Saturday, August 18, 2007

ဒီမြို့ထဲမှာ - ၁

ဒီမြို့ထဲမှာ - ၁

မပျော်ဘူး
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး..တဲ့
အနီးကပ်အမှောင်ပိန်းနေမှ
ဘာကိုမြင်ရမှာလဲ
အဝေးမှုန်တာအတွက်လည်း
မျက်မှန်တစ်လက်မ၀ယ်နိုင်ဘူး
အုတ်နီခဲရင့်ရင့်အရောင်တွေပဲ
တစ်ခွက်ပြီးတစ်ခွက်သောက်ကြတယ်
လွယ်အိတ်တစ်လုံးစာ သက်ပြင်းတွေကြား
စားပွဲပုလေးတွေပဲ ဓားစာခံပြားသွားကြတယ်
အဲဒီ မုတ်ဆိတ်ကျိုးကျဲတွေရဲ့
ခြေဦးတည့်ရာနောက်က
တရွတ်တိုက်လမ်းမကြီးက ရှက်ဝမ်းနည်းမိတယ်။

ပန်ဒိုရာ

7 comments:

Yan said...

မခေါ်ဘူး
ရောင်နီမြင်တောင် မခေါ်ဘူး..တဲ့
အမှောင်ထုကလှည့်စားတတ်တော့
မျက်မှန်မတပ်ထားတဲ့မင်းအတွက်
အလင်းရောင်ဆိုတာ တံလျှပ်ပဲ
ထူးဆန်းတဲ့ သမိုင်းကိုရေးဖို့
မင်းရဲ့အတွေးအခေါ်တွေ လျှော်ဖွပ်လိုက်အရောင်ဆိုးလိုက်နဲ့
မရိုးနိုင်တဲ့ ငိုညည်းသံတွေကြား
ဆက်မှားနေသမျှ
သေချာထိုးနေတဲ့ ခေါင်းလောင်းသံဟာလည်း
ဒဏ္ဍာရီတစ်ပုဒ်လို ဖြတ်လျှောက်သွားနေမှာပဲလေ…

imaginary clouds no 2 said...

ထိုသို့ လျောက်ကြ၊ လျောက်နေကြသော သူတို့ကို လွမ်းတယ်။

Anonymous said...

မပန်..
အုတ်နီခဲရင့်ရင့်အရောင်တွေပဲ…….
ဆိုတာဖတ်ပြီး ထောင့်ကိုးရာရှစ်ဆယ်ခုနှစ်တွေကို အရမ်းလွမ်းသွားတယ်။

Anonymous said...

အနီးကပ်အမှောင်ပိန်းနေမှ
ဘာကိုမြင်ရမှာလဲ
အဝေးမှုန်တာအတွက်လည်း
မျက်မှန်တစ်လက်မ၀ယ်နိုင်ဘူး..

အုတ်နီခဲရင့်ရင့်ရောင်တွေ..

လွယ်အိပ်တလုံးစာသက်ပြင်းတွေ..

မပန်ရေ... ဒီအသုံးအနှုံးတွေ ကြိုက်တယ် ။

ဒီလိုနဲ့ပဲ ဂျစ်တို့တတွေ အသက်တွေကြီးလာကြပေါ့ ။

YeKyawAungMDY said...

အဲဒီ အသက်ကြီးတဲ့အထဲမှာ အနော်မပါပါဘူးဂျာ။ ဟီးဟီးနောက်တာပါ။
ကဗျာကိုလာရောက်ဖတ်မှတ်လို့သွားပါသည်။

ဒီဝိုင်း (D'vine) said...

ကျွန်တော်လည်း မျက်မှန်မဝယ်ရသေးဘူး...

pandora said...

မောင်ရန်.. ကဗျာလေးကို ကြိုက်တယ် ။ တတိယ တစ်ပိုဒ် လိုမယ်. ဒါဆို
မောင်တိန်.. ဟုတ်တယ် ကိုယ်လည်း လွမ်းတယ်
မလေး ... မပြောပါနဲ့တော့ မလေးရယ်
ဂျစ် .. အသက်ကြီးလည်း တချို့ကံမကောင်းသူတွေ အတွက်တော့ လမ်းမကြီးက တရွတ်တိုက် လိုက်နေရရှာတုန်း
ကိုရဲကျော်.. လာဖတ်တာ ကျေးဇူးဗျို့
ဒီဝိုင်း.. ဒါဆို ပုလင်းကွဲနဲ့ဖတ်