ဒီလိုပဲပေါ့..
ရေအကြောင်း မြေအကြောင်း
မိုးအကြောင်း လေအကြောင်း
တောအကြောင်း တောင်အကြောင်း။
မျောက်ကြိုးခွေ ဒေါင်းအိုးဝေတွေမရှိ
ဒက်ဖိုဒေလ် ပန်းဝါ၀ါတွေလည်း ယိမ်းမက
ရိတ်သိမ်းရာသီ ကောက်လှိုင်းထုံးတွေနဲ့
မျက်စိတဆုံးကွင်းပြင်ဆိုတာဝေး
လောက၀တ်ဆန်ဆန် တိမ်တုက
တတ်မှတ်သမျှ ခပ်ကျဲကျဲ ရွာချတာလောက်နဲ့
မှိုင်းအုံ့နေတဲ့ မနက်ဖြန်တွေပဲ ရှိနေတဲ့အခါ…။
ပယောဂ အမှောင့်ပူးထားတဲ့
ဟောဒီ ကာလ ဒေသ ထဲမတော့
ပြတင်းပေါက်မရှိတဲ့ အခန်းကျဉ်းတစ်ခု
ကြေမွနေတဲ့ အ၀တ်အစားတချို့
လေသလပ်နေတဲ့ အစာကြေဆေး တစ်ပုလင်း
ပက်လက်လန်နေတဲ့ ပိုးဟပ်သေတစ်ကောင်
ခုတင်ပေါ်မှာ ပြိုကျနေတဲ့ စာအုပ်ပုံတစ်ပုံ
ကီးဘုတ်ချောင်နေတဲ့ ကွန်ပြူတာတစ်လုံးနဲ့
ဒီရေဒီမြေကို အရမ်းလွမ်းသလောက်
ဒီမိုးဒီလေတွေကို စိတ်ပျက်မိနေတဲ့
တောရောက်တောင်ရောက် အတွေးတွေရယ်….. ။
ပန်ဒိုရာ
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
2 hours ago





4 comments:
မြို့ ကခေတ် နဲ့ ပြိုင် သွားတော့ လူက သဘာဝနဲ့ ဝေးသွားရပြန်ရော..
ကီးဘုတ်ချောင်နေတဲ့ကွန်ပျူတာလေးနဲ့ ဆိုတော့ မျက်နှာတော့အငယ်သား..
31 Oct 07, 06:43
WL: ဒီရေဒီမြေကိုလည်း လွမ်းပါ။ ဒီမိုး ဒီလေတွေကိုတော့ စိတ်မပျက်ပါနဲ့။ တောကိုလည်းဖြတ် တောင်ကိုလည်း ကျော်ရအုန်းမယ်လေ..။
ရိုးစင်းပြီး လှပတဲ့ ကဗျာတစ်ပုဒ် ပါပဲဗျာ
ကိုမောင်ရင် ညီလင်းဆက် မှတ်ချက်ချသွားသူ ဖတ်သွားသူများအားလုံး ကျေးဇူးပါနော်။
Post a Comment