Monday, August 31, 2009

3l0g Day 2009

Blog Day 2009

သြဂုတ်လ ၃၁ ရက်နေ့ (3108) ကို ဘလော့ဂ်ဒေး ဘလော့ဂ်နေ့ လို့သတ်မှတ်ထားကြပါတယ်။ အခုဆိုရင် ဒီလို သတ်မှတ်ခဲ့ကြတာ ၅ နှစ်တိုင်ခဲ့ပါပြီ။ ဘလော့ဂ်ဒေး လို့ ထူထောင်ခဲ့ကြတဲ့ ရည်ရွယ်ချက်ကတော့ နေရာအသီးသီးက စိတ်ဝင်စားမှုချင်းတူတဲ့ ဘလော့ဂါတွေ အချင်းချင်း သိကျွမ်းခင်မင်ကြရအောင် လို့ ဆိုပါတယ်။ အဲဒီနေ့မှာ ဘလော့ဂါတွေက ကိုယ့်စာဖတ်သူတွေကို တခြားဘလော့တွေကို သွားဖတ်ရှုဖို့ ရည်ညွှန်းထောက်ခံပေးပါတယ်။ ဒီလိုနဲ့ပဲ မသိခဲ့ဖူးတဲ့ ဘလော့ဂ်တွေကို ချိတ်ဆက်ဖတ်ရှုသွားနိုင်စေဖို့အတွက် ဖြစ်ပါတယ်။

ဘလော့ဂ်ဒေးနဲ့ ပတ်သက်တဲ့ ပို့စ် ရေးတဲ့အခါမှာ ညွှန်ကြားထားတာလေးတွေကတော့
၁) ကိုယ်စိတ်ဝင်စားတဲ့ ဘလော့ဂ် ၅ ခုကိုရှာပါ။
၂) အဲဒီဘလော့ဂါ တွေကို ကိုယ်က ရည်ညွှန်းမယ့်အကြောင်း အကြောင်းကြားပါ။
၃)အဲဒီ ဘလော့ဂ်တွေအကြောင်း အတိုကောက် ဖော်ပြပြီး လင့်ခ် ပေးထားပါ။
၎) ၃၁ ရက် သြဂုတ်လမှာ ပို့စ်တင်ပါ။
၅) ဘလော့ဂ်ဒေး နဲ့ ပတ်သက်တဲ့ ဒီ လင့်ခ်တွေကိုလည်း တင်ပေးပါ။ http://technorati.com/tag/BlogDay2009 and a link to the BlogDay web site at http://www.blogday.org

ပန်ဒိုရာအနေနဲ့ကတော့ ဒီနှစ်ထဲမှာ အချိန်အခက်အခဲကြောင့် ဘလော့ဂ်တွေကို လိုက်ဖတ်ဖြစ်တာ လျော့သွားခဲ့တယ်။ အထူးသဖြင့် မှတ်ချက်ရေးတာ လျော့သွားတယ်။ ဘလော့ဂ် အသစ်တွေလည်း အများကြီး ပေါ်လာပါတယ်။

အခုညွှန်းတဲ့နေရာမှာ နာမည် အတော်ကြီးပြီးသား ဘလော့ဂ်တွေ (ဥပမာ မနော်ဟရီ တို့လို ဒေါက်တာလွဏ်းဆွေ သတင်းဘလော့ဂ် တို့လို) မျိုးကို ကိုယ်နှစ်သက်ပေမယ့် အထူးတလည် မညွှန်းချင်တော့ပါဘူး။ ဒီလိုပြောလို့ အခုညွှန်းမယ့် ဘလော့ဂ်တွေကိုလည်း နာမည်မကြီးဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဘလော့ဂါအသစ်တွေ ဒါမှမဟုတ် အခုမှ ဘလော့ဂ်ကို စဖတ်မိကြတဲ့ စာဖတ်သူအသစ်တွေ တကယ်လို့များ မသိခဲ့သေးရင် ဖတ်ကြည့်နိုင်အောင်ပါ။ ဘလော့ဂ်ရဲ့ သဘာဝက သူ့လည်ပတ် ကိုယ့်လည်ပတ် လူမှုရေးတွေ အခြေပြုပြီး သွားလာဖတ်ရှုလေ့ ပိုရှိကြတာမို့ အသွားအလာ အေးဆေးတဲ့ ဘလော့ဂ်တွေကို အဓိကထားပြီး ညွှန်းလိုက်ပါတယ်။

ပထမဆုံး ညွှန်းချင်တာက ဘလော့ဂ်တွေ ပေါ်ခါစ အချိန်ကတည်းက အစဉ်အစိုက် မြန်မာစာပေ အထူးသဖြင့် ရိုးရာကဗျာတွေနဲ့ ပတ်သက်တာတွေကို ရေးခဲ့တဲ့ ဘလော့ဂ် တစ်ခုပါ။ နောက်တော့ အကြောင်းကြောင်းကြောင့် ဘလော့ဂ်ရေးတာကို ခဏ ရပ်ထားပါတယ်။ အခုတော့ ပြန်ရေးနေပါပြီ။ သူပြန်ရေးတာကို အထူးတလည် မကြော်ငြာတဲ့အတွက် သိချင်မှ သိကြမှာမို့ ညွှန်းလိုက်တာပါ။ ပို့စ်အဟောင်းရော အသစ်တွေကိုပါ အချိန်ယူဖတ်သင့်တဲ့ ဘလော့ဂ်တစ်ခုဖြစ်ပါတယ်။

နောက်တခုကလည်း ကဗျာဘလော့ဂ်ပါ။ သူရေးတဲ့ ကဗျာတွေကို နှစ်သက်ပါတယ်။ သူကလည်း အသွားအလာနည်းပါးတယ်။ နာမည်ကလည်း အမည်မဲ့တဲ့။ ပျံ့လွင့်နေသော တေးနှင့် ဧကစာရီ ဆိုတဲ့ ဘလော့ဂ်ပါ။ တခြားဆရာတွေရဲ့ ကဗျာတချို့ကိုလည်း တင်ထားပါတယ်။

နောက်ဘလော့ဂ်တခုကတော့ ဇီဇ၀ါပါ။ သူကတော့ ဗဟုသုတရစရာတွေ အတွေးအခေါ်တွေကို ရေးလေ့ရှိတယ်။ သူများ ဘလော့ဂ်တိုင်းမှာ မှတ်ချက်တွေ လိုက်ရေးခဲတယ်။ ရေးရင်တော့လည်း စာကို အသေအချာဖတ်ပြီး အလေးအနက် ရေးလေ့ရှိတယ်။ သူ့ပို့စ်တိုင်းမှာ တွေးစရာတခုခု ရလိမ့်မယ် လို့ယုံကြည်ပါတယ်။

မရောက်ဖြစ်ခဲ့ဘူး ဆိုရင် Education for Myanmar ဆိုတဲ့ ဘလော့ဂ်ကိုလည်း ညွှန်းချင်ပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို ဖတ်ရှုနိုင်ပါတယ်။ မခင်မမမျိုး၊ ဆရာဦးသိန်းနိုင်၊ S.S စတဲ့ စာရေးသူ အတော်များများ ပါဝင်ကူညီထားကြပါတယ။်

နောက်ဆုံး ညွှန်းချင်တာက အမှတ်တမဲ့နှင်း ဆိုတဲ့ ကဗျာဘလော့ဂ်အသစ် လေးပါ။ ရေးသူတွေကတော့ ပြည်တွင်း မဂ္ဂဇင်းတွေမှာ ရေးနေကြတဲ့ ကဗျာဆရာတွေပါ။ လောလောဆယ်တော့ ပို့စ်သိပ်မများသေးပါ။ နောက်တော့ ပို့စ်တွေ ပုံမှန် တင်လာမယ် ထင်ပါတယ်။ မင်းစိုးရာ၊ ဘုန်းနေသွန်း၊ အောင်ပိုင်စိုး တို့ရဲ့ ဘလော့ဂ်ဖြစ်ပါတယ်။

အားလုံး အေးချမ်းပျော်ရွှင်စွာ ဘလော့ဂ်နိုင်ကြပါစေ။

ပန်ဒိုရာ


(ဘလော့ဂ်ပိုင်ရှင်တွေကို ဒီပို့စ်တင်တဲ့အချိန်မှာပဲ အကြောင်းကြားလိုက်ပါတယ်။ ကြိုမပြောဖြစ်တာ ဆောရီးပါ။)

12 comments:

YoungGun said...

ဘာဒေးညာဒေး တော့ မသိပါဘူး အစ်မရာ။ အစ်မညွှန်းတဲ့ အမှတ်တမဲ့နှင်းထဲက ကဗျာဆရာတစ်ဦးကတော့ မင်းတို့ဘလော့ဂ်ဂါ လောကက ကျဉ်းကျဉ်းလေးပါ။ သတ္တိရှိရင် စာမျက်နှာပေါ် လာခဲ့ကြည့်ပါလို့ စိန်ခေါ်သွားလေရဲ့။ ကိုယ်ကလဲ ရယ်ကျဲကျဲနဲ့ သွားလေးကို မချိဖြဲလေး ပြခဲ့ပါတယ်။ ကျွန်တော်လဲ အစ်မညွှန်းသလို ဗေဒင်ပညာဆိုင်ရာ ဘလော့တွေ ညွှန်းဦးမှပဲ။ ကျေးဇူးဗျာ။ ဒီနေ့ဘာဆိုတာ သိရတော့။

kay said...

ကောင်းတယ်.. အဲလို မျိုးလေးတွေ..အားလုံး လုပ်သင့်တယ်။ ဒါပေမဲ့..ဖတ်မိတဲ့ အချိန်က.. ၃၁ ရက် ကျော်တော့မယ်မို့.. မလုပ်တော့ပါဘူး။

MANORHARY said...

မသိလို့ပါ သိရင်လုပ်ပေးချင်တယ်
ခု တစ်ရက်နေ့ဖြစ်နေပြီ...း)
ဘာတဲ့ အချွန်နဲ့မ ထားတာ
နာမည်ကြိးဘလော့ခ်တဲ့... counter လေးကြည့်
ကြည့်ပါဦးကွယ် သူများတွေရယ်နေဦးမယ်..း))

Andy Myint said...

Didn't know about that lovely practice before. Htoo Tay Zar has been doing that and I thot it was his own style. Anyway, focal point like your blog is a good place to introduce new or should-visit blogs. I was one of them which you introduced to your visitors. I kinda like Zizawa. Her style is like K's. A bit of international and current affairs.

တန်ခူး said...

ဟုတ်ပ… ကေပြောသလိုပဲ… ဖတ်မိတဲ့ရက်က ၃၁ရက်ကျော်သွားပြီလေ… ညီမလေးမေဓာဝီဘလော့က အကြိုက်ဆုံးဖြစ်တဲ့အပြင် အမြဲသွားနေကျပါ… ပန်ညွှန်းတဲ့ ကျန်တဲ့ဘလော့တွေ မရောက်ဖူးသေးဘူး…သွားကြည့်ဦးမယ်…ကျေးဇူးပါပန်…Happy Blog Day!

ဒူကဘာ said...

တို့ကတော့ နောက်မကျသေးလို့ တခုတ်တရနဲ့ လာနှုတ်ဆက်တယ်။

Moe Cho Thinn said...

ညီမ ဇီဇ၀ါဘလော့ကတော့ အမြဲဖတ်နေကျ။ တခြားညွှန်းတဲ့ ဘလော့တွေတော့ မရောက်ဖူးသေးဘူး။ ဆက်ဆက်သွားဖတ်မှာပါ။ အဲဒီလို ညွှန်းတာမျိုး သဘောကျတယ်။ ကျေးဇူး ပန်ပန်။

yangonthar said...

မရောက်ဖူးသေးတဲ့ ဘလော့လေးတွေပါလို့ 
သွားရောက်ဖတ်ရှုခဲ့ပါတယ် အစ်မပန်
ညွှန်းတဲ့ အတွက် ကျေးဇူးပါ
အေးမြသာယာပါစေ
ရန်ကုန်သား :D

Anonymous said...

ကျွန်တော်တို့ဘလော့ခ်လေးကို ညွန်းတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကဗျာအနုပညာကို တန်ဖိုးထားတတ်တဲ့ မပန်ဒိုရာအတွက်လည်း ကောင်းမြတ်ခြင်းဟာ အမြဲတည့်ရှိနိုင်ပါစေ။

သက်ဝေ said...

ဘလော့ဂ် အညွှန်းလေးတွေအတွက် ကျေးဇူးပါ... ကျန်တဲ့ သုံးခုကို မသိသေးပေမယ့် မေဓါဝီနဲ့ ဇီဇဝါ ကိုတော့ ရောက်ဖူးပါတယ်... ဒီနေ့တောင် ဇီဇဝါ့ဆီ သွားလည်လိုက်သေးတယ်...
Thank you Pa Pan... :-))

blueskyforest said...

ဘာနေ့ ညာနေ့ဆိုတဲ့ စိတ်ဝင်စားဖွယ် အထိမ်း အမှတ်နေ့တွေတိုင်း အခုလိုအညွှန်းလေးတွေနဲ့ အသိပေးရင်ကောင်းမယ်။ အလုပ်ပေးတာမဟုတ်။ အပျင်းထူလို့ပါ။ တခါတခါ ဘယ်နေ့က ဘာမှန်းမ သိတတ်ဘူးဖြစ်နေတယ်။ တခါတခါကိုယ့် မွေးနေ့ တောင် မေ့တေ့တေ့။ :))ကျန်းမာပါစေ။

Anonymous said...

နောက်ကျကျန်ခဲ့ပေါ့..