သူ…။
သူ့ကို မြင်သူတိုင်းက ကြည့်ကောင်းသည်ဟု ချီးမွမ်းကြသည်။ သူ့မျက်ဆံများက နက်သော်လည်း စိမ်းဝေ့ဝေ့သန်းသည်။ အသားအရေ က ဖြူကြည်သည်။ နေရောင်ထိလျှင် နီရဲလွယ်သည်။ The Guns of Navarone ရုပ်ရှင်ထဲက ဟိုခေက်က မင်းသားကြီး Gregory Peck နှင့် နှုတ်ခမ်း မေး မျက်နှာကျ ဆင်သည်ဟု ပြောကြသည်။ သွယ်ပြီး အနည်းငယ် ဖြေလျော့ ကိုင်းညွတ်သော ကိုယ်ခန္ဓာနှင့် အမျိုးသား တစ်ဦးအတွက် မနိမ့်မမြင့်လွန်းသော အရပ်ကို ပိုင်ဆိုင်သည်။ ပျော့ပျောင်းသော ဆံပင်များ မီးခိုးဘက် သန်းလာချိန်တွင် … ရုပ်ရှင်တခုထဲမှာ ဗိုလ်ဗကိုရဲ့ အဲဒီ ဆံပင်အရောင်မျိုးကို သဘောကျခဲ့တာ.. ဒီအချိန်ကို စောင့်ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာပေါ့.. ဟု ခပ်ပြုံးပြုံးပြောပြီး ဘယ်တော့မှ ဆေးမဆိုးခဲ့သူ ဖြစ်သည်။
တချို့က သူ့ကို ဆရာတက္ကသိုလ် ဘုန်းနိုင်၏ ဇာတ်လိုက်တစ်ဦးဦးနှင့် တူသတဲ့။ သူက လက်ဝဲဆန်ခဲ့ဖူးသူ။ တက္ကသိုလ်တွင် တက်ကြွခဲ့သူ။ လျှို့လျှို့ဝှက်ဝှက် ရှိတတ်သလို မည်သူမှ မသိသည့် အားငယ်စိတ်လည်း ရှိခဲ့လေသလားတော့ မသိ။ ပင်မြင့်မှ ကံ့ကော်ပန်းကို ငေးရုံသာငေးခဲ့ပြီး အိမ်အနားက စံပင်ပွင့်ကလေးကိုပဲ လှမ်းဆွတ်ခဲ့သူ ဖြစ်သည်။ စပယ်ရုံကလေးကို ရေလောင်းပေါင်းသင်ကာ ပြုစုပျိုးထောင်ပေးရင်း ဘ၀ကို ရိုးစင်းစွာပဲ ဖြတ်သန်းခဲ့ရလေသည်။
သူက ရောက်လေရာနေရာမှာ သူ့မူလ အလုပ်တာဝန်နှင့် သိပ်မဆိုင်သော ကိစ္စများမှာ ဦးဆောင်ဦးရွက် လုပ်ခဲ့ ရသော်လည်း တကယ်တမ်း ဘ၀မှာ သူလုပ်ချင်တာတွေတော့ သေသေချာချာ လုပ်ခွင့်မကြုံခဲ့ပါ။ တနေ့နေ့ အနားယူချိန်မှာ စာတွေရေးမယ် ဟု မကြာခဏ ပြောခဲ့သည်။ ဒါပေမယ့် သူကိုယ်တိုင်ကပဲ ပုံနှိပ်ခွင့် မရသော စာတစ်အုပ် ဖြစ်သွားခဲ့သည်။
တကယ်တော့ သူက စနစ်တစ်ခု၏ ကျောချခြင်းကို ခံလိုက်ရသော သားကောင် တစ်ကောင်ပင် ဖြစ်သည်။ ငယ်ငယ်ကတည်းက သူကအမြဲ နေရာပေး ဆက်ဆံခြင်းခံရသူ သူ့ကို သူရဲကောင်းသဖွယ် ချစ်ခင်ကိုးကွယ်သူ တစ်ယောက်တော့ ရှိလေသည်။ အဲဒီ စနစ်ကြီး အကြောင်း ပွင့်လင်းနားလည်လာလို့ သူ့ကိုပြောပြ ဆွေးနွေးချင်လာသည့် တစ်နေ့မှာတော့ ဘ၀က သူ့ကို အကြီးအကျယ် ရိုက်ချသွားခဲ့ပြီ။ စိတ်ကြိုးကလေး ပါးလျသွားသော သူ့ကို ရင်နာစွာ……။
အရင်ကလို ရေနွေးကြမ်း တစ်အိုးဘေးချလို့ စကားတွေ အကြာကြီး တညလုံး ထိုင်ပြောလိုက်ချင်သည်။ သူက ငေးလျှက် ကြည့်နေမှာလား။ ဒေါသတွေထွက်ပြီး ထအော်မှာလား။ ငါဘာမှ မသိဘူး ဟု ပလုံးပထွေးနှင့် သနားစဖွယ် ပြန်ပြောမှာလား။ ဟိုအရင်အချိန်များ ခဏလောက် ဖြစ်ဖြစ် ပြန်ရချင်ပါသည်။
နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြောက် မွေးနေ့မှသည် ချစ်တဲ့မိသားစုနဲ့ ကျန်းမာပျော်ရွှင်စွာ အချိန်အကြာကြီး နေထိုင်နိုင်ပါစေ ချစ်ဖေဖေ။
Friday, November 30, 2007
30 Nov 2007
Subscribe to:
Post Comments (Atom)
9 comments:
Happy Birthday ပါ..အရီးပန်ရဲ့ ဖေဖေ...။
အေးချမ်းပါစေ ...။
Happy Birthday to Pan's lovely Phay Phay...
မပန်ရဲ့ ဖေဖေနဲ့ မပန်တို့ မိသားစုတစ်ခုလုံးအတွက် ပျော်ရွှင်ချမ်းမြေ့သော မွေးနေဖြစ်ပါစေခင်ဗျာ...
မပန် ရဲ့ ဖေဖေ မေးနေ့မှသည် အသက် ရာကျော်ရှည်ပါစေသော်၊
မပန် ဖေဖေနဲ့ လေပြေ့ ဖေဖေနဲ့ အသက်တူတူပဲ အဖေက လာမယ့် ဒီဇင်ဘာ ၁၅ ရက်မှာ ၆၆ နှစ် ပြည့်မှာ၊
မမပန်ရဲ့ ဖေဖေ မွေးနေ့မှာ သားသမီးများနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ နောင်နှစ်ပေါင်းများစွာကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ။
happy Birthday Daddy!!!!
ps.I've heard ma pan got a lil bro.. :P
ဒီပို့စ်လေးကို မပန်ဖေဖေ သိရင် ကြည်နူးဝမ်းသာမှာပဲ... မပန် ဖေဖေ ရဲ့ ၆၆ နှစ်မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်..
ဆုမွန်ကောင်း အတူတောင်းပေးသူများ ကျေးဇူးပါ
တောင်းပေးတဲ့ဆုများနဲ့ပြည့်ဝပါစေ
Post a Comment