အကျိုးအကြောင်းများ
အစဆိုမှတော့ အစကပဲ စတာဆို။ အစက စတာ အစမှာပြန်ဆုံးနေရင်တော့ စကို မစရသေးဘူးတဲ့။ နွားနို့ကို ယူတယ်။ - ထောပတ်ချက်တယ် - ထောပတ်ရတယ်။ ဒိန်ခဲလုပ်တယ် - ဒိန်ခဲပဲရတယ်။ နို့ဆီချက်တယ် - နို့ဆီပဲရတယ်။ (ဘာများ မျှော်လင့်နေ သေးလို့လဲ)။ ထောပတ် အရည်ပျော်ချင် ပျော်မယ်။ ငါ့ဒိန်ခဲ တစ်ယောက်ယောက်က ရွှေ့ချင်ရွှေ့မယ်။ ဒိန်ခဲကတော့ နို့ဆီ ဖြစ်မလာဘူး။ သရက်ပင်ကလေး စိုက်တယ် - သရက်သီး စားရမယ်။ ရေမလောင်းဖြစ်ဘူး - ဆောရီး။ သံလွင်ကတော့ စီးနေဆဲ။ ပစွုပ္ပန်ကို အနာဂတ်ထိ ခေါ်မသွားနိုင်ခဲ့။ အတိတ်က ထပ်ချပ်လိုက်လာမှာပဲ။ ဘ၀က လွယ်တယ်။ ဥပါဒါန်က ခက်တယ်။ ယုတ္တိဗေဒ စည်းဝါးကျခဲ့တယ်။
Friday, August 24, 2007
အကျိုးအကြောင်းများ
Subscribe to:
Post Comments (Atom)
5 comments:
ထောပတ်… ဒိန်ခဲ…နွားနို့ …. နို့ ဆီ…. လေးမ တော့ စားချင်တာပဲသိတယ်….။
မပန်ရေ... ဘ၀က လွယ်တယ်။ သိုးလေးတော့ အဲဒီလိုမထင်ဘူး။ သေရတာ လွယ်ပြီး နေရတာတော့ ခက်တယ်ထင်တာပဲ။
မပန်ရေ မနေ့ထဲကရေးပေး မလို့ဘဲ
ဖတ်လို့ကောင်းတယ်ဗျာ
တစ်နဲ့တစ်ပေါင်း နှစ်ရတယ်-
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်-
မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်-
အကျိုးကြောင့် အကြောင်းဖြစ်တယ် -
မှန်တယ်-
နယူတန်ရဲ့ အက်ရှင် အန် ရီအက်ရှင်နိယာမလည်းမှန်တယ်-
ခရစ်တော်၏ သင်စိုက်ထားသမျှ သင်ပြန်ရိတ်ရလိမ့်မယ်ဆို တာလည်းမှန်တယ်-
ဗုဒ္ဓ၏ ကံကံ၏အကြောင်းတရားရယ်-
တခါတခါ ယုတ္တိဗေဒက စည်းချက်ဝါးကျ ထကတယ်-
မမှန်တာက လောကပါလတရားရဲ့ စီမန်ပုံ ညံဖျင်းချက် တွေများပြောပါတယ်-
တခါတခါတော့လည်း အဲ့ဒီကံကြမ္မာဆိုတဲ့ကောင်ကြီးက ရေနစ်သူကို ၀ါးကူထိုးဆိုသလို စုပ်ပြတ်သတ်နေတဲ့ အချိန်ကို တပြိုင်နက် လိမ့်ဝင်လာဘို့ အကွက်ကောင်းစောင့်နေသလိုကြီးပါ.. ဖြည်းဖြည်းလာကြလေ.. စုပြုံမလာကြနဲ့.. နားနားပြီးလာကြ...
သူလည်းဘာတွေရေးလည်းမသိဘူး. ကိုယ်လည်းဘာတွေရေးမိလည်းမသိဘူး-
ဥပါဒါန်က ခက်တယ် ဆိုတာကတော့ သေချာတာပေါ့ဗျ. :)
လေးမ သာမီးကတော့ လေ .. အကုန်တော့ စားနဲ့ ၀မ်းလျှောတတ်တယ်နော်
သိုးလေးရေ .. ဘ၀က လွယ်တယ် . ဥပါဒါန်ကြောင့် ခက်နေတာတဲ့။ တကယ်တော့ ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ စာတစ်ခုထဲက ထင်ဟပ်ထားတာပါ။
မောင်ဂေါက်.. ကျေးဇူးပဲကွာ
မောင်တက်.. လောကပါလတရား စီမံပုံညံ့ဖျင်းချက်ဆိုတာလေး မျက်ခုံးပင့်သွားတယ်..
Post a Comment