ဒီမြို့ထဲမှာ
( ၁)
မပျော်ဘူး
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး^..တဲ့
အနီးကပ်အမှောင်ပိန်းနေမှ
ဘာကိုမြင်ရမှာလဲ
အဝေးမှုန်တာအတွက်လည်း
မျက်မှန်တစ်လက်မ၀ယ်နိုင်ဘူး
အုတ်နီခဲရင့်ရင့်အရောင်တွေပဲ
တစ်ခွက်ပြီးတစ်ခွက်သောက်ကြတယ်
လွယ်အိတ်တစ်လုံးစာ သက်ပြင်းတွေကြား
စားပွဲပုလေးတွေပဲ ဓားစာခံပြားသွားကြတယ်
အဲဒီ မုတ်ဆိတ်ကျိုးကျဲတွေရဲ့
ခြေဦးတည့်ရာနောက်က
တရွတ်တိုက်လမ်းမကြီးက ရှက်ဝမ်းနည်းမိတယ်။
(၂)
ဝမ်းမီးတောက်ဖို့တောင်
မီးစာကုန် ဆီခန်းတော့
လည်ပင်းတွေ ညောင်းနေအောင် မော့မော့ကြည့်နေရတယ်
ထသွား ထလာ ၀တ်သင့်တဲ့
ဖြူညစ်ညစ် အင်္ကျီတစ်ထည် ကိုတောင်
နောက်ဆုံးညစာအတွက် ရှို့ပစ်ဖို့စဉ်းစားနေပြီ
ကဲ ဘာဆက်လုပ်ကြမလဲ
ယုံကြည်ချက်ဆိုတာ
မနက်ဖြန် ဆိုတဲ့ ဝေါဟာရ ခေါင်းပါးရာဒေသမှာ
မရှင်သန်နိုင်ဘူး
ဟိုကောင်တွေလည်း ငေးငေးငိုင်ငိုင်
လွယ်အိတ်ထဲက လက်ကျန်အကြွေတွေ
ချိုးချိုးချွင်ချွင်နဲ့ စားပွဲပေါ်ကလိမ့်ကျ
ဘယ်သူမှ ထမကောက်ကြဘူး
အဲဒီအခိုက် ကားတစ်စီး ဝေါခနဲအဖြတ်
ဖုန်တထောင်းထောင်းထသွား
အဲဒီင်္ဖုန်တွေ အမှိုက်တွေပါ
အုတ်ခဲရင့်ရောင်ထဲ ဖျော်စပ်လို့
ပျစ်ပျစ်နှစ်နှစ်ကြီး
ရင်ဘတ်ထဲအရောက် မော့ချလိုက်ကြတယ်။
(၃)
နေကမြင့်မြင့်လာတယ်
ဆိုင်ကနေ လမ်းအခွဲ
တံလျှပ်ရဲ့ဖမ်းစားမှုမှာ
ဘာဖြစ်သွားလဲမသိဘူး
အုတ်ခဲရင့်ရောင်တွေ ကြည်လင်
ရွှေအိုရောင် ဖိတ်ဖိတ်စင်သွားတယ်
လမ်းမကြီးက ဒယိမ်းဒယိုင်လိုက်လာတယ်
အဲဒီမှာ
အဲလ်ဘက်ထရော့စ်* (ငှက်) ကို
ငါတို့ထဲကတချို့ဟာ
မြင်ရာမဆိုင်း ပစ်ချလိုက်မိတယ်
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
ငါတို့ရဲ့စိတ်လိုက်မာန်ပါရယ်
ကျိန်စာတွေခ သွေးမြေကျခဲ့တယ်။
(၄)
မျက်ရည်ငန်ပျပျတွေကို
ဝေမျှသောက်သုံးသူတွေဟာ
ရဲဘော်ရဲဘက်ဖြစ်တယ်
အတိတ်ကိုအတိတ်မှာပဲ ထားလိုက်ကြမယ်
ပင်လယ်ကိုဖြတ်သန်းမှတော့
ပင်လယ်ရဲ့အနမ်းကိုခံနိုင်ရည်ရှိရမယ်
လက်တွေ့အရ ဖြစ်မလာဘူး
သဘောတရားအရ မှန်ကန်တယ်
ဒါဆိုငါတို့မှန်ခဲ့တယ်
ဒါဆိုငါတို့မှားခဲ့တယ်
သွေးရူးသွေးတန်း ဓာတ်ပြားဟောင်းတစ်ချပ်
ဖြတ်ခနဲ အက်ရာထင်သွားတယ်။
(၅)
အတူတူဆက်ထွက်လာခဲ့ကြတယ်
အဲလ်ဘက်ထရော့စ် အပုပ်ကောင်ကို
လည်ပင်းမှာဆွဲထားတဲ့ကောင်တွေလည်းပါတယ်
တရွက်တိုက် လမ်းမကြီးက အိပဲ့အိပဲ့နဲ့ လိုက်လာတယ်
တစ်ချက်အကွေ့ ငါတို့ကျောအလစ်မှာ
လမ်းမကြီးက ငါတို့ကို
ကျောက်စရစ်ခဲတစ်လုံးလို
ပိုးစိုးပက်စက် ကန်ထုတ်လိုက်တယ်
အုတ်ခဲရင့်ရောင်တွေ ဖိတ်လျှံ အန်ကျကုန်တယ်
အုတ်ခဲရင့်ရောင် စွန်းထင်းပေပွ ဒီလမ်းမဟာ
အော့ကြောလန်စရာ ဖြစ်လာလိမ့်မယ်လို့
ဘယ်သူကထင်ခဲ့ကြမှာလဲ
ရင်ဘတ်အောင့်နေအောင် နံရံကိုဝင်တိုးမိမှ
မျက်မှန်တစ်လက်ကို ဆွေးဆွေးမြေ့မြေ့ တမ်းတမိတယ်။
(၆)
မပျော်ဘူး
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး
ဖြူညစ်ညစ်အင်္ကျီလည်း အမွှာမွှာကွဲ
အာရုံတွေေ၀၀ါးကုန်ပြီ
လုံးတီးဘ၀ ရှက်ကြသတဲ့
ဖုန်တွေကိုပဲ လုံခြုံနိုးနဲ့
တချို့လူးလှိမ့်ဝတ်ဆင်ကုန်ကြတယ်
မဲ မှောင် စွန်း ထင်း
တစ်ယောက်နဲ့တစ်ယောက်လည်း
မမှတ်မိတော့ဘူး
အချင်းချင်း ကုတ်ခြစ်ဖို့
မာန်ဖီသံတွေကြားနေရတယ်
အုတ်ခဲရင့်ရောင်မိုးတွေရယ်
ပိန်းပိန်းပိတ်ပိတ် လွှမ်းခြုံသွားအောင်
ရွာချလိုက်
ရွာချလိုက်
ရွာချလိုက် ပါ ကွယ်။
(၇)
အုတ်ခဲရင့်ရောင် မိုးကခေါင်တယ်
ကိုယ့်ဘာသာပဲ ဖျော်စပ်ဖို့
အုတ်ခဲကိုထုခွဲကြရင်း
အဖိတ်အစင်တွေ ရှိသွားတယ်
ဟေ့ကောင် ဟေ့ကောင်…
စကားတွေအများကြီးမပြောနဲ့ မောနေမယ်
ဟေ့ကောင် ဟေ့ကောင်…
မကြာခင် ရောက်လာကြတော့မှာပါ
ဟေ့ကောင် ဟေ့ကောင်…
အားတင်းထားကွာ
ဟေ့ကောင် ဟေ့ကောင်…
ငါတို့လုပ်စရာတွေ တန်းလန်းကြီးကွ
ဟေ့ကောင် ဟေ့ကောင်…
ဆောရီး.. ဒီအချိန်မှာ ဒါတွေခေါင်းထဲ မထည့်နဲ့တော့နော်
ဟေ့ကောင် ဟေ့ကောင်…
ငါပြောနေတာ ကြားရဲ့လား
ဟေ့ကောင် ဟေ့ကောင်…
ဟေ့ကောင် ဟေ့ကောင်…
ဟေ့ကောင် ဟေ့ကောင်…
......
......
......
မင်း... ကွာ...။
(၈)
မုန်တိုင်းစဲခါစ
ကောင်းကင်က သူမဟုတ်ခဲ့သလိုပေါ့
တသက်လုံးသောက်ခဲ့တဲ့
အုတ်နီခဲရင့်ရင့်အရောင်တွေဟာ
မျက်နှာငယ်နဲ့ အငွေ့သေပြီး စောင့်နေတယ်
လူစုံပြီလား ခွက်စုံပြီလား
ဟိုကောင်တွေသာ ရှိရင်ကွာ…..
ဘယ်သူမှ စကားပြန်မရဘူး
ဆို့
နင့်
…
စားပွဲပုလေးပေါ် ပစ်ချထားတဲ့
လွယ်အိတ်တွေထဲက
ချိုးချိုးချွင်ချွင်သံပဲ တစ်ချက်ထွက်လာတယ်
နောက်တစ်ခါ ဒီဆိုင်မှာပြန်ထိုင်ရင်
ဘယ်နှစ်ယောက်ကျန်ဦးမှာလဲ..
ငေးမိငေးရာငေးခိုက်
လမ်းမကြီးကိုလှိုင်းစီးလာတဲ့
အဲလ်ဘက်ထရော့စ်ကို
ဖုန်တထောင်းထောင်းကြား
မှုန်ဝါးဝါးမြင်လိုက်ရသေးတယ်…။ ။
ပန်ဒိုရာ
^Byronic unhappiness
*Albatross
Sunday, September 2, 2007
ဒီမြို့ထဲမှာ - ၇ ၊ ၈ (စ-ဆုံး)
Thursday, August 30, 2007
ဒီမြို့ထဲမှာ - ၆
ဒီမြို့ထဲမှာ - ၆
မပျော်ဘူး
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး^
ဖြူညစ်ညစ်အင်္ကျီလည်း အမွှာမွှာကွဲ
အာရုံတွေေ၀၀ါးကုန်ပြီ
လုံးတီးဘ၀ ရှက်ကြသတဲ့
ဖုန်တွေကိုပဲ လုံခြုံနိုးနဲ့
တချို့လူးလှိမ့်ဝတ်ဆင်ကုန်ကြတယ်
မဲ မှောင် စွန်း ထင်း
တစ်ယောက်နဲ့တစ်ယောက်လည်း
မမှတ်မိတော့ဘူး
အချင်းချင်း ကုတ်ခြစ်ဖို့
မာန်ဖီသံတွေကြားနေရတယ်
အုတ်ခဲရင့်ရောင်မိုးတွေရယ်
ပိန်းပိန်းပိတ်ပိတ် လွှမ်းခြုံသွားအောင်
ရွာချလိုက်
ရွာချလိုက်
ရွာချလိုက် ပါ ကွယ်။
ပန်ဒိုရာ
^Byronic unhappiness
Wednesday, August 29, 2007
ဒီမြို့ထဲမှာ - ၅
ဒီမြို့ထဲမှာ - ၅
အတူတူဆက်ထွက်လာခဲ့ကြတယ်
အဲလ်ဘက်ထရော့စ် အပုပ်ကောင်ကို
လည်ပင်းမှာဆွဲထားတဲ့ကောင်တွေလည်းပါတယ်
တရွက်တိုက် လမ်းမကြီးက အိပဲ့အိပဲ့နဲ့ လိုက်လာတယ်
တစ်ချက်အကွေ့ ငါတို့ကျောအလစ်မှာ
လမ်းမကြီးက ငါတို့ကို
ကျောက်စရစ်ခဲတစ်လုံးလို
ပိုးစိုးပက်စက် ကန်ထုတ်လိုက်တယ်
အုတ်ခဲရင့်ရောင်တွေ ဖိတ်လျှံ အန်ကျကုန်တယ်
အုတ်ခဲရင့်ရောင် စွန်းထင်းပေပွ ဒီလမ်းမဟာ
အော့ကြောလန်စရာ ဖြစ်လာလိမ့်မယ်လို့
ဘယ်သူကထင်ခဲ့ကြမှာလဲ
ရင်ဘတ်အောင့်နေအောင် နံရံကိုဝင်တိုးမိမှ
မျက်မှန်တစ်လက်ကို ဆွေးဆွေးမြေ့မြေ့ တမ်းတမိတယ်။
ပန်ဒိုရာ
ဒီမြို့ထဲမှာ - ၎
ဒီမြို့ထဲမှာ - ၎
မျက်ရည်ငန်ပျပျတွေကို
ဝေမျှသောက်သုံးသူတွေဟာ
ရဲဘော်ရဲဘက်ဖြစ်တယ်
အတိတ်ကိုအတိတ်မှာပဲ ထားလိုက်ကြမယ်
ပင်လယ်ကိုဖြတ်သန်းမှတော့
ပင်လယ်ရဲ့အနမ်းကိုခံနိုင်ရည်ရှိရမယ်
လက်တွေ့အရ ဖြစ်မလာဘူး
သဘောတရားအရ မှန်ကန်တယ်
ဒါဆိုငါတို့မှန်ခဲ့တယ်
ဒါဆိုငါတို့မှားခဲ့တယ်
သွေးရူးသွေးတန်း ဓာတ်ပြားဟောင်းတစ်ချပ်
ဖြတ်ခနဲ အက်ရာထင်သွားတယ်။
ပန်ဒိုရာ
Tuesday, August 28, 2007
ဒီမြို့ထဲမှာ - ၃
ဒီမြို့ထဲမှာ - ၃
နေကမြင့်မြင့်လာတယ်
ဆိုင်ကနေ လမ်းအခွဲ
တံလျှပ်ရဲ့ဖမ်းစားမှုမှာ
ဘာဖြစ်သွားလဲမသိဘူး
အုတ်ခဲရင့်ရောင်တွေ ကြည်လင်
ရွှေအိုရောင် ဖိတ်ဖိတ်စင်သွားတယ်
လမ်းမကြီးက ဒယိမ်းဒယိုင်လိုက်လာတယ်
အဲဒီမှာ
အဲလ်ဘက်ထရော့စ်* (ငှက်) ကို
ငါတို့ထဲကတချို့ဟာ
မြင်ရာမဆိုင်း ပစ်ချလိုက်မိတယ်
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
ငါတို့ရဲ့စိတ်လိုက်မာန်ပါရယ်
ကျိန်စာတွေခ သွေးမြေကျခဲ့တယ်။
ပန်ဒိုရာ
*Albatross
Monday, August 27, 2007
ဒီမြို့ထဲမှာ -၂
ဒီမြို့ထဲမှာ -၂
ဝမ်းမီးတောက်ဖို့တောင်
မီးစာကုန် ဆီခန်းတော့
လည်ပင်းတွေ ညောင်းနေအောင် မော့မော့ကြည့်နေရတယ်
ထသွား ထလာ ၀တ်သင့်တဲ့
ဖြူညစ်ညစ် အင်္ကျီတစ်ထည် ကိုတောင်
နောက်ဆုံးညစာအတွက် ရှို့ပစ်ဖို့စဉ်းစားနေပြီ
ကဲ ဘာဆက်လုပ်ကြမလဲ
ယုံကြည်ချက်ဆိုတာ
မနက်ဖြန် ဆိုတဲ့ ဝေါဟာရ ခေါင်းပါးရာဒေသမှာ
မရှင်သန်နိုင်ဘူး
ဟိုကောင်တွေလည်း ငေးငေးငိုင်ငိုင်
လွယ်အိပ်ထဲက လက်ကျန်အကြွေတွေ
ချိုးချိုးချွင်ချွင်နဲ့ စားပွဲပေါ်ကလိမ့်ကျ
ဘယ်သူမှ ထမကောက်ကြဘူး
အဲဒီအခိုက် ကားတစ်စီး ဝေါခနဲအဖြတ်
ဖုန်တထောင်းထောင်းထသွား
အဲဒီင်္ဖုန်တွေ အမှိုက်တွေပါ
အုတ်ခဲရင့်ရောင်ထဲ ဖျော်စပ်လို့
ပျစ်ပျစ်နှစ်နှစ်ကြီး
ရင်ဘတ်ထဲအရောက် မော့ချလိုက်ကြတယ်။
ပန်ဒိုရာ
Saturday, August 18, 2007
ဒီမြို့ထဲမှာ - ၁
ဒီမြို့ထဲမှာ - ၁
မပျော်ဘူး
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး..တဲ့
အနီးကပ်အမှောင်ပိန်းနေမှ
ဘာကိုမြင်ရမှာလဲ
အဝေးမှုန်တာအတွက်လည်း
မျက်မှန်တစ်လက်မ၀ယ်နိုင်ဘူး
အုတ်နီခဲရင့်ရင့်အရောင်တွေပဲ
တစ်ခွက်ပြီးတစ်ခွက်သောက်ကြတယ်
လွယ်အိတ်တစ်လုံးစာ သက်ပြင်းတွေကြား
စားပွဲပုလေးတွေပဲ ဓားစာခံပြားသွားကြတယ်
အဲဒီ မုတ်ဆိတ်ကျိုးကျဲတွေရဲ့
ခြေဦးတည့်ရာနောက်က
တရွတ်တိုက်လမ်းမကြီးက ရှက်ဝမ်းနည်းမိတယ်။
ပန်ဒိုရာ