ဒီမေးခွန်းကိုမေးတဲ့လူက တော်တော် သတ္တိကောင်းသူပဲ ဖြစ်မယ်။ ဂရိပုံပြင်ထဲက ပန်ဒိုရာရဲ့ သေတ္တာထဲက ထွက်လာတဲ့ ကမ္ဘာမြေအတွက် လက်ဆောင်တွေကတော့ ကြောက်စရာ။ တကယ် ထုတ်ပြလိုက်ရမလား။ ဒါပေမယ့် ဒီပန်ဒိုရာကတော့ ပုံပြင်ထဲက ပန်ဒိုရာမှ မဟုတ်ပဲနော်။ ကဲ.. ဒီပန်ဒိုရာရဲ့ အိတ်ထဲမှာတော့ ဘာတွေရှိသလဲ ကြည့်ရအောင်။
- လက်ထိပ်တစ်စုံ
- ပစ္စတိုတစ်လက်
- ဓားမြှောင်တစ်ချောင်း
- အသေးစား ဖောက်ခွဲရေးကိရိယာ…
အဲဒီလိုရှိရအောင် စုံထောက်လည်း မဟုတ်၊ စပိုင်လည်း မဟုတ်။ ဟဲဟဲ…။ နေရင်းထိုင်ရင်း အကြမ်းဖက် ဆူပူသူလည်း ဖြစ်နေပါဦးမယ်။
ရိုးရိုးပါပဲ။ ဒါတွေရှိတယ်။
၁) ပိုက်ဆံအိတ် (Wallet) ။ အဲဒီထဲမှာ ရထား၊ ဘတ်စကား စီးသော ကဒ်။ မှတ်ပုံတင်ကဒ်။ အကြွေးဝယ်ကဒ်၊ ဘဏ်ကဒ်၊ ဘာကဒ် ညာကဒ် မျိုးစုံနဲ့ ငွေစက္ကူအချို့၊ ဘောက်ချာအချို့။ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက်ရဲ့ ပတ်စပို့ပုံ တစ်ပုံ။
၂) လက်ကိုင်ဖုန်း ၂ လုံး။ ဘာလို့ နှစ်လုံး ဖြစ်ရပါလိမ့်။ သြော်.. pandora-and-pandora လေ။
၃) ဖတ်လက်စ စာအုပ်တစ်အုပ်။ ပါချင်ပါမယ်။ မပါချင်မပါဘူး။ တကယ်တော့ ရထားပေါ်မှာ ကားပေါ်မှာ စာဖတ်ရင် ခေါင်းမူးတတ်တယ်။
၎) အလှပြင်ပစ္စည်း ထည့်သော အိတ်ကလေး တစ်လုံး။ အဲဒီအထဲမှာ ဘီးသေးသေး တစ်ချောင်း။ powder foundation ဗူးတစ်ဗူး။ နှုတ်ခမ်းဆိုးဆေး (သို့) lip gloss တစ်တောင့်။ လန်းဆန်းစေသည့် အသီးနံ့တစ်ခုခု ပါသော ရေမွှေး roll-on လေး တစ်ခု။ (ဒါတွေပြောရတာ ရှက်လိုက်တာ။)
၅) အရုပ်ပုံပါတဲ့ တစ်ရှုးလေး တစ်ထုပ်။ ရွေးစရာရှိရင် လှပတဲ့ တစ်ရှုးထုပ်လေးပဲ ၀ယ်တယ်။ တစ်ရှုးလှလှ ကြိုက်တဲ့ ချစ်မမတစ်ယောက် ဆီက ရထားတဲ့ အကျင့်။
၆) name card holder ။ ဘယ်သူပါ ဘယ်ဝါပါ။ အကူအညီလိုရင် ပြောပါနော်။ ဘာညာသာရကာပေါ့ .. ဟဲဟဲ။
ရ) လက်ကိုင်ဖုန်း တစ်လုံးနှင့် တွဲသော earphone ။ စိတ်လိုလက်ရ ရှိရင် လက်ကိုင်ဖုန်းထဲက အမ်ပီသရီး နားထောင်တယ်။ MP3 Player သီးသန့်မ၀ယ်ပါ။ နားထဲကို earphone ထည့်ပြီး ကြာကြာ နားမထောင်တတ်ပါ။ headphone ဆိုရင်တော့ နည်းနည်းရတယ်။
၈) thumb drive ဟိုဟာဒီဟာ အိမ်က ရုံးသယ်။ ရုံးက အိမ်သယ်။
၉) ထီး တစ်ချောင်း။ မိုးရွာလည်းဆောင်း ၊ နေပူလည်း ဆောင်းတယ်။
၁၀) သော့တွဲ နှစ်တွဲ။ အိမ်တစ်ခု ရုံးတစ်ခု။ ပုံထဲမှာတော့ တစ်ခုပဲ ပြထားတယ်။
ဘာတွေလဲဆိုတာ နံပါတ်ထိုးရမှာ ပျင်းတယ်။ ကိုယ့်ဖာသာ ရှာကြည့်နော်။
ထူးခြားချက်။ အမ်ပီသရီး ပလေယာ MP3 Player မရှိခြင်း။ ပြောပြီးတဲ့အတိုင်း နားကမခံနိုင်၍ ၀ယ်ရန် အစီအစဉ် မရှိ။ မွေးနေ့လက်ဆောင်တွေ ဘာတွေလည်း လာမပေးနဲ့နော်။ ပီဒီအေ PDA မရှိခြင်း။ မေ့တတ်၍ တစ်ကြောင်း၊ ရုံးမှာ တချိန်လုံးနှင့် အိမ်ပြန်ရောက် လျှင်ပါ ကွန်ပျူတာရှေ့ မျက်နှာအပ်နေသဖြင့် လမ်းမှာပါ ကွန်ပျူတာနှင့် မဝေးနိုင် ဆိုလျှင် ခက်ကမည်ဟု ကိုယ့်ကိုယ်ကို ဒဏ်ပေးထားတာက တစ်ကြောင်း မ၀ယ်သေးပါ။ ကင်မရာ ကိုတော့ အိတ်ထဲ အမြဲ မဆောင်ပါ။ လေးလို့။ အခုတော့ ထူးခြားတာလေး ရှိရင် ဘလော့ဂ်မှာ တင်ရအောင် ဆောင်ရမလား စဉ်းစားနေတယ်။ လက်ကိုင်ဖုန်းက ကင်မရာက resolution လုံလောက်အောင် မကောင်းပါ။
မေ့တတ်တယ်။ ပုံထဲမှာ ဘာကျန်ခဲ့လဲ။ သြော်.. ဘောလ်ပင် တစ်ချောင်း။ ဒီ့အပြင် များသောအားဖြင့် ဘီလ်များ ဘောက်ချာများ စာရွက်စာတန်း များနှင့် လေးလံနေတတ်။ ယခု ရှင်းထား၍။ ဒါဆိုရပြီနော်။ ဂျစ်ဂျစ်ရေ ကျေနပ်တော့။
အိတ်ကလေး တစ်လုံးကတော့ ပြောခဲ့တဲ့ စုံစီနဖာတွေကို ထည့်ပေးသလောက် မျိုချထားတယ်။ အိတ်ပိုင်ရှင်ကတော့ ကမ္ဘာလောကကြီး တစ်ခုလုံးကို တနင့်တပိုး မျိုချဖို့ ကြိုးစားနေလေရဲ့။
ပန်ဒိုရာ
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
3 days ago





11 comments:
သိသွားပြီ ... :D
မပန်
အိပ်ထောင့်က ပန်းသေးသေးလေးတွေကြိုက်တယ်။ ပစ္စည်းတွေကို နံပါတ်ထိုးမထားတဲ့ အပြင် စီတောင်မထားပဲ ဒီတိုင်း ပစ်ချပြထားတာကို ရယ်ချင်တယ်။ ဖုံးနှစ်လုံးဖြစ်နေတာ အံ့သြတယ်။ မလေးဆို ဖုန်းတောင် မကိုင်ချင်ဘူး။ သူအတင်း ၀ယ်ပေးပြီး ကိုင်ခိုင်းလို့။ roll-on က လည်ပင်းမှာ ပွတ်တာလားဟင်။
အိတ်ကလေးတစ်လုံးက မျှော်လင့်ခြင်းတွေကို မျိုချထားတယ်ဆိုရင်တော့ 
အိတ်ပိုင်ရှင်က မျှော်လင့်ခြင်းတွေကို ရှင်သန်ခြင်းနဲ့ coatedလုပ်ပြီး မ၀ါးဘဲ မျိုချထားမှာပေါ့နော။ ဒါဆိုရင်တော့ မရှိမရှားလေးပေါ့ဗျာ။
ချစ်မမပန် .. ကျေနပ်တယ်း)
hehe roll-on ပါ ထည့်ထားတာကိုးး)
ဒါနဲ့ မလေးက ကွန်မန့်မှာ သူ့ ကို ဘယ်သူက လက်ကိုင်ဖုန်း ၀ယ်ပေးလည်း မသိ အဟီ ။ သိချင်လိုက်တာ ။
Expand မလုပ်ဘဲ ဂမူးရှူးထိုး ဖတ်ပြီး တော့
လန့် သွားတာ . . . ဘယ်လိုပါလိမ့်ပေါ့ . . . နောက်မှ ရှင်းသွား တော့တယ် . . . ဖတ်လို့ ကောင်း တယ်
ပြီးတော့ အိတ်ကလေး ကို ကြိုက်တယ် . . . ဟီဟိ
မပန် အိတ်လေး ကြိုက်တယ်။ ကြည့်ပြီးသမျှ အိတ်တွေ ထဲမှာ မပန် အိတ် အကြိုက်ဆုံးပဲ၊ ဟုတ်တယ် ဂျစ် ပြောသလို မလေးကို ဖုန်းဝယ်ပေးတာ ဘူသူလဲ သိချင်တယ်၊ မလေးရေ ဖြေပါဗျို့၊
မပန် ကျွတ်ကျွတ် အိတ်တလုံးပါ ထည့်ထား ၊ နေ့လည်စာ စားတဲ့ ကြက်ကြော်တွေ ၊ ဘာဂါတွေ မကုန်ရင် ထည့်ရအောင်လို့လေ၊ပြီးရင် ဘာညာ့ ကို ကျွေး ဟတ် ဟတ်
ရှက်တတ်တဲ့ မပန်.. အိတ်လေးက လှတယ်ဗျို့.. :)
မပန်ရေ။ မပန်မျှော်လင့်သလို မျိုချနိုင်ပါစေဗျာ :-)
အိတ်ကလေးကို အားပေးကြသူများ ကျေးဇူးပါ
ရေနဲ့ မျောချ မပန်။
Post a Comment