Wednesday, August 29, 2007

ဒီမြို့ထဲမှာ - ၎

ဒီမြို့ထဲမှာ - ၎

မျက်ရည်ငန်ပျပျတွေကို
ဝေမျှသောက်သုံးသူတွေဟာ
ရဲဘော်ရဲဘက်ဖြစ်တယ်
အတိတ်ကိုအတိတ်မှာပဲ ထားလိုက်ကြမယ်
ပင်လယ်ကိုဖြတ်သန်းမှတော့
ပင်လယ်ရဲ့အနမ်းကိုခံနိုင်ရည်ရှိရမယ်
လက်တွေ့အရ ဖြစ်မလာဘူး
သဘောတရားအရ မှန်ကန်တယ်
ဒါဆိုငါတို့မှန်ခဲ့တယ်
ဒါဆိုငါတို့မှားခဲ့တယ်
သွေးရူးသွေးတန်း ဓာတ်ပြားဟောင်းတစ်ချပ်
ဖြတ်ခနဲ အက်ရာထင်သွားတယ်။

ပန်ဒိုရာ

3 comments:

ဂျစ်တူး - gyit_tu said...

ကြိုက်တယ်.. စာသားတိုင်းပဲ ။ ဒါလေးတော့ ဂျစ် အရပ်နဲ့မှီတယ်လို့ ထင်ရတာပဲ အဟီးး ။

ယူဆဂိ said...

မပန် ရေ..ကြိုက်သွားပြီ။

pandora said...

ကြိုက်သူတွေ ရှိသေးသကိုး.. ဟဲ