I don't have a past
I just get a chance to come
Enjoy the stars, the sky
Happy times where the dark lies
When it starts breaking the night
All are then waiting for the light
Looking at the sunrise, just realize
I don't have a past
I just got a chance.
Natt Soe
....................
ငါ့မှာ အတိတ်မရှိပါ
ရောက်လာဖို့အခွင့်အရေးတစ်ခုသာ ရခဲ့တာပါ
ကောင်းကင်ရယ် ကြယ်တွေရယ်ကို ခံစားကြည်နူးတယ်
အမှောင်ရိပ်သန်းခိုက် ပျော်ရွှင်ချိန်တွေလေ
ညကိုချဉ်းဖောက် ရောက်လာတဲ့အခါ
အားလုံးက အလင်းရောင်ကိုစောင့်မျှော်နေကြတယ်
နေထွက်တာကိုကြည့်ရင်း ငါသိမြင်လာခဲ့တာ
ငါ့မှာ အတိတ်မရှိပါ
အခွင့်အရေးတစ်ခုသာ ရခဲ့တာပါ။
နတ်ဆိုး ရေးချင်သလို ရေးပြီး
ပန်ဒိုရာ ဘာသာပြန်ချင်သလို ပြန်သည်။
ခွင့်မတောင်းဘဲ ဘလော့ဂ်မှာ ယူတင်လိုက်သည်။
Mushroom chicken creamy pasta
                      -
                    
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300 
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) - 
200 gmBlack...
5 days ago





16 comments:
ခံစားချင်သလို ခံစားလိုက်ပြီး
နားလည်ချင်သလို နားလည်သွားတယ်...
အနာဂါတ်ဆိုတာ အခုကိုယ်လုပ်နေတဲ့အပေါ်မူတည်ပြီးဖြစ်လာတာဘဲ
ပြောချင်ရာပြောသွားသည်။
အပေါ်ကလူတွေဦးပြီး ပြောသွားကြပြီ။ ဟွင်းးးးးး
ဘာပြောရမလဲ မသိဘူးတော့။
နတ်ဆိုး ရေးချင်သလိုရေး၍ ပန်ဒိုရာ ပြန်ချင်သလိုပြန်သော I Don't Have A Past ( ငါ့မှာ အတိတ်အရှိဘူး ) အား ကျွန်ုပ် ခံစားချင်သလို ခံစားပြီး၊ နားလည်ချင်သလိုနားလည်ကာ၊ တွေးချင်သလိုလေး တွေးသွားသည်။ အဲ........ပြောချင်သလိုလဲ ပြောခဲ့သေးသည်။
ပျော်ရွှင်ပါစေနော်။
အတိတ်ကိုကျောခိုင်း
အနာဂတ်ဆီဦးတည်ပြီး
ပစ္စုပ္ပန်ခရီးလမ်းကို လျှောက်နေကြတာ ... ။
တွေးချင်သလိုတွေးပြီး
ငေးချင်သလိုငေးသွားပါတယ်
လုပ်ချင်ရာသာလုပ်သွာကြပါတော့..
အတိတ်မရှိဘူးဆိုတော့
အတိတ်မေ့ပြီး
အတိတ်မဲ့သွားတာလည်းဖြစ်နိုင်တယ်နော်
ဘုရားရေ။။
ဒါဆိုခင်ဗျားက........
အတိတ်ဆိုတာ ... ပစ္စုပ္ပန်အတွက် လမ်းစပျိုးပေးတယ် ... အနာဂတ်အတွက် တစုံတရာဆီကို ခေါ်ဆောင်ပေးတယ် ...
အတိတ်ဆိုတာ ... ကျော်ဖြတ်ပြီးရင်လည်း ကိုင်တွယ်တတ်ဖို့ အရေးကြီးတယ် ။
(ညီမ)
ပြီးခဲ့တာတွေကိုအတိတ်လို့မသတ်မှတ်ဘူးပေါ့....
ကိုအောင်သာငယ် ပြောသလိုပဲး)
တကယ်တော့ အတိတ်ဆိုတာ
လူတိုင်းမှာ ရှိနေတယ်...။
ဒါပေမယ့်လဲ လူဆိုတာမျိုးက
ကိုယ်လိုချင်တဲ့ အတိတ်ကိုသာ သတိတရနဲ့ တမ်းတတတ်ပြီး ကိုယ်မလိုချင်တဲ့ အစိတ်အပိုင်းတွေကိုတော့ ချန်လှပ်ထားတတ်ကြတာမျိုးပဲ...။
တွေးချင်သလိုတွေးပြီး
ရေးချင်သလိုရေးသွားသည်။
ထင်ချင်သလိုသာ ထင်ပါလေတော့...။
အတိတ်မရှိတာဟာ အတိတ်မှာ အကြွေးပေးစရာရှိလို့
လား ...ဟုတ်မယ်မထင်ပါဘူး ... နောက်တာနော်။
ကံထူးလေစွ
ကံထူးလေစွ
အတိတ်မရှိသူများ
(ထီထိုးရင်လည်းအချိန်မကုန်တော့ဘူး) :P
အတိတ်ပေးစရာမလိုလို့ ....
ပထမဆုံးအကြိမ်ရောက်ရှိပါ၏
ဘာသာပြန်တာကောင်းတယ်ဗျာ
စီးချက်ဝါးချက်က ကိုက်နေတာပဲ
ငါ့မှာအတိတ်မရှိဘူး..
ငါ့မှာအတိတ်မရှိဘူး..
ဒါပေမယ့် ...
ကျောင်းသားဘဝက
တောင်မယေးကို တတိရတယ်.. ဟီးဟီး..းP
ခင်မင်စွာဖြင့်
စည်သူ။
အတိတ်က တရုတ်ပြည် ပြန်သွားလို့ ဖြစ်ရမယ်။ :D
စတာနော်။ ကဗျာကို ကဖျက်ကယက်လုပ်တယ် မထင်ပါနဲ့။
ရွေးပြီး သိမ်းထားတဲ့ အတိတ်တွေပဲ ရှိတယ်လို့ ပြောချင်ပါတယ်။
Post a Comment