ကောင်းကင်ခေါ်သံ
ပျံသန်းခွင့် ဆိုတာ ပြောခွင့်မရတဲ့စကားလုံး
အတောင်ပံ ဆိုတာ ဖြတ်ညှပ်ခံထားရတဲ့အရာတစ်ခု
နှုတ်သီးတွေဟာ တေးဆိုဖို့မဟုတ်
အစာစားဖို့ လည်း သွေးစက်တွေနဲ့ နာကျင်ကိုက်ခဲ
လမ်းလျှောက်မယ့် ခြေချောင်းတွေမှာ နှောင်ကြိုးတန်းလန်းနဲ့
ငှက်ခတ်သမားရေ...
သင်ငြိမ်းချမ်းပါစေ လို့တောင် မပြောရတော့ပါလား
မေတ္တာ ဆိုတာ တားမြစ်ထားတဲ့ ဝေါဟာရဖြစ်သွားတယ်
အခုတော့ ...
ယုံကြည်မှုနဲ့ ရစ်ပတ်သထက်ပတ်
နှလုံးသွေးတွေ အထပ်ထပ် ရွာသွန်းကျတဲ့အခါ
ကောင်းကင်ဆိုတာကို လှမ်းမြင်နေရတာပဲ
ကဲ .. စိတ်ဝိညာဉ်ရဲ့အားကို သင်ဘာနဲ့တားမှာလဲ ။
ပန်ဒိုရာ
Nasi Lemak Sambal (မလေး ငပိချက်)
-
မနေ့က အိမ်မှာ မလေးရှား အုန်းထမင်း (Nasi Lemak) ချက်မှာမှို့ သူနဲ့
တွဲဖက်စားမည့် sambal (မလေး ငပိချက်) ကို အရင်ချက်ထားပါတယ်။ပထမဆုံး
ငရုပ်သီးတောင့် ၁၅ တောင့...
4 hours ago





3 comments:
ဒီကဗျာကို ဖတ်ပြီးတော့ တခုခုကို စိတ်နာနေသလို ခံစားရတယ်။ ဟုတ်တယ်။ စိတ်နာနေတယ်။ နင့်နင့်သီးသီးကို စိတ်ထဲက နာနေတယ်။
ဒဏ်ရာအထပ်ထပ်သွေးစက်လက်နဲ့တုံ့ပြန်ချက်တွေဟာ မုန်တိုင်းဖြစ်လာစရာ အကြောင်းများစွာနဲ့ခိုင်လုံပါတယ်လေ။
ကိုစေးထူးနဲ့ နွေလှိုင်သုဉ်း မှတ်ချက်အတွက်ကျေးဇူးပါ
Post a Comment