Friday, August 8, 2008

From 8888 to 080808

မြန်မာရုပ်ရှင်တွေ ကြည့်ရင်တော့ နောက်ကြောင်းပြန် ဆိုပြီး ပြောပြတဲ့အခါ ဟိုး.. လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကပေါ့ ဆိုပြီး ဇာတ်လိုက်ရဲ့ မျက်နှာက အုံ့မှိုင်းသွား။ ဒန်တန်တန် ဆိုပြီး တီးလုံးလေးဝင်လာ..။ ဆေးသားမပြယ့်တပြယ် အဖြူအမည်း ပြကွက်များက တရိပ်ရိပ် ပေါ်လာပေါ့လေ။


ကိုယ်နဲ့ဆိုင်တဲ့ အနှစ်နှစ်ဆယ်ကို ပြန်မွှေရင်တော့ အတ္တတွေပဲ အနည်ထလို့ ပုဂ္ဂလိက အတိုအစတွေပဲ ထွက်ကျလာမယ်။ ကိုယ်ပိုင်ဘ၀ စက်ဝိုင်းကျဉ်းကျဉ်းလေး ထဲက ဖောက်မြင်နိုင်ခဲ့သမျှ အဲဒီအချိန်ကာလက ပြန်ပြောပြစရာတွေကို ရှိသလောက် ရေးခဲ့ပြီးပြီ။ အနှစ်နှစ်ဆယ် အကြာမှာ သူတို့ထဲက တချို့ရဲ့ ဘ၀တွေ အကြောင်းကိုလည်း ဒီနေရာမှာ ခံစားကြည့်ခဲ့ပြီ။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ဒီအချိန်က လို့ ပြန်တွေးရင် အနီရောင်တွေ ထင်ဟပ် ပူနွေးလာတယ်။ အနီရောင်တွေ ကွာကျဖို့ အနီရောင်နဲ့ ချွတ်ဆေးခဲ့ကြရတယ်။ အခုအချိန်မှာတော့ ရေနစ်သူ အသက်ရှူဖို့ လိုသလို အငန်းမရ လိုချင်တောင့်တ မိတာကတော့ အပြာ…. အပြာရောင်… ပြာစင် အေးမြနေမယ့် ငြိမ်းချမ်းမှု၊ အဲဒါကို အမိမြေက လူတွေအများကြီးနဲ့ ဖြစ်နိုင်ရင် တစ်ယောက်မကျန် အားလုံးနဲ့ အတူတူ ရနိုင်ရင် ကောင်းမယ်..။

ဒီရက်ပိုင်း ရေးထားကြတဲ့ အနှစ်နှစ်ဆယ် အမှတ်တရ စာတွေ အများကြီး တွေ့ရတဲ့အထဲမှာ လူသူ သိပ်မရောက်မယ့် နေရာတနေရာက ဒီကဗျာ တိုတိုလေးကို ဖတ်ကြည့်စေချင်ပါတယ်။



5 comments:

ငြိမ်းဝေ said...

great..

မသက်ဇင် said...

ကိုအက္ခရဆီမပန်ဒိုရာညွန်ပြလို့ 
ကဗျာသွားဖတ်ပါတယ်။ကျေးဇူးတင်ပါတယ်။
ကဗျာတိုလေးတပုဒ်ကိုလည်းရေးခဲ့ပါတယ်။
အရောင်မဲ့ကဗျာရေးသူရဲ့ခံစားချက်ပါ။

ကမ္ဘာလောကကြီး
ငြင်းနေတုံးပဲလား ၊ လက်ဝဲနဲ့ လက်ရာ
ကမ္ဘာမှာလူသား ၊ အဖိုနဲ့ အမများ
ထူးခြားပြီးဘာမှမရှိ ၊
နီ ၊ ပြာ ၊ စိမ်း ၊ ၀ါ ၊
မရှိ့ မရှိ့ 
သာယာစေချင် ၊ အာဏာရှင်ပဲ
တိုက်ကြပါ။ ။

မသက်ဇင်

စိုးထက် - Soe Htet ! said...

many thanks ! :)

Anonymous said...

hi, ma pan. I read your post for a long time ago. I use IE browser. But on these days, I think abt 2 weeks, when I open your blog, another advertising page popup.
These pages are not worth to view.
Cuz these are related with sexual site.
I dun know how's come. When I open ko KaLoSayHtoo's site, also happen. Sorry to write here.

pandora said...

Dear Anonymous, Many thanks for reporting me. I will check it out.

ဦးငြိမ်းဝေ မသက်ဇင် ကိုစိုးထက် ကျေးဇူးပါနော်။