“ထွက်ပေါက်ဆိုပြီးပြေးမိမှ
ဟိုဘက်ကကမ္ဘာမှာ
အ၀င်တံခါးဖြစ်နေခဲ့တယ်…”
ဒီလို ငါပြောခဲ့တယ်
ပြောမိသမျှစကားတွေ
ကဗျာထဲ ထည့်ခွေနေမိတော့
ငါက ကဗျာကောင်ကြီး ဖြစ်ဖြစ်လာတယ်
ကဗျာကောင်ကြီးက ကဗျာတွေကိုအန်ချရမှ
နေသာထိုင်သာရှိတယ်
ကဗျာကောင်ကြီးက လိုက်လိုက်အာချောင်
ကဗျာကောင်ကြီးက လက်တစ်ဆုပ်စာဦးနှောက်နဲ့
ကဗျာကောင်ကြီးက ထိလွယ်ရှလွယ်
ကဗျာကောင်ကြီးကို ဝေးဝေးရှောင်ကြ
ငါကပေးထားချက်တွေကြားက
အသန့်ရှင်းဆုံးကစားချင်တဲ့ကောင်ပါ
ဘ၀မှာ ဘယ်နှစ်ခါ အ၀ါကဒ် အထိခံနိုင်သလဲ
တချို့က စကားလုံးတွေကိုခုတုံးလုပ်တယ်
ငါကပန်ဒိုရာကိုခုတုံးလုပ်တယ်
အသာနေစမ်းပါ့ကွယ်
ငါက အကြည်ညိုမပျက်ချင်ပါဘူး
ငါ့မော်ဒန်အကြည်ဓာတ်လည်း အပြတ်မခံနိုင်ဘူး
ငါကအနာဂတ်အပြည့်နဲ့နေထိုင်သူလေ
“ငါ့နှလုံးသွေးတို့ စီးဆင်းစေကာ
ငါ့ဝိညာဉ်ကို ဆေးကြောအံ့
အတွင်းအပ ထပ်တူကျ တည်ပါစေသတည်း”
အနုပညာ ချောက်ကမ်းပါးက
လွယ်အိတ်တစ်လုံးငိုက်စိုက်ချ
ကိုင်းညွတ်နေသော မိုးလှိုင်ည ရေ
မင်းကတော့ ပစ်ချစရာ ဖေဖော်ဝါရီ ရှိခဲ့
ငါကတော့ ငါ့ကိုယ်ငါပဲ ရိုက်ချိုးရတယ်။
ပန်ဒိုရာ
ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်
-
Colourful bean salad and paprika grilled chickenယနေ့ည ဒင်နာရဲ့ theme ကတော့
colorful healthy food ဖြစ်ပါတယ်။ထမင်းလို အာလူးလို ကာဗိုဟိုက်ဒြိတ်
လုံးဝမပါပဲနဲ့...
3 days ago





9 comments:
ရိုက်မချိုးပါနဲ့ဦး ... ချစ်မမပန် ။
အနုပညာ ချောက်ကမ်းပါးက
လွယ်အိတ်တစ်လုံးငိုက်စိုက်ချ
ကိုင်းညွတ်နေသော မိုးလှိုင်ည ရေ
မင်းကတော့ ပစ်ချစရာ ဖေဖော်ဝါရီ ရှိခဲ့
ငါကတော့ ငါ့ကိုယ်ငါပဲ ရိုက်ချိုးရတယ်။
I like so much in this paragraph Ma Pan. This is very meaningful paragraph.
ကဗျာ ကောင်ကြီးကို မရှောင်ရင် ဝင်တိုက်သွားမှာလားဗျ။
မမပန်ရေ....
ဒီကဗျာလေး အရမ်းကောင်းတာပဲ။
ဆက်ပြောရင် ပေါ့ကုန်မှာစိုးလို့။
မပြောတော့ဘူး။ အရမ်းကောင်းတယ်။
ကောင်းတယ်ဗျ
ကဗျာထဲမှာ ကျနော့်အတွက် ဖတ်ရတာ အပင်ပန်းဆုံးက မော်ဒန်ကဗျာပဲ။ ဒါပေမယ့် မမလေး ရေးတာဆိုတော့လည်း ဦးနှောက်ကို အလုပ်ပေးပြီးတော့ ကြိုးစားဖတ်ရတာပေါ့လေ။
ဒီကဗျာကြိုက်တယ်
ကဗျာကောင်ဆိုတာကိုသဘောကျတယ်မ
ရိုက်ချိုးပေမယ့် မကျိုးဘူး မဟုတ်လား ပန်ပန် …
ညွတ်ရုံပဲ ညွတ်လိမ့်မယ် ထင်တယ်။
ကဗျာကောင်အများစုက ထိလွယ်ရှလွယ် အကဲဆတ်ကြပေမဲ့
ပျော့ပြောင်းတဲ့ ပန်ဒိုရာကတော့ အဲလို မဟုတ်ဖူးလို့ သိနေပါတယ်။
ဂျစ်.. ရတော့ဘူး ချိုးမှာပဲ ဟဲဟဲ။
ကိုဆောင်းယွန်းလ၊ မိုးချစ်သူ၊ မင်းတစေ ၊ကိုစေးထူး Chaos။ ကျေးဇူးပါနော်။
ကောင်းကင်ကို။ ဟုတ်တယ် ၀င်တိုက်မှာ။
မမေ၊ သိနေသူနဲ့ကျတော့လည်း ခက်တာပဲနော်။ ဟဲ။
Post a Comment