အနုပညာ..တဲ့။ လှပကျယ်ဝန်းတဲ့ အဓိပ္ပါယ်နဲ့ ပြည့်စုံတဲ့ ဝေါဟာရတစ်ခု။ ဘလော့ဂ်ကို ရေးတယ်။ အနုပညာကို ရေးတယ်။ ဘလော့ဂ်က ကိုယ့်ကိုပြန်ရေး၊ အနုပညာက ဘလော့ဂ်ကို ပြန်ရေးသွားခဲ့တယ်။
ဘလော့ဂ်ရေးသားခြင်း ထဲမှာ အနုပညာ စီးကူးမှုတွေရှိခဲ့။ လရိပ်မှုန်ပျပျမှာ ကဗျာဆရာနှင်းခါးမိုးက ဒီလို ဖွဲ့ဆိုခဲ့။ ကိုယ်ရေးမိတဲ့ မှတ်ချက်က ကဗျာတစ်ပုဒ်ဖြစ်ခဲ့။ မေတ္တာရှင် တစ်ယောက်က ဒီပို့စ်ရဲ့ခေါင်းစဉ် ဖြစ်လာဖို့ စကားလုံးတချို့ ထွက်ကျသွားခဲ့။
ခရီးတောလမ်း
သည်တောမို့
မောမိတယ်…
မုဆိုးလား သားကောင်လား
ဝေေ၀၀ါးဝါး စိတ်ထွေပြားတယ်။
အာရုံမွှေနှောက်
ခြောက်တဲ့အခါခြောက်လိုက်
ကန်ရေပြာမာလာအေးနဲ့
ဟိုအဝေးကမြှူလာလိုက်
ခလုတ်တိုက် သွေးစိမ်းထွက်
ခယောင်းခက် အဆိပ်သင့်တယ်။
ညဥ့်ယံနက်နက်
မျက်လုံးဝင်းလက်လက်
တောကောင်ရဲ့ခေါ်သံ
ဖန်ဖန်ပဲ့တင်
ဟင်...ပြန်မထူးနဲ့
ထောင်ချောက်ကိုသတိထား
လင့်စင်ကိုခိုင်ခိုင်ကိုင်ထား
တောကမာယာများတယ်
မိန်းမသားဆိုတော့လည်း
အားငယ်...... တဲ့။
မတွေ့ ခြေရာ
လှိုက်ဟာ မောပန်း
အနိုင်နိုင်လှမ်းစဉ်
ဘယ်စခန်းပေါက်
ဘယ်လမ်းရောက်ခဲ့ပြီလဲ
ဟိုတောင်တန်း ဟိုသောင်ကမ်းကို
မှန်းလို့မျှော်ရ ရင်ဝမှာဆို့တယ်။
သည်တောက
ခက်တယ်…
သားကောင်တလှည့် မုဆိုးတလှည့်
ကံကြမ္မာကို အမဲလိုက်ကြတယ်။
ပန်ဒိုရာ
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
6 days ago
7 comments:
သည်တောမှာ ခလုတ်တိုက် သွေးစိမ်းထွက် တယ်တဲ့လား ..
(သားကောင်တလှည့် မုဆိုးတလှည့်
ကံကြမ္မာကို အမဲလိုက်ကြတယ်။)
ဆိုတဲ့ စာကြောင်းနဲ့အတူ ခံစားသွားပါတယ် ချစ်မမရေ ။
အာဝဋ္ဋကမ္မတီရမှိ၊
စန္ဒောဘာသေန စုမ္ဗိတေ။
နစ္စဂီတံ ပကာသေန္တိ၊
ပဟူတမိဂလုဒ္ဒကာ။
လရိပ်တစ်ခြမ်းနမ်းတဲ့
ဝေ့လည်လည် ကံကြမ္မာသောင်ကမ်းမှာ
သားကောင်နဲ့ မုဆိုးတစ်သိုက်
ပကာသနသံစဉ်နဲ့ ကကြိုးဆင်နေလေရဲ့….။
ကိုယ်တိုင်ရေးမိတဲ့ ပါဠိဂါထာလေး တစ်ပုဒ်ပါ။ ဒါမျိုး မရေးဖြစ်တာ ကြာလှပေါ့။ ခေါင်းမူးသလိုလို ဖြစ်သွားပြီဗျာ(ခယောင်းဆူးဆိပ်များ သင့်သွားလား မသိ)။
ဒီနေ့ စောစော တောဝင်လိုက်ဦးမယ်။ ဟုတ်ပါဘူး။ အိပ်တော့မယ်။
မျှားပြာ > ဒဏ်ရာဒဏ်ချက်နဲ့ ဘယ်ကင်းနိုင်ပါ့မလဲနော
ဂျစ်ဂျစ် > ခံစားပေးတာ ကျေးဇူးပါ
ကိုမေတ္တာ > လောကဓမ္မတာ လို့ ပြောချင်တာလား ပကာသန သံစဉ်လို့ ဘာလို့ အိုင်ဒီယာ ရသွားရတာလဲ။ မရေးတာကြာတဲ့ ဂါထာလေးတစ်ပုဒ် ရေးပေးတာ ကျေးဇူး အများကြီးတင်ပါတယ်နော်။ ကောင်းကောင်း အိပ်ပျော်ပါစေ။
“တောပျော်”
တောမှာဖွား
တောမှာနေ…..။
တောဓလေ့ တောစရိုက်နဲ့
တောဂိုက်ကို ငါမဖျောက်
တောခြောက်ကာ တောပစ်လျှင်တော့
တောမှာပင် သေ….။
လာဖတ်ပါ၏
လက်ရှိတော့ ဒီကဗျာထဲကလိုပဲ ခံစားနေရာတယ် မပန်ဒိုရာရေ။
Post a Comment