Tuesday, January 29, 2013

တန်ဖိုးနည်း+အဆင့်မြင့်

ခိုင်စိုးလင်း စီစဉ်တဲ့ ရောင်စုံစက္ကူ e-book ထဲမှာ ပါတဲ့ ကဗျာလေးတစ်ပုဒ်ပါ။


တန်ဖိုးနည်း+အဆင့်မြင့်

တန်ဖိုးနည်းလက်ကိုင်ဖုန်း၊ တန်ဖိုးနည်းကွန်ဒိုမီနီယံ၊ တန်ဖိုးနည်းဇိမ်ခံကား၊ တန်ဖိုးနည်းအင်တာနက်၊ တန်ဖိုးနည်းရုပ်မြင်သံကြားပြစက်၊ တန်ဖိုးနည်းဒီဗွီဒီပလေယာ၊ တန်ဖိုးနည်းလက်ပ်တော့ပ်၊ တန်ဖိုးနည်းအိုင်ပက်၊ တန်ဖိုးနည်းဒစ်ဂျစ်တယ်ကင်မရာ၊ တန်ဖိုးနည်းဆွစ်ဇ်မိတ်လက်ပတ်နာရီ၊ တန်ဖိုးနည်းစိန်လော့ကက်၊ တန်ဖိုးနည်းပတ္တမြားလက်စွပ်၊ တန်ဖိုးနည်းပွဲတက်ဝတ်စုံ၊ တန်ဖိုးနည်းဂေါ့ဖ်ကွင်း၊ တန်ဖိုးနည်းရေကူးကန်၊ တန်ဖိုးနည်းလေကြောင်းခရီးစဉ်၊ တန်ဖိုးနည်းဘဲကောင်လုံးကင်၊ တန်ဖိုးနည်းရေချိုပုစွန်တုပ်၊ တန်ဖိုးနည်းအထူးကုဆေးခန်း၊ တန်ဖိုးနည်းပါရဂူဘွဲ့။

အဆင့်မြင့်မြေစိုက်တဲ၊ အဆင့်မြင့်နွားလှည်း၊ အဆင့်မြင့်စက်သွေးသနပ်ခါးခဲ၊ အဆင့်မြင့်ဖာတောင်း၊ အဆင့်မြင့်လက်နှီးစုတ်၊ အဆင့်မြင့်လန်ကွတ်တီ၊ အဆင့်မြင့်သပေါ့ဖျာ၊ အဆင့်မြင့်ကြူထရံ၊ အဆင့်မြင့်လည်ပေါ်အိမ်သာ၊ အဆင့်မြင့်လက်ယက်ရေတွင်း၊ အဆင့်မြင့်ပြောင်းဖူးဖက်ဆေးလိပ်၊ အဆင့်မြင့်ချက်အရက်၊ အဆင့်မြင့်မီးတိုင်ခွက်၊ အဆင့်မြင့်ထင်းမီးဖို၊ အဆင့်မြင့်ငစိန်ဆန်၊ အဆင့်မြင့်ငါးပိဖုတ်၊ အဆင့်မြင့်ကန်စွန်းရွက်၊ အဆင့်မြင့်ချဉ်ဖတ်စုံ၊ အဆင့်မြင့်လေကွဲဆေး၊ အဆင့်မြင့်အိုးတိုက်ဖွဲပြာ၊ အဆင့်မြင့်လောက်စာလုံး၊ အဆင့်မြင့်ခုံဖိနပ်။

ပန်ဒိုရာ
၁၉.၃.၂၀၁၂


ခိုင်စိုးလင်း စီစဉ်ခဲ့တဲ့ (တချို့issue တွေမှာ ဟန်သစ်ငြိမ်နှင့် အတူ) e-book တွေကို အောက်က လင့်ခ်တွေမှာ download ယူလို့ရပါတယ်။



အနုပညာစာအုပ် - အနုပညာအကြောင်း အနုပညာ (the art on the art)

အချစ်စာအုပ် - အချစ်နှင့် မကင်းကြသူများ (those in love)

သေခြင်းစာအုပ် - သေဆုံးတတ်သည် (they die)

အရူးစာအုပ် - ဥမ္မာ့စာအုပ် (ohnmar's book)

သူခိုးစာအုပ် - အမှောင်ဘက်ခြမ်း (the dark side)

ကျောင်းစာအုပ် - ကျောင်းအကြောင်း (all about school)

အပြာရောင်ဝန်ဆောင်မှုစာအုပ် - အပြာရောင် ဝန်ဆောင်မှု (bluish business)

သရဲစာအုပ် - ဝိညာဉ်မှတ်တမ်း (ghost record) 

ပိုက်ဆံစာအုပ် - ရောင်စုံစက္ကူ (color papers)
 

3 comments:

မိုးနတ်ကြယ်စင် said...

:)))

Anonymous said...

Let us share on FB .Thanks for urs.

တန်ဘိုးနည်းလူ said...

တန်ဘိုးနည်းလူ။ အဆင့်မြင့်ဇာတ်သိမ်းခန်း