Saturday, August 22, 2009

ဘ၀ဆိုတာ ရယ်စရာ..

ကိုအောင်သာငယ် က ဘ၀ ဆိုတာနဲ့ ပတ်သက်လို့ အဆိုအမိန့်တွေ ရေးဖို့ တက်ဂ်ထားတာ ကြာပါပြီ။ တချို့ အဆိုအမိန့်တွေကို လိုက်ရှာ ရွေးချယ်ပြီး အနီးစပ်ဆုံး ဆီလျော်အောင် ဘာသာပြန်ပေးလိုက်ပါတယ်။ ပေါ့ပါးနိုင်ကြပါစေ။ (ကျန်သူတွေရဲ့ တက်ကြွေးတွေလည်း ဆပ်ပါမယ်.. မျှော်..)

Life is simple, its just not easy.
ဘ၀ဆိုတာ ရိုးရိုးရှင်းရှင်းလေးပါ။ မလွယ်တာလေး တစ်ခုပါပဲ။
Unknown author

Live every day as if it were your last, because one of these days you will be right.
နေ့တစ်နေ့တိုင်းကို သင့်ဘ၀ရဲ့ နောက်ဆုံးနေ့လို သဘောထားပြီး နေထိုင်လိုက်ပါ။ ဘာကြောင့်လဲ ဆိုတော့ တစ်နေ့နေ့မှာတော့ အဲဒီအတိုင်း ဖြစ်လာပါလိမ့်မယ်။
Unknown author

Life is a sexually transmitted disease and the mortality rate is one hundred percent.
ဘ၀ဆိုတာ လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါဖြစ်ပြီး သေနှုန်းကတော့ တစ်ရာ ရာခိုင်နှုန်းဖြစ်တယ်။
R. D. Laing

Life is like an onion; you peel off one layer at a time and sometimes you weep.
ဘ၀ဆိုက ကြက်သွန်နီလိုပါပဲ။ တစ်ကြိမ်မှာ အလွှာတစ်လွှာကို ခွာရတယ်။ တခါတလေတော့ ငိုရတယ်။
Carl Sandburg

Life is like an onion. Why is life like an onion? Because you peel away layer after layer and when you come to the end you have nothing
ဘ၀က ကြက်သွန်နီနဲ့တူတယ်။ ဘာလို့လဲသိလား။ တလွှာပြီးတစ်လွှာ ခွာတယ်။ နောက်ဆုံးတော့ ဘာမှလည်း မရှိဘူး။
Unknown author

There are only two tragedies in life: one is not getting what one wants, and the other is getting it.
ဘ၀မှာ ၀မ်းနည်းစရာ ဇာတ်သိမ်း နှစ်ခုပဲ ရှိပါတယ်။ တစ်ခုက ကိုယ်လိုချင်တာကို မရလိုက်တာ။ နောက်တစ်ခုက ကိုယ်လိုချင်တာကို ရလိုက်တာ။
Oscar Wilde

Everything has been figured out, except how to live.
အရာရာတိုင်းကို စဉ်းစားအဖြေရှာလို့ရသွားပါပြီ။ ဘယ်လို အသက်ရှင်နေထိုင်ရမယ် ဆိုတာက လွဲလို့ပေါ့။
Jean-Paul Sartre

An autobiography is the story of how a man thinks he lived.
ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဆိုတာ လူတစ်ယောက်က သူဘယ်လို နေထိုင်ခဲ့သလဲ လို့ သူထင်တာကို ရေးထားတဲ့ ဇာတ်လမ်းပါပဲ။
Herbert Samuel

The cost of living's going up, and the chance of livin's going down.
ဘ၀မှာ ရှင်သန်နေထိုင်ဖို့ စားရိတ်တွေက တက်တက်လာတယ်။ ရှင်သန်နေထိုင်နိုင်ဖို့ အခွင့်အလမ်းတွေက ကျကျလာတယ်။
Flip Wilson

Life is like stepping onto a boat which is about to sail out to sea and sink.
ဘ၀ဆိုတာ သဘောင်္တစ်စီးပေါ်ကို တက်ရသလိုပါပဲ။ အဲဒီသင်္ဘောက ပင်လယ်ကို ရွက်လွှင့်ပြီး နစ်မြုပ်တော့မှာလေ။
Shunryu Suzuki Roshi

All the world's a stage and most of us are desperately unrehearsed.
လောကကြီးက ဇာတ်ခုံပေါ့။ ငါတို့အများစုကတော့ သေသေချာချာ ဇာတ်မတိုက်ရသေးဘူး ဖြစ်နေတယ်။
Sean O'Casey

Life is a horizontal fall.
ဘ၀ဆိုတာက ရေပြင်ညီအတိုင်း ပြုတ်ကျခြင်းပဲ။
Jean Cocteau

Life is wasted on the living.
ဘ၀ဆိုတာကလည်း နေနေရတာနဲ့ပဲ အချိန်ကုန်သွားတာပဲ။
Douglas Adams

Life is divided into the horrible and the miserable.
ဘ၀ကို နှစ်ပိုင်းခွဲထားတယ်လေ။ ဆိုးဝါးတဲ့အပိုင်းရယ် ကြောက်စရာအပိုင်းရယ်။
(ဘာသာပြန်သူ။ ။ မြန်မာလို ပိုကြည့်ကောင်းအောင် စကားရှေ့နောက် ပြောင်းလိုက်တယ်။ ဆိုးဝါးတာနဲ့ ကောင်းတာများလားလို့.. ဟင်း..။)
Woody Allen

Life is a zoo in a jungle.
ဘ၀ဆိုတာ တောထဲက တိရစ္ဆာန်ရုံပေါ့။
Peter De Vries

Life is like a beautiful melody, only the lyrics are messed up.
ဘ၀ဆိုတာ လှပတဲ့ သံစဉ်တေးသွားပါပဲ။ သီချင်းစာသားတွေကပဲ ပေါက်ကရဖြစ်နေတာပါ။
Unknown author

Do not take life too seriously; you will never get out of it alive.
အသက်ရှင်နေထိုင်မှု (ဘ၀) ဆိုတာကို သိပ်ပြီး အလေးအနက် ထားမနေပါနဲ့။ နောက်တော့လည်း အသက်ရှင်ပြီး ထွက်သွားရတာမှ မဟုတ်တာ။
Unknown author

You live and you learn or you don’t live long.
အသက်ရှင်နေထိုင်ပြီး သင်ယူပါ ဒါမှမဟုတ် ကြာကြာမနေရတော့ဘူး။
Unknown author

Life is an incurable disease.
ဘ၀ဆိုတာ ကုမရတဲ့ ရောဂါ။
Unknown author

There is time for work. And time for love. That leaves no other time.
ဘ၀မှာ အလုပ်အတွက် အချိန်တွေရှိတယ်။ အချစ်အတွက် အချိန်တွေ ရှိတယ်။ အဲဒါနဲ့ပဲ တခြားအချိန်တွေ မကျန်တော့ဘူး။
Unknown author

Life is something to do when you can’t get to sleep.
ဘ၀ဆိုတာ အိပ်မပျော်နိုင်တဲ့အခါ တခုခု ထလုပ်စရာပါပဲ။
Unknown author

The trouble with life is that there are so many beautiful women and so little time.
ဘ၀မှာဆိုးတာကတော့ အမျိုးသမီးချောချောလှလှတွေ အများကြီးရှိပြီး အချိန်က နည်းလွန်းနေတာပဲ။
Unknown author

The day after tomorrow is the third day of the rest of your life.
မနက်ဖြန်ပြီး နောက်တနေ့ (သဘက်ခါ) ဆိုတာ သင်ကျန်ရှိတဲ့ ဘ၀သက်တမ်း ကနေ စ ရေတွက်ရင် တတိယမြောက်နေ့ပေါ့။
George Carlin

Here is the test to find whether your mission on earth is finished. If you're alive, it isn't.
ဒီမှာလေ.. သင်ဒီကမ္ဘာမြေပေါ်မှာ လုပ်ရမယ့် အလုပ်တစ်ခု ပြီးမပြီး စစ်လိုက်တဲ့ စာမေးပွဲ ပေါ့။ သင်အသက်ရှင်နေသေးတယ်ဆိုရင် အဲဒီ အလုပ် မပြီးသေးဘူး။
Richard Bach

Life is a foreign language: all men mispronounce it.
ဘ၀ဆိုတာ နိုင်ငံခြားဘာသာစကားတစ်ခုပါ။ လူတိုင်း အသံထွက် မှားကြတယ်။
Christopher Morley, "Thunder on the Left"

In spite of the cost of living, it's still popular.
နေထိုင်စရိတ်တွေ ဘယ်လောက်ကြီးကြီး အဲဒီ (ဘ၀ဆိုတာကြီးက) ပေါ်ပြူလာတော့ ဖြစ်နေသေးသားပဲ။
Kathy Norris

When people search for "Life Quotes" they are often looking for quotes about life. Why do the major search engines only give them hundreds of pages of commercial garbage about Life Insurance Quotes?
လူတွေက Life Quotes ဆိုတာကို (အင်တာနက်ထဲမှာ) ရှာတဲ့အခါ ဘ၀နဲ့ပတ်သက်တဲ့ အဆိုအမိန့်တွေကို ရှာကြတာပါ။ ဘာလို့များ သတင်း အချက်အလက်ရှာတဲ့ အဓိက search engines တွေက Life Insurance Quotes (အသက်အာမခံနှုန်းထား) ဆိုတဲ့ စီးပွားရေးကြော်ငြာတွေပါတဲ့ အင်တာနက် စာမျက်နှာတွေပဲ ရာနဲ့ချီပြီး ရှာပေးကြတာလဲ။
Bill Austin


ပန်ဒိုရာ ကြည့်ကျက် ဘာသာပြန်သည်။



9 comments:

ATN said...

ဘ၀ဆိုတာရဲ့အဓိပ္ပါယ်ဖွင့်ဆိုမှုတွေကြားထဲမှာ...

သည်အဓိပ္ပါယ်ဖွင့်ဆိုမှုတွေကတော့ အတိုင်းအထက်အမျှပါပဲ...

ကိုယ်မသိထားတဲ့ အဓိပ္ပါယ်တွေကို ရှာဖွေပေးခဲ့သော
ချစ်သော ညီမတယောက်ဖြစ်သော မပန်ကို ကျေးဇူးအထူးပါ...

yangonthar said...

“All the world's a stage and most of us
are desperately unrehearsed.”
“လောကကြီးက ဇာတ်ခုံပေါ့၊ ငါတို့ အများစုက
တော့ သေသေချာချာဇာတ်မတိုက်ရသေးဘူး
ဖြစ်နေတယ် ..... ”
ကျေးဇူးအစ်မရေ ဘဝ ဒဿနတွေ အတွက်။
အားလုံးကတော့ မှတ်သားစရာချည်းပါ ဒီတစ်
ခုတော့ ကိုယ့်အတွေးနဲ့ တိုက်ဆိုင်လို့ 
အထူးမှတ် သားသွားပါတယ်
အစ်မပန် တစ်ယောက် ပျော်ရွှင်အောင်မြင် သော ဘဝ ကို
အပြုံးများစွာဖြင့်ပိုင်ဆိုင်နိုင်ပါစေ ...
:D မောင်ငယ် ရန်ကုန်သား

kay said...

Row..Row Row your boat..
gently down the stream..
Merily..Merily..Merily..
life is but a dream..

ကဲ..ထပ်ဖြည့်ပေးလိုက်တယ်..
(အိပ်မက်..မက်တယ်.. အိပ်မက်တယ်..)

အဲ..အဲ.. တို့လည်း ရေးရအုံးမှာပဲ.. အကြံထုတ်လိုက်အုံးမယ်။

Young Gun said...

ရေးပြထားတဲ့ ဖွင့်ဆိုချက် တချို့ သဘောကျမိတယ်။ ဟုတ်လဲ ဟုတ်နေတာကိုး။ ဘဝဆိုတာ ဘူတဆိုတဲ့ ..ဓာတ်ကြီးလေးပါးက လာတာ..။ ဖြစ်ခြင်းတည်ခြင်း..ဆိုပဲ။ ဟုတ်လား မဟုတ်လားတော့ မသိဘူး။ လေးဖြူ၊အငဲနဲ့မျိုးကြီးတို့ကတော့ ဘကုန်းဘ၊ ဝလုံးဝ အသေချာလုံးဝ မသိနိုင်ပါတဲ့။ ဘယ်ကို သွားနေတာလဲ ဘာလို့သွားရတာလဲ အဲမှာ ဘာရှိလဲ ဘာမှန်းမသိဘဲ ရှင်သန်နေရတာ တခါတလေ စဉ်းစားကြည့်ရင် ဘာမှ မဟုတ်တာကိုပဲ သွားသွားတွေ့ရတယ်။ ဘာမှ မဟုတ်တာတွေ ထဲမှာကိုက ဟုတ်တာလေးတွေ တွေ့နေရတော့လည်း အဲဒီဟုတ်သလိုလိုကြီးကိုပဲ ဟုတ်လိုက်ရတော့တယ်ဗျာ။

Yu Ya said...

ပန်ဒိုရာ ကြည့်ကျက်ဘာသာပြန်သည်ကို yu ya သေသေချာချာ လေ့လာသွားပါသည်။

yu ya

နှင်းနဲ့မာယာ said...

မမပန်ရေ
မပန်ရဲ့ ဘဝဆိုတာလေးကို လာဖတ်ပါတယ်။
ညီမအတွက်တော့ ကြက်သွန်နီလိုပဲ ခဏခဏ ငိုရတယ်...
မမရဲ့ ဘဝထဲမှာ အခြားအသစ်လေးတွေလဲ သိခွင့်ရတယ်...
မမရေ ကျေးဇူးနော်...

Anonymous said...

ကြည့်ကျက်ဖတ်သွားတယ်..

Anonymous said...

ဘ ဝ ဆို တာ ဘ ရန် ဒီ နဲ့ ဝီ စ ကီ ပေါ့

Angel Shaper said...

မမပန်ရေ... မကိုယ်တိုင် ကြည့်ကျက်ဘာသာပြန်ထားတဲ့ ဘ၀ဆိုတာလေးကို မရဲ့ ညီမလေးကတော့ ကောင်းကောင်းဖတ်ပြီး သေချာမှတ်သားသွားပါတယ်နော်။
ပျော်ရွှင်ပါစေ။