Tuesday, August 14, 2007

ကိုငှက်ကြီး





(paint brush, by pencil tool)

ဆရာမမေငြိမ်း ကိုမောင်ရင်၊ မိုးညို တို့ကို ဖတ်ပြီးတဲ့အခါ ...
ဒီကဗျာ ကိုပါ ဖတ်မိပြီး အရမ်းလွမ်းသွားလို့ ဒီပုံလေး ထွက်ကျလာတယ်။

(နည်းနည်းပြင်ထားတယ်)


ပန်ဒိုရာ

12 comments:

moe nyo said...

စိတ်တော့ မရှိနဲ့ မပန် ...
အကောင်းတွေရွေးခိုးတဲ့ သူခိုးအကောင်းစား ...
အရိပ်အယောင်လေးပဲ ရဦးတော့ မျက်မြင်တွေ့သလို ရိုသေလို့ ...
ဒါကိုလည်း မ သွားပြီ ...

Anonymous said...

မပန်.. ရေ.. Paint နဲ့ ဆွဲတာတောင် တော်တော် တော်တယ်.. =) ဒီမိုတော့ မပန်ကိုအားကျလို့ တစ်ပုံဆွဲဖူးတယ်.. ကလေးကလားနဲ့.. ဟိဟိ..

Thet Htoo@Myat Lone said...

မပန်ဒိုရာ။ လေးစားပါတယ်ခင်ဗျာ..

ကလိုစေးထူး said...

ပုံကို သေသေချာချာကြည့်လိုက်တော့… လားလား။ မမလေးဒိုရာတယောက် တော်တော် ခြစ်နိုင်တာပဲကိုး။ :P နောက်တာပါဗျာ။ အခါအခွင့်သင့်လို့ ကြုံကြိုက်ရင်တော့ ပန်ဒိုရာဆွဲတဲ့ ပန်းချီပြခန်းကို ကြည့်ရမယ်ထင်တယ်။ :)

Andy Myint said...

အချိန်ကား သက္ကရာဇ် ၂၂၂၂.. ကမ္ဘာ အရပ်ရပ်မှ သချာင်္ပညာရှင်များ၊ စိတ်ပညာရှင်များ စုဝေး၍ ပန်ဒိုရာ၏ ပန်းချီကားမှ ထူးအိမ်သင် ဆံပင်များ၏ ကောက်ကြောင်း ကို Vector Algorithm သုံး၍ လည်းကောင်း Complex 2 Dimensional Geometric Formula များကို သုံး၍သော်လည်းကောင်း Million Cores Processor သုံး Super Computer များ သုံး၍ အဓိပ္ပါယ် ဖော်ထုတ်နေကြသည်။

တချို့က ကောက်ကြောင်းများသည် ပန်ဒိုရာ၏ ပန်းချီဆွဲနေစဉ် (အခြား) ခံစားချက်များကို ဖော်ထုတ်သည် ဟူ၌လည်းကောင်း၊ တချို့က ပန်းချီဆရာ၏ ထူးအိမ်သင်ပေါ်ထားသည့် ခံစားချက်များကို ဖော်ထုတ်သည် ဟူ၍လည်းကောင်း၊ တချို့က ပန်းချီဆရာ၏ အမျိုးသား တစ်ယောက်ပေါ်ထားသည် ခံစားချက်များကို ပန်းချီကားမှ ဖော်ထုတ်သည် ဟူ၍လည်းကောင်း အမျိုးမျိုး ကွဲပြားသော ခံစားချက်များကို သာခန့်မှန်းနိုင်ကြပြီး နောက်ဆုံးတွင် အမှန်တကယ် ကောက်ချက်ချရန် ခက်ခဲလှသည်ဟု သဘောတူညီကြပြီး ပြတိုက်တွင်သာ အသေအချာ သိမ်း၍ နည်းပညာများ ပိုခေတ်မီမှ နောက်တကြိမ် ဆွေးနွေးရန် သဘောတူလိုက်ကြလေသည်။

Anonymous said...

မပန် ဆွဲထားတာလေးလဲကောင်းတယ်.. မပန်တို့ များပါရမီ ကောင်းလိုက်တာ..
ဒစ်ဂျစ်တယ်အာတ် လုပ်ဖို့ စိတ်ကူးလေးလဲ သဘောကျတယ်..

pandora said...

မိုးညို.. မ နိုင်ပါတယ်
ဒီမိုရေ.. တိုက်ဆိုင်သွားလို့ပါ
ကိုမျက်လုံး.. ပြန်လည်လေးစားပါ၏။
ကိုစေးထူး.. ခြစ်တော့ ခြစ်တာပဲ.. ပုံဖြစ်သွားတယ်.. ဟဲ
ကိုအန်ဒီ.. ရယ်နေရတယ်.. ဟားဟား.. နှောင်းလူတို့ သို့လော သို့လော ဖြစ်အောင် ဒီလို ထားခဲ့တာလေ..ဟဲဟဲ
ကိုမောင်ရင်.. တနေ့တော့ collection လုပ်ပြီး ထောင်ကြတာပေါ့ .. ပုလင်း.. ဟုတ်ပေါင်.. gallery..

Chit Lay Pyay said...

မပန် တော်လိုက်တာနော် မျဉ်းကောက် လေးတွေ နဲ့ တောင် တော် တော်တူအောင် ဆွဲနိုင်တယ်နော်၊ ဒါဆိုရင် လေပြေရဲ့ ကောက်ကောက် ဆံပင်လေးကိုလဲ ဆွဲနိုင်မယ် ဆိုတာ ယုံကြည်သွားပြီ၊ပုံ အပ်ချင်လို့ ရမလား မပန်

kay said...

လီယိုနာဒိုဒါဗင်ချီနဲ့..ဒိုချင်းတူသွားလို့လားမသိဘူး..အကျိုးနဲ

Tesla said...

ကောက်ကြောင်းပန်းချီလေးအတွက် ချီးကျူးမိပါတယ်.. ကိုဘဲဥကိုလည်း လွမ်းဆွတ်မိသွားပါတယ်..။
...
အပြာရောင်ကျောပိုးအိပ်လေးကလည်း သူ့ကိုလွမ်းပါတယ်တဲ့..။
"သူ့ရဲ့ ဂီတတွေနဲ့ လူတွေဟာ ချစ်ခဲ့ကြတယ် လွမ်းခဲ့ကြတယ် ရဲရင့်ခဲ့ကြတယ် အနားယူခဲ့ကြတယ် အပန်းပြေခဲ့ကြတယ်"
အဆင်မပြေမှုတွေကိုတောင် သူ့ရဲ့ သံစဉ်တွေကြားထဲမှာ ရောထည့် ဖျော်သောက် ပျောက်ပျက်ခဲ့ကြဘူးသေးတဲ့ လူတွေကလည်း သူတို့ရဲ့ ဂီတမှော်ဆရာကို လွမ်းပါတယ်တဲ့..။
ဟိုး.. ဂျပ်စင်ထိပ်နားက လရိပ်ပြာပြာလေးကလည်း လွမ်းပါတယ်တဲ့..။
ရာဇ၀င်တွေရဲ့ သတို့သမီးကတောင် စီးဆင်းရင်းနဲ့ပဲ လွမ်းဆဲတဲ့..။
မနက်ခင်းပန်းလေးတွေထက် ပိုလှတဲ့ ပါးနုနုလေးက လည်း သူ့ကို လွမ်းတယ်တဲ့..။
ဂီတာကဖေးကလည်း လွမ်းတယ်. အိမ်မြောင်လေးကလည်း လွမ်းတယ်.
စင်သီယာကလည်း လွမ်းတယ်တဲ့..။
ကျနော်လည်း အတိအကျပဲ လွမ်းနေစဲပါ.....။

Myo Kyaw Htun said...

Nice !!!

ဒီဝိုင်း (D'vine) said...

တူဒယ်ဗျာ...