ဖြစ်စဉ်
ကားမမောင်းတတ်သေးတဲ့သူ
စက်ဘီးကလေးပဲစီးတတ်တဲ့သူ
လေယာဉ်ပျံကြီး မောင်းချင်ခဲ့တဲ့သူ
ဒါပေမယ့်
လမ်းလျှောက်နေခဲ့ရတဲ့အချိန်တွေနဲ့ပဲ ကုန်ဆုံးခဲ့ရတာပဲ။
တကယ်တော့ ဘ၀ဆိုတာ
အိပ်မက်အကြီးစားပါပဲ
အိပ်မက်ကိုတကယ်ထင်ရင်း
မိုးမလင်းခင်
ငါ့နေရာလေးအတွက် ခုတ်ထွင်ရသေးတယ်။
ပန်ဒိုရာ
(မှတ်ချက်။ သူငယ်ချင်းတစ်ယောက်၏ အဘိဓမ္မာဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။)
14 comments:
ကားမမောင်း တတ်သေးရင် ဆိုင်ကယ်စီးပေါ့
မပန်ရေ၊ ကဗျာလေးက လှပါတယ်။
ပန်ဒို....ရေ
အဲဒီနေရာလေးက အရေးကြီးတယ်နော်...ခုတ်ထားဗျ...။
အိမ်က်ဆိုတာ ဘယ်အချိန်ပြီးသွားမယ်ဆိုတာ သိရတာ မဟုတ်ဘူး...။
တနေ့နေ့တော့ လေယာဉ်ပျံမောင်းနိုင်အောင် ကြိုးစားရမှာပေါ့ ပန်ပန်ရေ..
အိပ်မက်ဆိုတာ မက်ပေးမှ လူပီသတာ..
ဘ၀ဆိုတာအိပ်မက်အကြီးစားမို့ အိပ်မက်ကလန့်နိုးမှာ
စိုးရပါတယ်
အဲနေရာလေးကို ခုတ်ထွင်ရတာလည်း ဓါးလိုသေးတယ်လေ...
တချို့ကတော့ ကျောက်ခေတ်သုံးဓါးနဲ့...
တချို့ကတော့ ဓါးမနဲ့...
တချို့တွေကတော့ စက်လွှကြီးတွေနဲ့...
ဘာပဲဖြစ်ဖြစ် လက်ထဲက ရှိနေတဲ့ ဓါးနဲ့ မြန်မြန်သာ ခုတ်ပစ်ကြရတာပါပဲ... ဟုတ်တယ် မဟုတ်လား....
ကဗျာက ဆက်လို့ရသေးတယ်။ ဘာလို့ ရပ်ပြစ်လိုက်ရတာလဲ။
တကယ်တော့ ဘ၀ဆိုတာ
အိပ်မက်အကြီးစားပါပဲ
အိပ်မက်ကိုတကယ်ထင်ရင်း
မိုးမလင်းခင်
ငါ့နေရာလေးအတွက် ခုတ်ထွင်ရသေးတယ်။
ဆက်ခုတ်ထားမပန်ရေ.အဲဒီအိပ်မက်အကြီးစားကြီးမဆုံး
ခင်အထိများများခုတ်နိုင်လေကောင်းလေဘဲ...
ကမ္ဘာကြီးကို ရွေ့အောင်တွန်းဘို့ဆိုရင် ခြေကုပ်တနေရာစာ လိုသတဲ့။ အိမ်မက်တွေကို အကောင်အထည်ဖော်ဘို့ဆိုရင်…..အရင်တော့ နိုးထရပေမပေါ့။
မပန်ရေ အိမ်မက်အကြီးစားထဲက တစ်နေရာစာကို ခုတ်ထစ်နေရင်း အိမ်မက်ထဲက ထွက်ခွင့်မရလဲ တစ်နေရာစာအတွက် အိမ်မက်ကို ဆက်ဖက်တွယ်နေရတယ်။ တစ်ခါတစ်ခါ တစ်နေရာစာမရလဲနေပါစေ ဆိုပြီး ခုတ်ထစ်တာကို ရပ်လိုက်မိမတ်ပဲ။ သေချာတာက ကိုယ်ကသာရပ်နေတာ အိပ်မက်ကတော့ မရပ်နေဘူး။
အမရေ.. ခုမဖတ်ဖြစ်လို့ ကဗျာလေး အရမ်းကြိုက်တယ်ဗျာ...
ဖိုးမောင်
ကိုအောင် ကိုဆူး မမိုးချိုသင်း မီယာ ကိုအောင်သာငယ် မခင်ဦးမေ ကိုဆောင်း ကိုပေါ chaos ဖိုးမောင်
ကဗျာလေးကို လာအားပေးသွားတာ ကျေးဇူးပါ။
နေရာလေး ခုတ်ထွင်ရင်းနဲ့ တောတွေ ပြုန်းပြုန်းလာ...။
ပန်ပန်ရေ..ဒီကဗျာက တိုတိုလေးနဲ့ ထိထိလေး..။
အမရေ လာလည်ပါတယ်။။ ဖတ့်ရတာအချိန်မလောက်ဘူးနောက်လာဦးမယ်
Post a Comment