Friday, November 9, 2007

ပန်ဒိုရာ နာမည်ပြောင်းရမလား

မင်္ဂလာပါ။

၂၀၀၇ မတ်လ ၂၇ ကစလို့ ပန်ဒိုရာ နာမည်နဲ့ ဘလော့ဂ်ရေးခဲ့ပါတယ်။ အခုတော့ ယူကေက ညီမလေး တစ်ယောက်က ဒီနာမည်နဲ့ ဘလော့ဂ်ရေးပြီး လိပ်စာမှာလည်း ပန်ဒိုရာ ဆိုတဲ့စာလုံး ၂ လုံး ယူပြီး http://www.pandora-pandorabox.blogspot.com/ လို့ ဘလော့ဂ် အသစ် ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်က စရေးထားပါတယ်။ ပန်ဒိုရာဆိုတာ ရှိခဲ့မှန်း သူ မသိခဲ့လို့ နေမှာပါ။ ဆီပုံးမှာ လာပြောသွားပါတယ်။ သူလည်း ဒီနာမည်လေးကို နှစ်သက်ပုံရပါတယ်။

ဒါပေမယ့် နောက်ပိုင်း တခြားဘလော့ဂ်တွေ သွားလည်တဲ့အခါ ပန်ဒိုရာ နာမည်နဲ့ ရေးသား နှုတ်ဆက်တာတွေမှာ ရောထွေးမှာကို မလိုလားပါဘူး။ လာလည်သူများကိုလည်း မရှုပ်ထွေးစေလိုပါဘူး။ ဒါကြောင့်မို့ နာမည်ဆင်တူ မဖြစ်အောင် ဟောဒီ ပန်ဒိုရာက နာမည်ပြောင်းရင် ကောင်းမလားလို့ စဉ်းစားမိပါတယ်။

ပန်ဒိုရာဆိုတဲ့ နာမည်ကို ဘာကြောင့် ယူခဲ့သလဲ ဆိုတာကိုတော့ အခု အချိန်မှာ ပြန်ရှင်းပြ မနေချင်တော့ပါဘူး။ ကိုယ်သေသွားလည်း အားလုံးထားခဲ့ရမယ့် လောကကြီးမှာ အစွဲအလန်း မကြီးတာပဲ ကောင်းမယ် ထင်ပါရဲ့။

နာမည်ပြောင်းရင်တော့ ဘလော့ဂ် လိပ်စာပါ ပြောင်းစရာ လိုကောင်း လိုလာပါမယ်။ နာမည် နဲ့ ဘလော့ဂ် လိပ်စာ ပြောင်းသင့် မပြောင်းသင့် ဆိုတာနဲ့ နာမည်အသစ် ဘယ်လိုပေးရင် ကောင်းမလဲ ဆိုတာကို ပန်ဒိုရာကို လာဖတ်နေကျ မိတ်ဆွေများနဲ့ တိုင်ပင်ချင်ပါတယ်။ မြန်မာလိုဖြစ်စေ အင်္ဂလိပ်လို ဖြစ်စေ ဒီပို့စ်ရဲ့ မှတ်ချက်မှာ အကြံဥာဏ်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

ခင်မင်စွာဖြင့်

ပန်ဒိုရာ

(မှတ်ချက်။ ။ ယူကေက ညီမလေးက နာမည်ပြောင်းလိုက်သဖြင့် ပြေလည်သွားပါပြီ။ အားလုံးကို ကျေးဇူးတင်ပါသည်။ )

17 comments:

Nyein Chan Aung said...

Pandora's box, noun = a process that, if started, will cause many problems that cannot be solved: This court case could open a Pandora's box of similar claims. ORIGIN: From the Greek myth in which Pandora was created by the god Zeus and sent to the earth with a box containing many evils. When she opened the box, the evils came out and infected the earth.

ကိုယ်ကြိုက်လို့ပေးထားတဲ့ နာမည်ကိုတော့ ခပ်လွယ် လွယ် မပြောင်းနဲ့ပေါ့..။ ဒီကိစ္စမှာ solution ရှိမှာပါ။ လန်ဒန်က Junior Pandora နဲ့ စကားပြော....အဖြေတခု ကို နှစ်ယောက်ပေါင်းပြီး ရှာကြပေါ့။ result တော့ထွက်မှာပါ။ :D

metta campaign said...

န တေန အရိယော ဟောတိ၊
ယေန ပါဏာနိ ဟိံသတိ။
အဟိံသာ သဗ္ဗပါဏီနံ၊
အရိယောတိ ပ၀ုစ္စတိ။


နာမည်ကတော့ အရိယာတဲ့။
ဒါပေမယ့် သတွာတွေကို သတ်ဖြတ်နေတယ်။

သတွာတွေအပေါ် ကြင်နာသနားစိတ်ရှိသူသာ
အရိယာလို့ ခေါ်နိုင်မှာပါ။

ဒီလို ဆိုတာပဲ…ပန်ဒို။

မွန် said...

မမရေ
အခုမှ ပိစိကွေးလေးပဲရှိသေးတဲ့ မွန်ရဲ့ဘလော့အတွက်
အခိုင်အမာတည်ဆောက်ထားခဲ့တဲ့ အိပ်မက်တစ်ခုကို ဖျက်မပစ်ပါနဲ့နော်
နာမည်မှည့်ပုံချင်း တိုက်ဆိုင်နေမှတော့
ဘယ်လိုခံစားချက်ကြောင့် ဒီနာမည်ကိုရွေးခဲ့သလဲဆိုတာ မွန်မှန်းကြည့်လို့ရပါတယ်
အတူတူပါပဲမမ
မွန်နာမည်ပြောင်းလိုက်ပါ့မယ်
မမကသာ မွန့်ကို ညီမလေးတစ်ယောက်အဖြစ် သတ်မှတ်မယ်ဆိုရင်
ပန်ဒိုရာဆိုတဲ့နာမည်ထက် မွန်အများကြီးပိုပြီး တန်ဖိုးထားမိမှာပါ
ပန်ဒိုရာ

မျှားပြာ said...

မပန်ရေ ကိုနေမွန်းသင် ပြောသလိုပါပဲ ... မပန်စိတ်ထဲမှာ ဘာရှိနေမယ်ဆိုတာ တပ်အပ်မသိပေမယ့် ....
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လို ဘလော့ရေးသူ အသစ်တွေအတွက် မြန်မာဘလော့ရပ်ဝန်းလေးဟာ ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးရှိပါလားဆိုတာ အားလုံးကိုသိစေချင်ပါတယ်။
နာမည်ဘယ်လိုပြောင်းပြောင်း မပန်ကတော့ မပန်ပါပဲလေ။ ကိုစိုးထက်ပြောသလို စွယ်စုံရ ဆရာမ မပန်ပေါ့ ...။ ကျွန်တော် စာထဲမှာ မှားတာပါရင်လဲ ခွင့်လွှတ်ပါ။

လေးစားလျှက်
မျှားပြာ

Anonymous said...

အရီးပန်ကလည်း..ပြောင်းပါနဲ့ ...။ လေးမ က အရီးပန် လို့ ပဲခေါ်ချင်တာ...။

pandora said...

ကိုငြိမ်းချမ်းအောင် . ကိုမေတ္တာ . မျှားပြာ . လေးမ အကြံပေးတာ မှတ်ချက်ချတာတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။
ညီမလေး မွန် နာမည်မပြောင်းလည်း ညီမလေးလို သဘောထားပြီးသားပါကွယ်။ အစစ အရာရာ အဆင်ပြေပါစေ။

ကိုဖြိုး said...

ပြောင်းချင်ရင် ပန်ဒိုရာအတုစစ်စစ်ဆိုပြီး ပြောင်းဗျာ ... ဒါမှ မဟုတ်လည်း ပန်ဒိုရားအိုးဆိုပြီ ပြောင်း။
ဘယ်လိုပြောင်းပြောင်း နာမည်ပြောင်းရင်တော့ ကင်ပွန်းတပ်ပွဲလုပ်ရမယ်နော်

Anonymous said...

“မူလလက်ဟောင်း ပန်ဒိုရာ” လို့ အကြံပေးမလို့ ၊အပေါ်မှာ လှလှပပ စည်းစည်းလုံးလုံး သဘောထားကြီးစွာ၊ အဆင်ပြေသွားကြပြီဆိုတော့ မလိုတော့ဘူးပေါ့
All the best..

nu-san said...

မပန်ရေ.. နာမည်ကိစ္စ အဆင်ပြေသွားပြီမို့လို့ ၀မ်းသာစရာပါ... ညက ဘယ်လို အကြံပေးရမှန်းမသိလို့ comment မရေးခဲ့တာ.. မနက်အိပ်ယာ နိုးနိုးချင်း မပန်အကြောင်းသတိရပြီး ဒီကိုလာကြည့်တော့ အားလုံး အဆင်ပြေနေပြီ.. :)

စိုးထက် - Soe Htet ! said...

:)

Anonymous said...

မင်္ဂလာ နံနက်ခင်းပါ . . .
နာမည်ကိစ္စ အဆင်ပြေသွားကြတာ ၀မ်းသာပါတယ် . . .

Anonymous said...

အခုတော့ အားလုံး အဆင်ပြေ သွားကြပြီဘဲ
ကောင်း မှ ကောင်း . . . .

Unknown said...

call her junior pandora

P.Ti said...

နာမည်တော့ မပြောင်းပါနဲ့။ ငယ်ငယ်တုန်းက ကျောင်းမှာဆိုရင် နာမည်တူ ၂ယောက် အတန်းထဲမှာရှိ ရင် နံပါတ်ကို နောက်မှာထည့်ခေါ်လေ့ရှိတယ်လေ။ ဥပမာ မောင်မောင် ၁၊ မောင်မောင် ၂။

နောက်တနည်းကတော့ နာမည်ပြောင်နဲ့ခေါ်တာ။ ဥပမာ ကွမ်းနှစ်ယာ ပန်ဒိုရာ၊ ပိစိ ပန်ဒိုရာ။

အခုတော့ ပိစိ ပန်ဒိုရာ က နာမည်ပြောင်းပေးပါမယ် လို့ဆိုတော့ ပြဿနာမရှိတော့ဘူးနေပေါ့။

Winkabar said...

အားလုံးအဆင်ပြေသွားတာဝမ်းသာပါတယ်။

Anonymous said...

အမတို့နံမည်၂ခုတူတဲ့အကြောင်းဖတ်မိတော့... ၁ခါက ကိုဝေလင်း(ကိုနှင်းခါးမိုး)ရေးတဲ့ ရွေကျင်ဘုန်းကြီးကျောင်း ၂ ကျောင်း အကြောင်းတောင်သတိရမိတယ် ...

mabaydar said...

အစ်မရေ.. ခုမှပဲ အစ်မ ခံစားချက်ကို အပြည့်အ၀နားလည်တော့တယ်...