ပြီးခဲ့တဲ့ စနေက Orchard လမ်းပေါ်ရောက်ခဲ့တယ်။ ခရစ်စမတ်အတွက် မီးတွေ စထွန်းတဲ့ည ဆိုတာ မသိခဲ့ပါဘူး။
ကြိုဆိုပါ၏ပေါ့။ ကာတွန်းပုံလေးတွေကို တွေ့ရတော့ ပျော်စရာကောင်းပါတယ်။

ဒါကဒိုးနတ် ထဲမှာ အရုပ်ကလေးနှစ်ရုပ် ကျောချင်းကပ်
Wisma Atria ရှေ့ လမ်းမတခုလုံးကို လှမ်းရိုက်ထားတာပါ။
အပင်လေးတွေကို အနီးကပ်။
ဒါလည်း အလုံးတွေနောက်တမျိုး။ ဘယ်နှစ်လုံးတွေ့လိုက်လဲ။
Lucky Plaza အမိုးပါ။
ဒီခရစ်စမတ် ဘိုးဘိုးက ရွှေရောင်။
ခရစ်စမတ်ပင်သေးသေးလေးတွေ ချစ်စရာကောင်းလို့ပါ။ ဈေးကတော့ မသေးပါဘူး။
ဒီဒိုးနတ်ကလည်း စားချင်စရာပဲလား။
The Heeren Building ကမီးတွေကို တော်တော်လှတယ် လို့ထင်တယ်။
အရွယ်မညီတဲ့ အလုံးတွေကို သီထားတော့ ဘယ်လိုနေလဲ။
Centre Point ထဲမှာပါ။ ငွေရောင်ဖျော့လက်လက်လေးတွေ။
Centre Point အပြင်ပေါ့။
ပုံတွေကျန်သေးတယ်။ ကောင်းနိုးရာရာပဲ တင်လိုက်တာပါ။ ဒါက လမ်းတခြမ်းပဲရှိသေးတယ်။ Takashimaya ဘက်အခြမ်းကို မလျှောက်ဖြစ်ဘူး။ နောက်တခေါက်သွားရင် ပုံတွေ ထပ်ရိုက်မှာပေါ့။ လိုက်မလားဟင်။
14 comments:
ထင်သားဘဲ။ Pandora ဆီမှာ တက်လာလိမ့်မယ်။ စောင့်နေ လို့ နိုင့်ငံခြားက လူတွေ ကို ( ဒီဇင်ဘာ ပုံတွေ ကြည့်ချင်တယ် လို့ပြောထားလို့။ )
ပန်ရေ… တို့ က တနင်္ဂနွေနေ့ က သားကို ကားပေါ်က လိုက်ပြဖြစ်တယ်… သားကတော့ မီးလုံးတန်းလေးတွေ အောက်နားက ချိုချဉ်ပုံမီးလုံးလေးတွေကို သိပ်သဘောကျနေတာ… ရေခဲမုန့် အကြီးကြီးပုံတွေလဲ စားချင်လို့ တဲ့… ပန်ရိုက်ထားတာလေးတွေ ကောင်းတယ်…
Merry X'mas..Happy Holiday..:P
လှလိုက်တာ..တို့လဲ လိုက်မယ် ချန်မထားနဲ့။
မမ KOM ပြောလို့လာကြည့်တာ။ လာချင်တယ် အရမ်းပဲ။
မီးထိန်ထိန်လင်းခဲ့တဲ့ မြန်မာပြည်က သီတင်းကျွတ်မီးထွန်းပွဲတော်ပုံလေးတွေ ၊ ဦးဘဂှမ်းကာတွန်းပွဲတော်ပုံလေးတွေ ကိုပို မြင်ချင်တယ်။
ဆိုင်လားတော့မသိဘူး။ သူများနိုင်ငံက ပုံတွေကြည့်ပီးတွေးမိတာ။
ဒိုးနတ်ထဲက ကောင်မလေးက မပန်နဲ့ တော့အတူသား :P
လာရောက် ငေးမောသွားပါတယ်။ လှလိုက်တာနော်။ ကျွန်မတို့နားက မြို့လေးမှာလည်း တနင်္ဂနွေနေ့က မီးတွေ စထွန်းတယ်။ လမ်းမကြီးကို ပိတ်ပြီး ဇာတ်စင်နဲ့ တီးဝိုင်းနဲ့ ဆူညံလို့။ မြန်မာပြည်က သီတင်းကျွတ် မီးထွန်းပွဲ ကျနေတာပဲ။ ဂျူတီနဲ့ အပြင်ရောက်တာမို့ ကင်မရာ မပါသွားတာ နာတယ်။ မပန်ကို အားကျလို့ နောက်မှ လျှောက်ရိုက်ဦးမယ်။ ဝေမျှတာ ကျေးဇူးပါ။
လက်စွမ်းပြထားတယ်ပေါ့... နောက်တစ်ခါသွားရင်လိုက်မယ်လေ... မုန့်ကျွေးမယ်လို့ ပြောထားတယ်နော်... အဟဲ
ဒီတယောက် အော့ချာ့ဒ်ရုဒ်ကို အတော်သွားပါလား။ ခရစ်စမတ်ဆိုရင် သူ့ဆီမှာ အဦးဆုံး ပုံတက်လာတာတွေ့ရတယ်။ ရှော့ပင်းဝါသနာပါဟန်တူရဲ့။ငွေစကြေးစလည်း ရွှင်ဟန်တူရဲ့။ ကောင်းတယ်…ကောင်းတယ်....ဒီအချိန်မှာ လူတွေ များများသုံးပေးဘို့လိုတယ်။ စီးပွားရေးပြန်တက်လာအောင်။
X'mas အငွေ့အသက်ကိုစရလိုက်တာပဲ
SG ရဲ့ တရုတ်နှစ်သစ်ကူးတော့ကြုံဖူးတယ်
X'mas ကိုကြုံချင်လို့...လာလည်ရမလားဟင်..း)
အမဓါတ်ပုံတွေကြည့်ပြီးကျနော်တောင်လာချင်စိတ်ပေါက်လာပီ...
(ဖိုးမောင်)
ပုံတွေအရမ်းလှတယ် အစ်မရေ။ သွားလည်ချင်လိုက်တာ။
ပုံတွေ လှလိုက်တာ..
လိုက်မလားဆိုတာကတော့ လိုက်လို့ မရတဲ့ သူကို နောက်တာလားဟင်...။
မခင်ဦးမေရေ ကြော်ငြာပေးတာ ကျေးဇူးပါ။
မတန်ခူး ရေခဲမုန့်ဘက်ကို သွားရိုက်ဦးမယ်။
လင်းဒီပ Same to you.
မမိုးချိုသင်း မီယာ လာနိုင်ရင် လာခဲ့ကြ ။ ဟဲ။
ကိုမောင်ရင်.. တူဆို အဲဒါ ကိုယ်တိုင် မော်ဒယ် လုပ်ပေးထားတာလေ။
မနုသွဲ့ ရိုက်ဖြစ်ရင် တင်ဦးနော်။
ပီတိ နောက်တခါသွားကြတာပေါ့။ မုန့်ကျွေးရင်ခေါ်မယ်။
ကိုပေါ.. ၀င်းဒိုးရှော့ပင်းပါလေ။
မနော်.. ဖိုးမောင်.. ၀င်္ကပါ .. လေးမ.. လာနိုင်ရင်လာခဲ့ပါ...( ပုန်းနေမယ်။ :P)
Post a Comment