီတာမင် ဆီတွေသောက်လဲ အချဉ်ပေါက်မှာပေါ့
သူသောက်သုံးတဲ့ ဆေးဝါးတွေမှာ PEACE ဆိုတဲ့ ဓါတ်တစ်မျိုးချို့တဲ့ နေလို့ပါ။
အစ်မရေ
ကမ္ဘာကြီးကတော့နှာစေးနေတယ်
ကျွန်တော်တို့ဆီမှာ ကဏန်းကညှပ်ပါများတော့
မိအေးလည်း အသံမထွက်နိုင်ဖြစ်နေပြီး
လာဖတ်ပြီး မှတ်ချက်ရေးသွားသူများ အားလုံးကျေးဇူးပါ။ အခုမှ ပြန်ရေးနိုင်တယ်။ ကိုပေါရေ စိတ်အားတက်ကြွစရာ ကဗျာအတွက် ကျေးဇူးပါ။
Post a Comment