Tuesday, October 30, 2007

ရာသီဖွဲ့

ဒီလိုပဲပေါ့..
ရေအကြောင်း မြေအကြောင်း
မိုးအကြောင်း လေအကြောင်း
တောအကြောင်း တောင်အကြောင်း။

Expand..

Monday, October 29, 2007

ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတွေကို လွတ်လပ်စွာ ပျံသန်းစေတဲ့အခါ

ကျေးဇူးတင်ပါတယ် ချစ်သူငယ်ချင်းလေးတွေရေ..



သီတင်းကျွတ် လပြည့်ညက အင်းယားကန်စောင်းမှာ ချစ်သူငယ်ချင်းတွေ လွှတ်တင်ပေးတဲ့ မီးပုံးလေးပေါ့။ အားမကျဘူးလား။ မနာလိုတော့ မရှိကြနဲ့နော်။

Sunday, October 28, 2007

ပန်းချီဆွဲတဲ့လက် - ၂

ပြင်သစ်လို့ ပြောလိုက်ရင် ပန်းချီတွေ ရုပ်တုတွေ အနုပညာတွေ ဆိုတဲ့ အငွေ့အသက်ကို ခံစားကြရမယ်လို့ ထင်ပါတယ်။ ဒါဆို ပြင်သစ်နိုင်ငံ အတွက် အရေးအကြီးဆုံး ပန်းချီကားက ဘာလဲလို့ မေးလိုက်ရင် အပြင်လူတွေအတွက် တော့ နီယိုကလပ်စစ်ကယ် ပန်းချီဆရာတွေ ဖြစ်တဲ့ ဒါဗီး (Jacques-louis David)၊ အန်းဂ် (Jean-Auguste- Dominique Ingres) ဒါမှမဟုတ် ဒီဘက် အင်ပရက်ရှင် ခေတ်ပိုင်းက မိုနေး (Claude Monet) ၊ မာနေး (Edouard Manet) တို့ရဲ့လက်ရာတွေကိုပဲ ဗြုန်းဆို မြင်ယောင်သွားကြမလားပဲ။

ဒါပေမယ့် ပြင်သစ်လူမျိုးတွေကို မေးကြည့်ရင်တော့ Ferdinand Victor Eugène Delacroix (1798 – 1863) (အနီးစပ်ဆုံး အသံထွက်ရရင် “ဒလခွာ” လို့ထွက်နိုင်မယ် ထင်တယ်။ ပြင်သစ် “r” သံတွေက မြန်မာလို ပြောပြရတာ ခက်တယ်။) ရေးဆွဲခဲ့တဲ့ Liberty Leading the People (La Liberté guidant le peuple) လို့အမည်ရတဲ့ ဒီပန်းချီကားကို သူတို့မျက်စိထဲ မြင်ယောင်လာပါလိမ့်မယ် တဲ့။

Expand..

Thursday, October 25, 2007

အနှစ် ၂၀ အကြာ ကဗျာဆရာ

ခင်ဗျားရဲ့ကဗျာတွေဟာ
ကဗျာမဆန်တော့ဘူး သိရဲ့လား။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
တစ်ရွက်လှုပ်ရင် တစ်ခက်လုံးနာကြ
သစ်ပင်ရဲ့ဒေါသအား မုန်တိုင်းကို ၀ပ်တွားစေမယ်လို့ ကြုံးဝါးမယ်။

Expand..

Monday, October 22, 2007

ကဗျာရေးတဲ့လက် - ၂

ပီ. ဘီ. ရှယ်လီ (Percy Bysshe Shelley 1792-1822) လို့ဆိုလိုက်ရင် စိတ်ကူးယဉ်ဆန်တဲ့ အင်္ဂလိပ်လူမျိုး ကဗျာဆရာ တစ်ယောက်မှန်း သိကြပါလိမ့်မယ်။ Ozymandias, Ode to the West Wind, To a Skylark ကဗျာတွေဟာ သူရေးခဲ့တဲ့အထဲက နာမည်အကြီးဆုံးလို့ ဆိုနိုင်မယ် ထင်ပါတယ်။

ငယ်စဉ်ဘ၀မှာ မိန်းကလေးဆန်ဆန်တောင် နူးညံ့ ပျော့ပျောင်းသူလို့ အများက သိခဲ့ကြတဲ့ ရှယ်လီဟာ အဖေကိုယ်တိုင်က လွှတ်တော်အမတ်ဖြစ်ပေမယ့် သူဖြတ်သန်းခဲ့ရတဲ့ ခေတ်စနစ်ကို ပြည်သူနေရာက ထဲထဲဝင်ဝင် ခံစားပြီး သူ့ကဗျာတွေမှာ ပြင်းပြင်းထန်ထန် ထင်ဟပ်စေခဲ့သူပါ။ ၁၈၁၉ ခုနှစ်က အင်္ဂလန် လို့ အမည်ရတဲ့ ဆွန်းနက် (sonnet) အမျိုးအစား ကဗျာတစ်ပုဒ်ကို ခံစားကြည့်မိပါတယ်။ မူရင်းကတော့ဒီလိုပါ။

Expand..

Saturday, October 20, 2007

အပြောင်းအလဲသို့ခြေလှမ်းများ

စာရွက်စာတမ်း တစ်ထပ်ကြီးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ရုံးခန်းပြောင်းရမည် ဆိုတော့ သိမ်းတန်တာသိမ်း လွှင့်ပစ်တန်တာ လွှင့်ပစ် အလုပ်ရှုပ်ပေဦးမည်။ နေသားကျနေသော နေရာတစ်နေရာမှ နေရာအသစ် တာဝန်အသစ်ကို ပြောင်းရွှေ့ရန် မိမိကိုယ်တိုင်ပင် စိတ်လိုလက်ရ တောင်းဆိုခဲ့သည်လေ။

ကံက မည်သို့ဖန်လာသည်မသိ။ ဘ၀ တလျှောက်လုံးတွင် အိမ်ပြောင်း ကျောင်းပြောင်း အလုပ်ပြောင်း နေရာပြောင်း စသည်ဖြင့် အပြောင်းအလဲတွေ များလှပြီ။ တစ်မြို့မှ တစ်မြို့သို့ ပြောင်းသည်။ တစ်မြို့ထဲမှာပင် အိမ်ပြောင်းသည်။ အလုပ်တစ်ခုမှ တစ်ခု ပြောင်းသည်။ အလုပ်တစ်ခုထဲမှာပင် ဌာနပြောင်းသည်။ ပြောင်းရခြင်းတွေ အခုအထိတော့ လက်စမသတ်နိုင်သေး။

Expand..

Wednesday, October 10, 2007

ဟင်းလင်းပြင်ထဲက လင်းလက်တဲ့သံစဉ်တွေ

အမှန်တရားဆိုတာ
လမ်းမတွေပေါ်မှာ စီတန်းလှည့်လည်တယ်
သံတိုင်တွေနောက်မှာ အံကြိတ်ခံတယ်
မီးသဂြိုလ်စက်ထဲက တိတ်တိတ်ပုန်း ပြာတွေနဲ့အတူ ပျံ့လွင့်တယ်

Expand..

Tuesday, October 9, 2007

ပန်းချီဆွဲတဲ့လက်

ဖရန်စစ္စကို ဂိုယ (Francisco Goya - ၁၇၄၆-၁၈၂၈) ဆိုတာ စပိန်က ပန်းချီဆရာ။ ဘ၀ရဲ့ နောက်ဆုံးချိန်ပိုင်း ကာလများမှာ Black Paintings ဆိုတဲ့ နက်မှောင်မှောင် ချောက်ချားဖွယ် ပန်းချီတွေ အတော်များများ ဆွဲခဲ့တယ်။ အဲဒီအထဲက ထင်ရှားတာက The Great He-Goat or Witches' Sabbath (El aquelarre ) ဆိတ်သိုးကြီး ဒါမှမဟုတ် မကောင်းဆိုးဝါး စုန်းကဝေ ညီလာခံ (အဲဒီလိုပဲ ဘာသာပြန်လိုက်တော့မယ်) ဆိုတဲ့ ဒီကားပါတယ်။


Expand..

Monday, October 8, 2007

ပန်းကလေး တိမ်တိုက် လိပ်ပြာ... နေ့လည်စာ

ငယ်ငယ်က မြေစိုက် စာသင်ကျောင်းကလေး တစ်ကျောင်း။ ကျောင်းနောက်မှာ အလေ့ကျပေါက်နေတဲ့ ရိုးတံရှည်ရှည်နဲ့ နီဝါရောင် ပန်းကလေး ပွင့်တိုင်း သွားသွား ငေးမောခဲ့တဲ့ နေလည်စာစားချိန်တွေ။ အမျိုးအမည်မသိတဲ့ ပန်းတွေပွင့်လို့။ လိပ်ပြာတွေ ၀ဲလို့။ ပိုးဖလံဆန်ဆန် ခပ်နှေးနှေး အကောင်လေးတွေဆိုရင် လက်ဖ၀ါးနဲ့ အသာလေးအုပ်ဖမ်း။ အနီးကပ် သေချာကြည့်။ ပြန်လွှတ်လိုက်။ လက်ဖ၀ါးမှာ အတောင်ပံက အမှုန်လေးတွေ စွန်းပေကျန်ခဲ့မှ နောင်တရ။ ပြီးတော့လည်း ပြန်မေ့တာပဲ။ မိုးတွေရွာရင် ဒူးလောက် ပေါင်လောက် ရေတွေလျှံ။ လွယ်အိပ်ကိုပိုက် ထီးကိုဆောင်းပြီး ပြေးပေတော့။ ကျောင်းရောက်မှ အင်္ကျီ နောက်တစ်စုံ ထပ်လဲ။ ပြတင်းပေါက်နားမှာ ထိုင်ပြီး လှမ်းမြင်နေရတဲ့ လယ်ကွင်းစိမ်းတွေကို ငေးကြည့်။ အဲဒီကတည်းက ပြတင်းပေါက်က စင်လာတဲ့ မိုးစက်မှုန်မွှားတွေကို ချစ်တတ်ခဲ့။ အစားထိုးမရတဲ့ မသိမှုဟာ ပျော်စရာ။ ဖြစ်နိုင်ရင် စကားလုံးမဲ့ ချရေးချင်တဲ့ ပန်းချီကားတွေပေါ့။ စုတ်ခြစ်ရာတွေ ရင်ဘတ် ပေါက်ထွက်မတတ် စူးရှတော့လေ ကိုယ့်လက်ဟာ ကတုန်ကယင်နဲ့။ ထွက်ပေါက်ကို လိုက်ရှာနေတုန်း အချိန်ကျလာတော့ နေ့လည်စာကို ဒေါသတကြီး ၀ါးမိတယ်။ ကဗျာငှက်ကလေး ဟိုအဝေးမှာပ။ ပန်းနုရောင် တိမ်တိုက်က အိပ်မောကျသွားပြန်တယ်။

ပန်ဒိုရာ

Sunday, October 7, 2007

ကဗျာရေးတဲ့လက်

တကယ်ကတော့ မောင်တိန် ပြောလာတာပါ။

ပေတောက် Bei Dao ဆိုတာ တရုတ် တော်လှန်ရေးသမား ကဗျာဆရာပေါ့။ ၁၉၈၉ ကာလများ တက်ကြွခဲ့။
http://prelectur.stanford.edu/lecturers/dao/

Expand..

Friday, October 5, 2007

ကောင်းကင်ခေါ်သံ

ကောင်းကင်ခေါ်သံ

ပျံသန်းခွင့် ဆိုတာ ပြောခွင့်မရတဲ့စကားလုံး
အတောင်ပံ ဆိုတာ ဖြတ်ညှပ်ခံထားရတဲ့အရာတစ်ခု

Expand..