Thursday, August 27, 2009

မီးပုံလေး


မီးပုံလေး

တလျှံလျှံတငြီးငြီး တက်ကြွတောက်လောင်ခဲ့တယ်
ဖြတ်သွားတုန်းက ပြာမှုန်တွေတောင် လွင့်စင်လိုက်သေးတယ်
ချုပ်ငြိမ်းသွားချိန်အထိတော့ စောင့်မကြည့်နိုင်ခဲ့ဘူး။

ပန်ဒိုရာ


ဒါကတော့ အင်္ဂလိပ်မှုပြုကြည့်တာပါ။

Campfire

Blazing with flashy flames
Broken ashes flying as I passed by ....
Just couldn’t observe it until it ceased.

Pandora

22 comments:

ကိုလူထွေး said...

ရေတပုံးလာပေးပါတယ်...
သဲအိပ်တွေလဲ ပါပါတယ်...
နွေရာသီရောက်လာပြီမဟုတ်လား...းP

းဝ)

အိုင်လွယ်ပန် said...

ချုပ်ငြိမ်းသွားတဲ့ အထိ ......
................................
ကဗျာလေး လှတယ်ဗျာ ...

ကိုရင်နော်ခင်လေးငယ် said...

ကဗျာတိုလေးက အဓိပ္ပါယ်တွေ များပြားပြည့်ဝလို့...

ချစ်ခင်စွာဖြင့်..

kohan said...

အမ စိတ်မဆိုးနဲ့ နော် မီးပုံးကကြက်ဆူသီးနဲ့တူနေသလိုပဲ အင်္ဂလိပ်မှုပြုထားတာတော့ကောင်းတယ်အမရေ

yangonthar said...

အစ်မပန် ကဗျာလေးလာဖတ်ပါတယ်
စိတ်ဝင်စားစရာကောင်းတယ်ဗျ တွေးပြီး
ပြန်သွားတယ်
အေးမြသာယာပါစေ
မောင်ငယ်ရန်ကုန် :D

မေဓာဝီ said...

ဒီနေ့ရာသီဥတုက အေးနေလို့ မီးပုံလေးနံဘေးကို ခဏလာပြီး မီးလှုံသွားတယ်။
လွင့်နေတဲ့ပြာမှုန်လေးတွေကိုတောင် ငေးကြည့်မိသေး ...

လင်းဒီပ said...

ဘဝဆိုတာကလည်း ကိုယ့်မီးပုံလေးကို သူများမီးပုံလေးက တစ်ခါတစ်လေ ငေးကြည့်ခြင်းပါပဲ...။

အိန္ဒြာ said...

ပန်ဒိုရာရေ..

လာပူသွားပါတယ်...

ခရေညို said...

စာလာဖတ်သွားပါတယ်

MANORHARY said...

နည်းနည်းဝေးသူအတွက်ကတော့
ခပ်အေးအေး
နည်းနည်းနီးသူအတွက်ကတော့
ခပ်နွေးနွေး
ကိုယ်တိုင်တောက်လောင်ရသူအတွက်ကတော့
..................
(ကလေးမရယ် မီးဘေးရှောင် မလောင်ခင်တားတဲ့)း)

blueskyforest said...

ပန်ဒိုရာက ဟိုက္ကူတွေစမ်းနေတာလား။ အားပေးပါတယ်။ ဟိုက္ကူလေးတွေက တကယ်ချစ်ဖို့ကောင်းတာပါ။
ပျင်းစရာကောင်းတဲ့ ကျွန်တော့်ဘလော့ဂ်ကို လာလည်တာ ၀မ်းသာပါဒယ်။ ကျန်းမာပါစေ။

Anonymous said...

campfire နံဘေး အပျော်ထူးခဲ့..
ကြည်နူးချမ်းမြေ့နွေးထွေးခဲ့..
တလျှံငြီးငြီးသူ့ဒလက်တွေက
ခိုလှုံသူဆီကူးစက်ထွေးပွေ့ခဲ့..
သူဝမ်းနည်းတာတစ်ခု..
မချုပ်မငြိမ်းခင်မှာပဲ
conversation တချို့အကြား...
romance တချို့အကြား...
delighted enjoyment တချို့အကြား...
သူ အစွန့်ပစ်ခံလိုက်ရတယ်။ ။

Craton

emayarKhin said...

မရေ...တိုတိုကောင်းကောင်း
လေးနော်....

Rita said...

မီးလှုံရင်း ထန်းမြစ်ဖုတ်စားချင်လိုက်တာ

kay said...

ညီမလေး ကလည်း..မမကြီးလို ပုံလေးတွေ ဆွဲလို့..
ပျော်စရာကြီး..

တန်ခူး said...

ပန်ရေ… မီးပုံးလေးနဲ့ ဘ၀တွေ…
ကဗျာလေးက ပြည့်စုံတယ်…

သစ်နက်ဆူး said...

ပန်ဒို
ကဗျာလာဖတ်ပါတယ်..
ပန်ဒိုတော်တယ်။။
ကျနော်အဲလိုကဗျာလေးတွေဆို သိပ်နှစ်သက်တယ်..။
တိုတိုဖြတ်ဖြတ်နဲ့ ရင်ကိုထိတဲ့ ကဗျာ။

Angel Shaper said...

တော်လိုက်တာ မပန်ရေ...
ကိုလူထွေးပြောသလို ရေတပုံးပဲ သယ်ချလာရမလား။ သဲအိတ်ပဲ ပို့ပေးရမလား။ စဉ်းစားလို့ မရဘူး။
လိုတိုရှင်း ကဗျာလေး ဖတ်ပြီး ပြန်သွားပြီ။ ပျော်ရွှင်ပါစေနော်။

မောင်ဖားကြီး said...

ချုပ်ငြိမ်းသွားတဲ့အထိလည်း စောင့်မကြည့်ချင်ပါဘူး ... တစ်ချိန်တုန်းက မီးပုံလေး တောင်လောင်ခဲ့တာကို သိရရင်ပဲ ကျေနပ်ပါတယ်လေ

သက်ဝေ said...

ဖြစ်နိုင်ရင် မီးပုံလေး ပြာမှုန်လေးတွေ တလွင့်လွင့်နဲ့ ကိုယ့်မျက်စေ့ရှေ့မှာ ချုပ်ငြိမ်း ငြိမ်သက်သွားသည် အထိ စောင့်ကြည့်ချင်တယ်...
တိတ်တိတ်လေးပေါ့...
(ညီမလေးကို ပြောလိုက်ပါ... နောက်ကျရင် ကိုယ့်အတွက်လဲ ပုံဆွဲပေးပါလို့...)

Hmoo said...

Don't waste time ...bring water :)

အိမ့်ချမ်းမြေ့ said...

ဒီကဗျာလေးက စိတ်ထဲမှာ အရမ်းစွဲနေတယ်။
မီးတောက်ရဲ့အသံလေးတွေတောင် နားထဲမှာ...