
နေ့
အလကားရတိုင်း ကောင်းကင်ကြီးကို
မော့မော့ကြည့်မနေနဲ့
မြင်လည်းမမြင်ရဘဲနဲ့
ကြယ်တွေပြုတ်ကျ ပွန်းပဲ့ရတာ
ရင်ဘတ်နဲ့မကဘူး။
ပန်ဒိုရာ
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
3 days ago





10 comments:
ရဘူး…ရဘူး…လေးမကတော့ ကောင်းကင်ကြီးကို ကြည့်ရမှာပဲ….မပန်နော်…. သူများကို မတားနဲ့ ….
ပန်ဒိုယာ.. ကောင်းကင်ကြီးကို မော့ကြည့်တာမဟုတ်.. အဲဒီ.. ရင်ဘတ်နဲ့ မက ပွန်းပဲနေတဲ့ကြယ်တွေ ကြွေကြတာကို ကြည့်တာ.. ရယ်ရတယ်နော့..
:P
နတ်ဆိုး..
မပန်.. ဂျစ်ရဲ့ ပျော်စရာရရှိစေတဲ့ အချက်တချက်က ကောင်းကင်ကြီးကို မော့ကြည့်တာပါတယ်လေ ။ လေးမ ပြောသလို.. မတားနဲ့နော် ။ ကြည့်မှာပဲ အဟဲး)
အင်းဗျာ မိုးမညိုဘဲ မပြိုပါဘူး ကတိပေးမယ်ဆို ကျွန်တော်လည်း ကောင်းကင်ကိုပဲ မော့ကြည့်မိမှာပါ
ကောင်းကင်ကြီးကလည်း လေသံမာလိုက်တာ. ဟွန်း. သူ့ကြယ်တွေပိုလျှံနေလို့ သူ့ညကိုပိုလှသွားအောင် ဆွဲဆောင်ချင်လို့ ကြယ်တွေကို ဖြုတ်ချခဲ့တာ မသိရင်ခက်မယ်..။ နေ့ခင်းဘက် ကြွေကျတာလည်း ဟိုဘက်ကမ္ဘာက ညတခြမ်းအတွက်ပဲမလား..။ :)
ဒီကဗျာဖတ်ပြီး
နေ့ ကိုတော့ သနားသွားတယ် ကြယ်တွေနဲ့ ညရဲ့ အလှအပကို သူဘယ်တော့မှ မြင်တွေ့ခွင့်ရမှာ မဟုတ်ဘူးနော်..။
မမပန်ရေ... အပြစ်တင်ရင်လည်း ခံရမယ်။ သိုးလေးတော့ နေ့ခင်းဘက် အမှတ်မထင် ရှိတတ်ပေမဲ့ ညဘက်ရောက်ရင် ကောင်းကင်ကြီးကို တစ်ခါ အနည်းဆုံး မကြည့်ရရင် မနေနိုင်ဘူး။ ဘ၀အမောတွေ ပြေသွားလောက်အောင် ကောင်းကင်ကြီးကို ကြည့်ရတာ နှစ်သက်တယ်။ အဲဒါတစ်ခုတော့ ခွင့်ပြု။
လေးမ.. မမိုက်ချင်ပါနဲ့ကွယ်
နတ်ဆိုး.. နေ့ဘက်ကြီး မမြင်ရပါဝူး ဆိုမှ
ဂျစ်..ကဲ တားမရလည်း နေတော့
ကိုဖြိုး ကတိမပေးနိုင်ဝူးကွာ ကောင်းကင်ဆိုတာ upper hand မှာပဲ.. ဟဲဟဲ
မောင်တက်.. ကြယ်တွေမှ မမြင်ရဘဲ မကြည့်ပါနဲ့ကွာ.. ဟိုဘက်ကမ္ဘာက လူတွေပဲ တ၀ကြည့်ကြပါစေ.. ညကျတော့ ကြည့်။ အလှည့်ကျပေါ့နော.. အင်း.. နေ့ကတော့ တနားပါတယ်
သိုးမလေး.. နေ့ဘက်မှာ မော့မကြည့်နဲ့လို့ ကောင်းကင်က ပြောတာပါ.. ညကျရင်တော့ ကြည့်..း)
အားလုံး.. ဘာမှ မဟုတ် လျှောက်တွေးပြီး နောက်ရေးလိုက်တာပါ..
မရဘူး မပန်ရဲ့ ..ကောင်းကင်ကိုကြည့်ရတာ feel တစ်မျိုးပဲ..ဟဟ.. ခုမှပဲ ကောင်းကင်ကို ကြည့်တာ ကြိုက်တဲ့သူတွေ ကိုတွေ့နေရတယ်.. အဖော်တော့ရပြီ..
ကဗျာကတော့ ခပ်တိုတိုပဲ… ဒါပေမယ့် စဉ်းစားစရာက အရှည်ကြီး။ ခက်တာက ကောင်းကင်ကို မကြည့်ဘဲ နေဖြစ်တဲ့လူ မရှိဘူးလို့ ထင်နေမိတာပဲ။
ဟုတ်တယ် ကိုစေးထူး.. တကယ်တော့ စဉ်းစားစရာတွေပါ
Post a Comment