Wednesday, August 29, 2007

ဒီမြို့ထဲမှာ - ၅

ဒီမြို့ထဲမှာ - ၅

အတူတူဆက်ထွက်လာခဲ့ကြတယ်
အဲလ်ဘက်ထရော့စ် အပုပ်ကောင်ကို
လည်ပင်းမှာဆွဲထားတဲ့ကောင်တွေလည်းပါတယ်
တရွက်တိုက် လမ်းမကြီးက အိပဲ့အိပဲ့နဲ့ လိုက်လာတယ်
တစ်ချက်အကွေ့ ငါတို့ကျောအလစ်မှာ
လမ်းမကြီးက ငါတို့ကို
ကျောက်စရစ်ခဲတစ်လုံးလို
ပိုးစိုးပက်စက် ကန်ထုတ်လိုက်တယ်
အုတ်ခဲရင့်ရောင်တွေ ဖိတ်လျှံ အန်ကျကုန်တယ်
အုတ်ခဲရင့်ရောင် စွန်းထင်းပေပွ ဒီလမ်းမဟာ
အော့ကြောလန်စရာ ဖြစ်လာလိမ့်မယ်လို့
ဘယ်သူကထင်ခဲ့ကြမှာလဲ
ရင်ဘတ်အောင့်နေအောင် နံရံကိုဝင်တိုးမိမှ
မျက်မှန်တစ်လက်ကို ဆွေးဆွေးမြေ့မြေ့ တမ်းတမိတယ်။

ပန်ဒိုရာ

3 comments:

Anonymous said...

အဲလို နမိတ်ကောင်းပြပေးမယ့်…

အဲလ်ဘက်ထရော့စ် တွေမြို့ ကြီးရဲ့ လမ်းမတွေပေါ်ရောက်လာတဲ့အခါမှာတော့
မြို့ ရဲ့ လမ်းမတွေလဲဆေးချယ်ထားတဲ့ပင်လယ်တစ်စင်းနဲ့ ဘာမှမခြား…

အဲလ်ဘက်ထရော့စ် ကိုပစ်ချရဲတဲ့ လူတွေလဲ....ဆေးချယ်ထားတဲ့ သင်္ဘောပေါ်ပိတ်မိနေတဲ့အဖြစ်ကိုအမေ့မေ့အလျော့လျော့…

မြို့ ရဲ့ လမ်းမတွေကိုသုံးနေတဲ့လူတစ်ချို့ ဟာ အံ့သြစရာကောင်းလောက်အောင် လမ်းမတွေပေါ်နင်းသွားရမယ့်အစားလမ်းမတွေရဲ့ အနင်းကိုခံနေကြတယ်..

ပင်လယ်ထဲမျောနေတဲ့ဆင်သေကို ထိုးဆိတ်စားသုံးနေတဲ့ကျီးမိုက်တွေလို အဲလ်ဘက်ထရော့စ် တွေကိုစားသုံးဖို့ ကြံတော့တယ်…ရှေ့မှာတော့…..
……………………………………………………………………………………..
မပန်ရေ…ကဗျာတပုဒ်ကိုကျွန်တော်ခံစားမိသလို ကွန်မန့် တာပါ..ကဗျာကိုဘာသာပြန်ခြင်းမ ဟုတ်ပါ..

Andy Myint said...

ဇာတ်ရည်တော့ လည်စပြုလာပြီ.. ၁ ကို ၅ ရောက်မှာ နားလည်တယ်ဆိုတော့ ၅ ကိုရော..

အဝေးမှုန်တာအတွက်လည်း
မျက်မှန်တစ်လက်မ၀ယ်နိုင်ဘူး
အုတ်နီခဲရင့်ရင့်အရောင်တွေပဲ
တစ်ခွက်ပြီးတစ်ခွက်သောက်ကြတယ်

ယူတာမှားလည်း ကိုယ့်နှလုံးသားနဲ့ ကိုယ်ပဲကိုး

pandora said...

ကိုမောင်ရင် တောက်လျှောက်အားပေးတာ ကျေးဇူး.. ဆက်ဖတ်ဗျို့...

ကိုအန်ဒီ.. ဟုတ်လာပြီဗျ

ကိုယ့်ကိုယ်ကိုလည်း အားပေးဦးမှ .. ကြိတ်ထား။။ :D