ပြောင်းမယ် ပြောင်းမယ်နဲ့ ဒီနေ့တော့ တကယ်ကိုပဲ ရုံးစားပွဲအသစ်ကို ပြောင်းပါပြီ။ လက်ပ်တော့ပ် အသစ်တစ်လုံး ပေးတယ်။ ထင်ထားတဲ့ အတိုင်းပဲ ဖောင့်အသစ် ထပ်ထည့်ဖို့ လုံခြုံရေး ပေါ်လစီအရ ခွင့်မပြုပါဘူး။ 
အရင် ကွန်ပြူတာကတော့ ဇော်ဂျီ လက်ကွက် မရှိပေမယ့် ဇော်ဂျီဖောင့်လေး ရှိတော့ ရုံးကဆိုရင် မောင်လှရဲ့ ၀င်းဇော်ဂျီ ကွန်ဗာတာထဲမှာ စာရိုက်ထည့် လို့ရသေးတယ်။ ဒါမှမဟုတ်လည်း ၀င်းအင်းဝလို တခုခုနဲ့ရိုက် နောက်မှ ဇော်ဂျီပြန်ပြောင်း။ အခုတော့ ရုံးမှာ အားချိန်ဆိုရင် မြန်မာစာ လုံးဝရိုက်လို့မရတော့ဘူး။ ဂျီမှာလည်း မြန်မာလို မမြင်ရတော့ဘူးပေါ့။ (ဂျီတော့ခ် တောင် တပ်လို့ ရမရ မသိသေးဘူး။) အီးအိုတီ လုပ်မထားတဲ့ ဆိုဒ်တွေဆိုရင်လည်း မြင်ရမှာမဟုတ်တော့။
မျှော်လင့်ပြီးသားပဲလေ။ တခုခုလိုချင်ရင် တခုခုကို ပေးရတယ်။ ကိုယ့် စိတ်ဝင်စားမှု ပျော်ရွှင်မှု အချင်းချင်းကို compromise လုပ်လိုက်ရတာပဲ။ ဒီ့ထက် ကြီးကျယ်တဲ့ အရာတွေ ကျရင်တော့ ဘ၀ကို ဘ၀နဲ့ပဲ လဲရမှာများလား။
ရုံးကနေ အားချိန်မှာ မြန်မာစာရိုက်တာ ဒါနောက်ဆုံး ဖြစ်မယ်။ (အိမ်မှာ အားလပ်ချိန်ပဲ လုပ်ဖြစ်တော့မှာပေါ့။) မကြာခင်မှာ ဒီကွန်ပျူတာ အဟောင်းထဲက ဖိုင်တွေ အကုန်ဖျက်တော့မယ်။ အကောင်းဘက်က ပြောရရင်တော့ အလုပ်ချိန်မှာ (တကယ်တော့ အားချိန်၊ နေ့လည်စာ စားချိန်တွေပါ) အာရုံအပိုတွေ မလုပ်ဖြစ်တော့ရင် အလုပ်ထဲလည်း ပိုပြီး အာရုံစူးစိုက်မှု ရလာမှာပေါ့လေ။ အာရုံလွင့်ခဲ့တာလည်း တော်တော်ကြာပေါ့။
Mushroom chicken creamy pasta
                      -
                    
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300 
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) - 
200 gmBlack...
1 day ago
 
 


 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
.jpg) 
 
 
 
 
 
 
 
 
 
 Posts
Posts
 
 




5 comments:
အဟီးဟီး
မပန်ရေ
လာနိုသွားတယ်
ကောင်းပေစွ…ကောင်းပေစွ…….ကောင်းပေစွ။
အီဖေစကိုယ်တော့ အလုပ်ထဲမှာ အာရုံလွင့်နေတာကြပြီ (သုံးနှစ်လောက်ရှိပြီ…ဟီး)။ အခုထိ အာရုံ စုစည်းလို့မရသေး။
မပန်ကြီး ... နိုးပလုံပလုံ ...
ဇော်ဂျီကို ဒေါင်းလုတ် လုပ်ပြီးတော့ ကွန်ပျူတာထဲမှာ ထည့်၊ ပြီး ရင် ကလစ် ၂ ချက် နှိပ်ပြီး ဖွင့်ထားလိုက်။ ဒါဆိုရင် မီးမြေခွေးထဲမှာ ဇော်ဂျီနဲ့မြင်ရပြီ။ အင်စတောလုပ်စရာမလိုဘူး။ စမ်းကြည့်ကြည့်
မနိုပါနဲ့ chaos ရေ
ကိုပေါရေ ဒီလိုလုပ်အားတွေနဲ့ ချင်ကာပူကြီး တိုးတက်နေတာလေ (နောက်တာပါ. တကယ်အလုပ် ကြိုးစားတာ အဟီး)
ငစနေ.. ကျေးဇူးပဲ ဖတ်လို့တော့ ရသွားပြီ.. ဟေးး
2007 Job market is very hot in Singapore and many people change the job. Best of Luck. My sister introduced me with your blog and I read many of yours at once. Yeah, you are really an brilliant writer.
Post a Comment