Monday, November 3, 2008

ယခုမျှဝေ၊ အနာဂတ်ကို ပုံဖော်လေ

Last updated: May 11, 2007, 4:52PM

ယခုမျှဝေ၊ အနာဂတ်ကို ပုံဖော်လေ
by Pu-htu-zin

ဒီ Creative Commons (CC) ကပေးတဲ့ လိုင်စင်တွေအကြောင်း ဆက်ရေးဖို့ ကျန်ပါသေးတယ်၊ ဒါပေမယ့် ဘာသာပြန်တဲ့ဘက်ကို မလှည့်နိုင်သေးတာကြောင့် လောလောဆယ်အနေနဲ့ Creative Commons website က video clip လေးနှစ်ခုကို ဒီနေရာမှာ ပြန်လည်ဖောက်သည် ချလိုက်ပါတယ်။ သူတို့လိုင်စင်တွေ အကြောင်း သရုပ်ပြထားတာပါ၊ အင်္ဂလိပ်လိုပြောထားတာတဲ့ နောက်ခံအသံကို ဘာသာပြန်ပြီး စာနဲ့ဒီမှာချရေးဖို့ အဆင်မပြေတဲ့အတွက် အင်္ဂလိပ်လိုသာ နားထောင်ကြပါရန် ပန်ကြားပါတယ်။ ဗမာလိုမှ ဖတ်ချင်သူများအတွက် ဒုတိယ ကာတွန်းကို စောင့်ကြပါခင်ဗျား။

ပထမ ဗီဒီယိုက "အလုပ်အတူတူ လုပ်ချင်သလား" Wanna Work Together? လို့ အမည်ရပါတယ်။ စုပေါင်းလုပ်ကိုင် ဝေမျှခြင်းရဲ့ အကျိုးကို ထောက်ပြပြီး CC လိုင်စင်တွေက ဘယ်လိုကူညီနိုင်တယ်ဆိုတာ သရုပ်ပြထားတာပါ။ မူရင်း full copyright နဲ့၊ CC ရဲ့ လိုင်စင်တွေ ကွာခြားပုံကိုလည်း ရှင်းပြထားပါတယ်။ ပထမကာတွန်းမှာ ကျွန်တော်ဘာသာပြန်ပေးပြီးတဲ့ စည်းကမ်းတွေအကြောင်းလည်း အကျဉ်းချုံးပြီး ပြောထားပါတယ်။ ဒီဗီဒီယိုကို Creative Commons ကစုစည်း တင်ဆက်တာဖြစ်ပြီး ဖန်တီးသူများကို ဗီဒီယိုရဲ့ အဆုံးမှာ ဖော်ပြထားပါတယ်။ CC By လိုင်စင်နဲ့ ဝေမျှထားတာ ဖြစ်လို့ မူရင်းဖန်တီးသူများကို ဖော်ပြပေးသမျှ (attribute လုပ်သမျှ) မည်သူမဆို လိုသလို ယူသုံးလို့ရပါတယ်။





ဒုတိယဗီဒီယိုကတော့ CC ရဲ့ အလုပ်လုပ်ပုံကို ဖော်ပြပေးတဲ့ ဗီဒီယိုတွေကို စုပေါင်းပြီး Moving Image Contestပြိုင်ပွဲခေါ်ရာမှာ ပထမဆုရတဲ့ Justin Cone ဆိုသူရဲ့ ဖန်တီးမှုဖြစ်ပါတယ်။ Share now, Shape tomorrow "ယခုမျှဝေ၍ အနာဂတ်ကို ပုံဖော်လေ" ဆိုတဲ့စကားရယ်၊ Creativity always builds on the past "ဖန်တီးတီထွင်မှုဆိုတာ အတိတ်ကိုအခြေခံပြီး တည်ဆောက်ရတယ်" ဆိုတဲ့စကားရယ်ကို ကြိုက်မိပါတယ်။ အင်္ဂလိပ်စကားမှာ sitting on the giant's shoulder ဆိုတဲ့စကား ရှိတယ်မဟုတ်လား၊ ကိုယ်ကပုပေမယ့် ဘီလူးကြီးရဲ့ ပုခုံးပေါ်မှာ တက်ထိုင်နေရရင် ဝေးဝေးမြင်ပြီး မြင့်မြင့်နေနိုင်မယ်လေ၊ အကုန်လုံးကို အစကနေ ပြန်လုပ်နေလို့မရဘူး၊ ကိုယ့်ရှေ့က တီထွင်သူများ၊ ပညာရှိများရဲ့ ဖန်တီးတွေ့ရှိမှုကို အခြေခံပြီး တဆင့်ထက်တဆင့် မြင့်အောင် တည်ဆောက်သွားရမယ်လို့ ဆိုလိုပါတယ်။ ဒီလိုလုပ်ဖို့က အရင်ဖန်တီးမှုများကို ပြန်လည်အသုံးပြုနိုင်ခွင့် လုံလုံလောက်လောက် ရှိမှရမယ်လေ၊ အဲဒီလို ပြန်လည်ဝေမျှရာမှာ မူပိုင်ခွင့်ကိုလည်း လုံးဝစွန့်လွှတ်တာ မဟုတ်ဘဲ CC လိုင်စင်တွေနဲ့ အစားထိုးသုံးရင် ဘယ်လိုအဆင်ပြေနိုင်ကြောင်း ရိုက်ပြသွားတာပါ။



ဒီဗီဒီယို နှစ်ခုအပြင် တခြား clip တွေ ကျန်ပါသေးတယ်၊ ကြည့်လိုရင် CC site က ဒီစာမျက်နှာကို သွားပါ။

Knowledge is best used when shared မဟုတ်ပါလားဗျာ။


ပုထုဇဉ်


(မူပိုင်ခွင့်နှင့် ပတ်သက်၍ ကိုပုထုဇဉ် ရေးခဲ့သောပို့စ်များကို ဆက်လက်ဖော်ပြပါမည်။)





No comments: