ဖရန်စစ္စကို ဂိုယ (Francisco Goya - ၁၇၄၆-၁၈၂၈) ဆိုတာ စပိန်က ပန်းချီဆရာ။ ဘ၀ရဲ့ နောက်ဆုံးချိန်ပိုင်း ကာလများမှာ Black Paintings ဆိုတဲ့ နက်မှောင်မှောင် ချောက်ချားဖွယ် ပန်းချီတွေ အတော်များများ ဆွဲခဲ့တယ်။ အဲဒီအထဲက ထင်ရှားတာက The Great He-Goat or Witches' Sabbath (El aquelarre ) ဆိတ်သိုးကြီး ဒါမှမဟုတ် မကောင်းဆိုးဝါး စုန်းကဝေ ညီလာခံ (အဲဒီလိုပဲ ဘာသာပြန်လိုက်တော့မယ်) ဆိုတဲ့ ဒီကားပါတယ်။

ပုံက ချောက်ချားစရာ အရောင်တွေနဲ့ မှိုင်းမှုန်ရီဝေ မှောင်လို့။ စုန်းတစ္ဆေအမှုး ဆိတ်သိုးကြီးရဲ့ ရှေ့မှာ စုဝေးနေရတဲ့ လူတွေ (စုန်းကဝေတွေ) အားလုံး ကြောက်ရွံ့တုန်လှုပ်နေကြတာကို အတိုင်းသား မြင်ရမယ်။ ဆိတ်သိုးကြီးကိုတော့ ပန်းချီဆရာက အရိပ်မည်းမည်းကြီးသဖွယ် အားလုံးနက်အောင် ခြယ်ထားတယ်။ ခေါင်းတောင် နာလံမထူနိုင်တဲ့ လူအုပ်ထဲမှာ ညာဖက်စွန်းက သီးသန့်ဆန်ဆန်ထိုင်နေတဲ့ အနက်ရောင်ဝတ် မိန်းကလေးတစ်ယောက်ပဲ မကြောက်တန်း စိုက်ကြည့်နေလေရဲ့။
တကယ်ကတော့ ဆေတန်က သူ့သားကို သူပြန်စားနေတဲ့ ပန်းချီကား (Saturn Devouring His Son.) က ပိုနာမည်ကြီးခဲ့တာပါ။ ရောမ ဆေတန်နတ် က သူ့ကလေးကို သူပြန်စားနေပုံကို ကြောက်စရာ သရုပ်ဖော်ထားတယ်။ အနက်ရောင်နောက်ခံမှာ ဆေတန်ရဲ့ ခြေလက်တွေနဲ့ ခေါင်းကြီးကပဲ ထင်းထင်းကြီးထွက်နေတယ်။ မျက်လုံးကြီးတွေလည်း ပြူးလို့ ရူးသွပ်နေတဲ့ မျက်နှာပေးနဲ့။ သူ့လက်ချောင်းတွေက သူ့သားရဲ့ ကျောကို ကုတ်ခြစ် ဖောက်ထွင်းထားတယ်။ သူ့သားရဲ့ ခေါင်းနှဲ့ဗယ်လက်ကိုတော့ ကိုက်ဖြတ်ဝါးမျိုပြီးခဲ့ပြီ။ လှုပ်ရှားမှုမဲ့စွာ တွဲလောင်းကျနေတဲ့ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းက သွေးဆုတ် ဖြူရော်နေတာကို စွန်းပေနေတဲ့ သွေးရဲရဲနဲ့ contrast လုပ်ထားတယ်။ အဲဒီပုံကို ကြည့်ချင်ရင်တော့ ဒီမှာ ပဲ ကြွက်ခေါက်ပြီး ကြည့်ပါတော့။
နောက်ထပ် အဲဒီလို ပန်းချီတွေ သူတော်တော်ဆွဲခဲ့တယ်။ အနုပညာဆိုတာကတော့ ခေတ်အဆက်ဆက်ကို ထင်ဟပ်ခဲ့တာပဲ။ ပန်းချီဆရာ ဘာတွေပြောချင်ခဲ့သလဲ။
source: Wiki အပါအ၀င် အင်တာနက်မှ ရယူ၏။
link to Goya page https://www.artsy.net/artist/francisco-de-goya
တရုတ် စတိုင် ဝက်သုံးထပ်သားပေါင်း (Braised pork belly)
-
ဒီနေ့ ဒင်ဒင်ကတော့ တရုတ်ဆိုင်တွေမှာ စျေးကြီးပေးဝယ်စားရတဲ့ Braised Pork
Belly ဝက်သုံးထပ်သား ပေါင်းပေါ့။အလွန်အင်မတန်မှ စားကောင်းလို့ ဘော်ဘော်တွေ
လုပ်စားရအောင...
1 week ago





3 comments:
စုန်းကဝေညီလာခံ ထောက်ခံပွဲတွေက မတက်မနေရတဲ့။ စုန်းတွေက လှေကား ခုနှစ်ထစ်ကို တက်ဖို့ အရေး တစ်ထစ်တြက်ဖို့တောင် နှစ်ပေါင်းများစွာ ကြာသတဲ့။ မယုံရင် ပုံပြင်မှတ်။
ပန်းချီကားများ အားလာရောက်အားပေးပါသည်။ ကြိုက်ပါတယ်ဗျာ ဒီလို ဖွင့်ဆိုချက်လေးတွေပါတာ
ညီညီရေ မယုံချင်လည်း ပုံပြင်မဟုတ်တော့ ခက်ကြတာပေါ့နော်.
မောင်ဂေါက်ရေ အားပေးတာကျေးဇူးပါ.
Post a Comment