ဒီမြို့ထဲမှာ - ၃
နေကမြင့်မြင့်လာတယ်
ဆိုင်ကနေ လမ်းအခွဲ
တံလျှပ်ရဲ့ဖမ်းစားမှုမှာ
ဘာဖြစ်သွားလဲမသိဘူး
အုတ်ခဲရင့်ရောင်တွေ ကြည်လင်
ရွှေအိုရောင် ဖိတ်ဖိတ်စင်သွားတယ်
လမ်းမကြီးက ဒယိမ်းဒယိုင်လိုက်လာတယ်
အဲဒီမှာ
အဲလ်ဘက်ထရော့စ်* (ငှက်) ကို
ငါတို့ထဲကတချို့ဟာ
မြင်ရာမဆိုင်း ပစ်ချလိုက်မိတယ်
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
ငါတို့ရဲ့စိတ်လိုက်မာန်ပါရယ်
ကျိန်စာတွေခ သွေးမြေကျခဲ့တယ်။
ပန်ဒိုရာ
*Albatross
လေဟာနယ်.....
-
ခုတလော ဒီသီချင်းလေးက တစ်တော့မှာအရမ်းပေါက်နေတာ.....
အဆိုတော်လေးကဘာလူမျိုးလဲမသိ နာမည်အဆန်းလေး.....
🎶♥️ လေဟာနယ်မှာ အချစ်ရှိလား ?
🎶♥️ တိမ်တွေပေါ်မှာ...
1 week ago
2 comments:
တစ်နေ့ ပြီးတစ်နေ့ 
အသက်မရှု၊မလှုပ်ရှားနိုင်အား
ဆေးချယ်ထားတဲ့ဆွံ့ အသင်္ဘောတစ်စင်းလိုပ
ဆေးချယ်ထားတဲ့ပင်လယ်ပြင်ပေါ်
ငါတို့ ပိတ်မိနေလို့ …
နေရာတိုင်းမှာ ရေ..ရေတွေ..
လှေတစ်စင်းလုံးကျုံ့ သထက်ကျုံ့ 
နေရာတိုင်းမှာ…ရေ..ရေတွေ..
တစ်စက်မှ..သောက်သုံးဖို့ တော့မဟုတ်…
The Rime of the Ancient Mariner by Samuel Taylor Coleridgeမှ
နမိတ်ြပကောင်းပေးမယ့် သင်္ဘောနောက်က ပျံသန်းလိုက်ပါလာတဲ့ albatrossငှက်ကလေးကို သင်္ဘောပေါ်ကတစ်ယောက်ကပစ်ချလိုက်တယ်.. albatrossတွေမြို့ ရဲ့ လမ်းမတွေမှာရောက်လာတဲ့အခါမှာတော့………..
အဲဒီ ပထမပိုဒ်က အကြိုက်ဆုံး metaphor ပဲ..
အင်း ရောက်လာပြီ.. ရောက်လာတော့......
Post a Comment