Showing posts with label picture. Show all posts
Showing posts with label picture. Show all posts

Thursday, January 1, 2015

Happy New Year 2015

Type your summary here. Type the rest of your post here.

Expand..

Tuesday, January 1, 2013

Happy New Year 2013

Expand..

Monday, January 9, 2012

happy new year 2012




၂၀၁၂ ဆိုတာ ရောက်လာခဲ့ပါပြီ။ နှစ်တစ်နှစ်ရဲ့ အစမှာ လုပ်ဖြစ်တဲ့ အလုပ်တစ်ခုဟာ တစ်နှစ်လုံး ဆက်လုပ်နေရတတ်တယ်လို့ အယူသည်းရကြေးဆိုရင်ဖြင့် ပန်ဒိုရာဟာ တစ်နှစ်လုံး ခရီးတွေ သွားနေရမလား မသိပါဘူး။ နှစ်သစ်ညကို မြန်မာပြည်အထက်ပိုင်း တစ်နေရာမှာ ကုန်လွန်စေခဲ့ပါတယ်။ ခရီးမသွားခင် နှစ်တိုင်းတင်နေကျဖြစ်တဲ့ နယူးရီးယားနှုတ်ခွန်းဆက် ပုံကလေးတစ်ပုံ ဆွဲပြီး တင်မလို့ ကြိုးစားသေးတယ်။ အချိန်မရလိုက်ဘူး။ အခုမှပဲ ပုံလေး ဆွဲဖြစ်ပါတယ်။ ပျော်ရွှင်ကြပါစေ။

Expand..

Friday, April 15, 2011

သင်္ကြန် ၂၀၁၁



မင်္ဂလာ မြန်မာနှစ်သစ်မှာ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

Expand..

Wednesday, February 9, 2011

Finding Art in the City - 4

ဒါတွေကတော့ တော်တော် ဆေးကုန်မယ့် ကိစ္စပါ။ နံရံမှာ ခြယ်မှုန်းထားပါတယ်။ ဖန်တီးသူအမည်နဲ့ နောက်ခံအကြောင်းအရာတွေကို ဓာတ်ပုံရိုက်တဲ့အထဲမှာ ပါမလာခဲ့လို့ မပြောတော့ပါဘူး။






ဆက်ပြီးတော့ Natee Utarit ရဲ့ ပန်းချီကားတွေဆီ ဆက်သွားကြမယ်။ အသက် ၄၁ နှစ်ရှိတဲ့ ထိုင်းလူမျိုးပန်းချီဆရာပါ။

ရုပ်တုတွေကို ပန်းချီနဲ့သရုပ်ဖော်တယ်။ ဓာတ်ပုံတွေကို ပန်းချီဆွဲတယ်။ အဖြူအမည်းသက်သက် ဆွဲထားတဲ့ ကားချပ်အသေးတွေကိုလည်း မြင်ရမယ်။ အချိန်ကာလနဲ့ နောက်ခံအခြေအနေတွေက reality ဆိုတဲ့အဓိပ္ပါယ်ကို ဘယ်လိုပြောင်းသွားစေနိုင်ကြောင်းကိုလည်း ရှာဖွေခဲ့တယ် တဲ့။ အနောက်တိုင်းပုံစံ သီးသန့်ဖန်တီးထားတဲ့ လက်ရာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ (နည်းနည်းပျင်းလာလို့ ကိုယ့်ဘာသာပဲ ပုံတွေဆက်ကြည့်ကြပါတော့။ အောက်ကအားလုံးက Natee Utarit ရဲ့လက်ရာတွေပါ။ ပုံအများအပြားထဲက တချို့ကိုပဲ တင်လိုက်ပါတယ်။)










ဒါက ပန်းချီဆရာရဲ့ ကိုယ်တိုင်ရေးပုံတူပါ။ ခံစားချက်တွေဖယ်ထားတဲ့ လိုင်စင်ဓာတ်ပုံဆန်ဆန် ပန်းချီဆွဲထားတာကို တွေ့ရမယ်။

Expand..

Sunday, February 6, 2011

Finding Art in the City - 3

ခဏအိပ်သွားတာ တစ်ပတ်လောက်ကြာတယ်လို့တော့ မထင်ပါနဲ့။ ပြတိုက်ထဲ ဆက်သွားကြရအောင်။


အင်ဒိုနီးရှားက Handiwirman Saputra ရဲ့ Sofa လို့အမည်ရတဲ့ installation art ဖြစ်ပါတယ်။ နံရံမှာ ရုပ်ပုံကားချပ်ပုံသုံးပုံ။ အဲဒီပုံတွေအတိုင်း ခင်းကျင်းပြသထားတဲ့ ဆိုဖာခုံနဲ့ အမဲသားတုံးပုံစံတွေ။ two dimensional နဲ့ three dimensional ရဲ့ ဆက်စပ်ပုံကို စဉ်းစားစရာဖြစ်အောင် ပြသထားပါတယ်။


နောက်အခန်းတစ်ခန်းရဲ့ အ၀င်ဝမှာ ကလေးသူငယ်တွေ နဲ့ ကြောက်လန့်တတ်သူတွေအတွက် သတိပေးစာ ကပ်ထားတယ်။ တရုတ်ပြည်က Shen Shaomin ရဲ့ Summit လို့အမည်ရတဲ့ အခင်းအကျင်း ဖြစ်ပါတယ်။ Summit ဆိုတာက ထိပ်သီးအစည်းအဝေး မဟုတ်လား။ တက်ရောက်နေသူတွေက ကျော်ကြားတဲ့ ကွန်မြူနစ် ခေါင်းဆောင်ကြီးတွေပါ။ ရုရှားရဲ့ လီနင်၊ တရုတ်ပြည်ရဲ့ မော်စီတုန်း၊ မြောက်ကိုရီးယားရဲ့ ကင်အီဆွန်း၊ ဗီယက်နမ်ရဲ့ ဟိုချီမင်းတို့က ခေါင်းတလားတွေထဲမှာ လဲလျောင်းလို့။ ကျူးဘားပြည်ကကြယ်နီ ကက်စထရို ကတော့ ဆေးရုံခုတင်ပေါ်မှာ မိန်းမောနေပါတယ်။ အားလုံး ၀တ်စုံပြည့် အခန့်အညား ၀တ်ဆင်ထားကြပါတယ်။

မှောင်ပျပျအခန်းထဲမှာ ဓာတ်ပုံရိုက်ရတာ ပြတ်သားဖို့ သိပ်ခက်တယ်။ လက်မငြိမ် မကျွမ်းကျင်တာလည်း ပါလိမ့်မယ်။ ရှုစားကြည့်ပါဦး။














(ဆက်ချင်ဆက်ပါဦးမည်။)

Expand..

Saturday, January 29, 2011

Finding Art in the City - 2

စင်္ကာပူပန်းချီပြတိုက် (Singapore Art Museum) ကို ရောက်ခဲ့ပါတယ်။ အရင်တပတ်က ကင်မရာ ပါမသွားလို့ ဒီတပတ် ထပ်သွားပြီး ရိုက်ယူလာတဲ့ ပုံတချို့ကို ဝေမျှလိုက်ပါတယ်။



“ကောင်းကောင်းဆိုးဆိုး အင်ဒိုနီးရှားဟာ ငါ့ရဲ့အိမ်” လို့ အမည်ပေးထားတဲ့ ရုပ်တုဖြစ်ပါတယ်။ Agapetus Agus Kristiandana ဆိုတဲ့ အင်ဒိုနီးရှား အနုပညာရှင်တစ်ဦးရဲ့ ဖန်တီးမှုပါ။ နွားဆိုတာက အင်ဒိုနီးရှားလို စိုက်ပျိုးရေးကို အဓိကထားတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အားထားရတဲ့ သင်္ကေတတစ်ခုအဖြစ် ထင်ဟပ်နေပါတယ်။ နွားမရုပ်တုရဲ့ ကိုယ်ထည်မှာ ကျွန်းတွေနဲ့ အင်ဒိုနီးရှားမြေပုံကို အနီအဖြူနဲ့ သရုပ်ဖော်ထားတယ်။ နို့အုံတွေရယ် အရေပြားရဲ့ မျက်နှာပြင်ဖုထစ်မှုတွေရယ်ကို သဘာဝထက် ပိုချဲ့ကားပြထားတယ်။ သွားရည်ကျစရာ ဖွံ့ဖြိုးကြွယ်ဝမှုတွေကို တစ်တစ်ရစ်ရစ် ဖော်ကျူးပြနေသလို အကျိုးအမြတ်အတွက် အဲဒီအရင်းအမြစ်တွေကို နွားနို့ညှစ်သလို လောဘတကြီး ထုတ်ယူအသုံးချလာကြတဲ့အခါ ဒီနွားမ သင်္ကေတဟာ တည်တံ့ဦးမှာလား စတေးခံရတော့မှာလား ဆိုတာကတော့ ဒီရုပ်တုက ပဲ့တင်နေတဲ့ မေးခွန်းပါ တဲ့။



ဟောဒီ ပန်းရောင်နွားရုပ်ကတော့ “ရာနီ” လို့အမည်ရပါတယ်။ ဖန်တီးသူက အိန္ဒိယက ပန်းချီပန်းပုပညာရှင် Subodh Gupta ဖြစ်ပါတယ်။ ရာနီ ဆိုတဲ့စကားက ဘုရင်မ ဒါမှမဟုတ် ဂုဏ်သရေရှိအမျိုးသမီး လို့ အဓိပ္ပါယ်ရပါသတဲ့။ ဒီစကားလုံးဟာ အိန္ဒိယနိုင်ငံမှာ နွားကို သဘောထားကြတဲ့ ရိုသေမှုကို စံပြုနေပါတယ်။ နွားမဆိုတဲ့ သင်္ကေတဟာ မိခင်အဓိပ္ပာယ်ကိုလည်း ဆောင်သလို နွားရဲ့ နူးညံ့သိမ်မွေ့တဲ့သဘာဝနဲ့ အာဟာရပြည့်တဲ့နွားနို့က ငြိမ်းချမ်းခြင်း အနက်ကို ထင်ဟပ်စေပါတယ်တဲ့။ ဒါပေမယ့်လည်း အဲဒီလို ထုံးတမ်းစဉ်လာထဲက စရိုက်လက္ခဏာတွေဟာ တိုးတက်လာတဲ့ ခေတ်ကြီးရဲ့ ထူးထွေဆန်းပြားမှု အရောင်တွေ စွန်းထင်းနေရကြောင်းကို နွားနဲ့ ဘယ်လိုမှမအပ်စပ်တဲ့ ပန်းဆီရောင်တောက်တောက် အရေပြားနဲ့ ရောနှောပြီး သရုပ်ဖော်ပြခဲ့ပါတယ်။ ဒါဟာ တိုးတက်လာတဲ့ အိန္ဒိယရဲ့ လတ်တလော အခြေအနေကို လှစ်ပြနေပါတယ် တဲ့။

(အိပ်ချင်လာလို့ နားဦးမယ်။ နောက်နေ့တွေမှာ ပုံတွေ ဆက်တင်ပါမယ်။ Finding Art in the City - 1 ကို ဖတ်ချင်ရင် http://pandora-and-pandora.blogspot.com/2010/03/finding-art-in-city.html)

Expand..

Saturday, August 14, 2010

ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်

Expand..

Thursday, August 5, 2010

ထာဝရအိပ်ပျော်သွားတဲ့ ကြယ်


ထာဝရအိပ်ပျော်သွားတဲ့ ကြယ်

ကြယ်တစ်ပွင့်
လွင့်ထွက်ကြွေခိုက်
ပင့်သက်တွေ ရှိုက်ရပြန်တယ်..။

“မပွင့်ဘဲဖူးခဲ့ရတဲ့ ကောင်မို့ မှောင်တယ်” တဲ့
အခုတော့ ခင်ဗျား
အလင်းတွေကြား ထွက်သွားခဲ့ပြီ။

“တယ်လီဖုန်းခေါ်သံတွေ ကြားတာတောင်
ပြန်မထူးဖြစ်တဲ့ကောင်” တဲ့
အခုတော့ ခင်ဗျား
ပြန်ထူးစရာမလိုအောင် ထွက်သွားခဲ့ပြီ။

“ငါ့မှာတစ်ယောက်ထဲ ဖြစ်နေရတဲ့အထဲ
ဝေါကနဲပျောက်ဆုံးလိုက်ရ” တဲ့
အခုတော့ ခင်ဗျား
အငွေ့တွေကြား ပျောက်ကွယ်သွားခဲ့ပြီ။

“လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ဂီတပါပဲ” တဲ့
အခုတော့ ခင်ဗျား
ဗုံသံတွေ မကြားတဲ့အရပ်ဆီ ထွက်သွားခဲ့ပြီ။

“ယုံကြည်ထားစမ်း ရေခိုးရေငွေ့တွေကလည်း
ပင်လယ်ကို ပစ်ပေါက်စိုက်ပျိုးနိုင်ရမယ်ဆိုတာ” တဲ့
အခုတော့ ခင်ဗျား
ပင်လယ်ကို စိုက်ပျိုးပြပြီး ထွက်သွားခဲ့ပြီ။

“မေမေရေ.. မိုးတိမ်တွေထဲ ခြေပစ်လက်ပစ်
သားဝင်အိပ်ပစ်လိုက်ချင်ရဲ့” တဲ့
အခုတော့ ခင်ဗျား
ခြေပစ်လက်ပစ်အိပ်နေပုံများ
ကျွန်တော်တို့ ခေါ်တာတောင် မကြားတော့ဘူး။ ။

ခေလွန်း

(သြဂုတ်လ ၅ရက်၊ ၂၀၀၇ တွင် ကွယ်လွန်သွားသော စာရေးဆရာ တာရာမင်းဝေအတွက် အမှတ်တရ ရေးဖွဲ့ပါသည်။)

ဆရာတာရာမင်းဝေ ကွယ်လွန်တဲ့နှစ်က ခေလွန်း ရေးထားခဲ့တဲ့ကဗျာလေးပါ။

ဆရာ တာရာမင်းဝေ ကွယ်လွန်တာ ၃ နှစ်မြောက်ခဲ့ပြီ။ မနှစ်ကလည်း အမှတ်တရပို့စ်တစ်ခု တင်ဖြစ်တယ်။ အပေါ်မှာ တင်ထားတဲ့ ပုံတူလေးကိုဆွဲပြီး စိတ်တိုင်းမကျတာနဲ့ ထပ်ပြင်ရင်း နောက်ကျသွားလို့ သိမ်းထားလိုက်တယ်။

ဒါကတော့ တာရာမင်းဝေအမှတ်တရ ဘလော့ဂ် လိပ်စာပါ။ http://taryarminwaimemorial.blogspot.com

အမှတ်တရ စာအုပ်တစ်အုပ်ကို ဒီနေရာမှာ download ယူလို့ရပါတယ်။

ရေဒီယို အစီအစဉ်တခုမှာ ကဗျာဆရာနှင်းခါးမိုး ပြောပြတဲ့ တာရာမင်းဝေအကြောင်းကို ကိုဇာနည်ဝင်းရဲ့ ဘလော့ဂ် ဒီနေရာမှာ နားထောင်နိုင်ပါတယ်။

တာရာမင်းဝေကဗျာတစ်ပုဒ်ကို ရွတ်ဆိုထားတဲ့ အသံကိုတော့ ဆရာမမေငြိမ်းရဲ့ဘလော့ဂ် ဒီနေရာမှာ နားထောင်နိုင်ပါတယ်။

မနော်ဟရီရဲ့ ဘလော့ဂ်မှာ ဆရာ့ကဗျာတွေ စုစည်းထားတာကို သွားယူလို့ရပါတယ်။

ပန်ဒိုရာ

Expand..

Friday, June 25, 2010

ပြူတင်းပေါက်မှန်ပေါ်မှာ မိုးရေတွေ



ပြူတင်းပေါက်မှန်ပေါ်မှာ မိုးရေတွေ

တချိန်ချိန်က ချိန်းဆိုထားခဲ့တာ ဖြစ်ကောင်းဖြစ်မယ်
ခြိမ်း၍ ခြိမ်း၍လည်း ရွာခဲ့ပါတယ်
မိုးရေပေါက်တွေ...
မျက်လုံးအောက်ကို ရောက်မလာဘူး
ကန့်လန့်ဖြတ်တန်းတွေရဲ့ နောက်ကနေ
ပြူတင်းပေါက်ရဲ့ အပြင်ကို
ငေးရုံ ငေးကြည့်ခဲ့တယ်။

ပန်ဒိုရာ

Expand..

Sunday, May 23, 2010

Navy Open House 2010

စင်္ကာပူ ရေတပ်က အများပြည်သူအတွက် ၂၂ ကနေ ၂၃ မေ အထိ တံခါးဖွင့်လှစ်ပြီး ပြသထားတဲ့ Navy Open House 2010 ပွဲကို သွားကြည့်ဖြစ်ပါတယ်။ Expo ရထားမှတ်တိုင်ကနေ ပြပွဲကစီစဉ်ထားတဲ့ အခမဲ့ဘတ်စ်ကားကို မိနစ်၂၀လောက် ဆက်စီးပြီး Changi Naval Base ဆိုတဲ့နေရာကို သွားရပါတယ်။






အထက်က ပုံတွေကတော့ ဘတ်စ်ကားပေါ်မတက်မီ Expo မှာ ပြသထားတာ ဖြစ်ပါတယ်။




Changi Naval Base ကို ရောက်ပါပြီ။ လမ်းမှာတော့ ရေဆိုးကနေ ရေသန့်ကို ထုတ်တဲ့စက်ရုံတို့ဘာတို့ ဖြတ်ခဲ့ရပါတယ်။





ဒီပုံတွေက ကုန်းပေါ်မှာ ပြသထားတာဖြစ်ပါတယ်။




အခုရေထဲက တက်လာနေတဲ့ ယာဉ်က ကုန်းပေါ်မှာရော ရေထဲမှာပါ သွားလို့ရတယ်။ Duck Tour ဆိုပြီး လူတွေကို တင်ပြီး ရေထဲမှာ ၃ ပတ်လောက် မောင်းပေးပါတယ်။ ဒါကို စီးဖို့ တန်းစီရတာတော့ အတော်ကြာတယ်။








ရွက်ဖျင်တဲကြီးတွေထဲမှာ ပြပွဲတွေ စီစဉ်ထားတယ်။ ရေယာဉ်နမူနာ အသေးစားလေးတွေ လက်နက်တွေ ရေတပ်သားတွေရဲ့ ၀တ်စုံမျိုးစုံ နမူနာတွေကို ပြထားပါတယ်။




သေနတ်ပစ် လေ့ကျင့်လို့လည်း ရပါတယ်။ ကလေး၊လူကြီး၊ကျား၊မ မရွေး ၀င်စမ်းကြတယ်။ သေနတ်တွေက တော်တော်လေးသား။ တစ်ချက်ချင်းပစ်မလား။ အတွဲလိုက်ဆွဲမလား။ လေယာဉ်ကိုပစ်ချတဲ့ အကြီးစားတွေလည်း ပါတယ်။ လေ့ကျင့်တဲ့ဂိမ်းကတော့ စင်္ကာပူက ပိုလီကျောင်းတစ်ကျောင်းက ရေးထားတဲ့ software လို့ပြောပါတယ်။ ပထမဆုံးအကြိမ် အဲဒီလောက် သေနတ်အကြီးကြီး ကိုင်ကြည့်ဖူးခြင်းပဲ။ ပစ်သမျှ ထိတာများတယ်လို့ ထင်မိပေမယ့် မပစ်ရမယ့် ဟာတွေကိုပါ ပစ်မိလို့လားမသိဘူး။ အမှတ်ထွက်လာတော့ တော်တော်နည်းတယ်။ လက်ရုံးရည်နဲ့ ပြည့်စုံချင်ရင် လေ့ကျင့်ဖို့ လိုသေးတယ် ပြောရမယ်။ :P






ကလေးတွေကစားဖို့ ပျော်စရာရွှင်စရာတွေ ဖန်တီးထားတဲ့ တဲတစ်တဲရှိပါတယ်။ အားကျလာပြီး ဓာတ်ပုံအရိုက်ခံကြတဲ့ အနာဂတ်ရဲ့ သားကောင်းကလေးတွေကိုလည်း တွေ့မိပါတယ်။




ဒီသင်္ဘောက patrol လှည့်တာလို့ ပြောပါတယ်။



အခုလှမ်းမြင်ရတဲ့ သင်္ဘောထဲမှာက ရှင်းပြနေတဲ့သူရှိတယ်။ မဲပေါက်တဲ့သူတွေပဲ ၀င်ရတယ်။ လူဦးရေကို ကန့်သတ်တဲ့အတွက်လို့ ထင်ပါတယ်။ အထူးအစီအစဉ်တွေက ကံစမ်းမဲပေါက်သူတွေပဲ သွားလို့ရပါတယ်။ မဲထည့်ထားပြီးရင် ပေါက်တဲ့အခါ သူတို့က ဖုန်းနဲ့ဆက်သွယ်ပါတယ်။ တစ်ခုမှ မပေါက်ခဲ့ပါ။




ဒီသင်္ဘောကတော့ carrier လို့ဆိုတယ်။ အဲဒီလိုသင်္ဘောမျိုး တစ်စီးအပေါ်ကို တက်ကြည့်ခဲ့ပါတယ်။




ဒီလိုတက်ပါတယ်။




သင်္ဘောပေါ်မှာ ပုစဉ်းတစ်ကောင် တင်ထားတယ်။ ကလေးတွေကတော့ တက်ကစားကြပါတယ်။




အပေါ်ကို ဆက်တက်တော့ ဒီဟာကို တွေ့ရတယ်။



ဒါက သင်္ဘောဦးကနေ ရှေ့ဘက် ကိုလှမ်းကြည့်တဲ့ မြင်ကွင်းပါ။





စက်တွေ ထိန်းချုပ်မှု စနစ်တွေ။




သင်္ဘောအတွင်းဘက်ကို လျှောက်သွားကြည့်ပါတယ်။ ဒါကတော့ နံရံမှာ ချိတ်ဆွဲထားတဲ့ ဆုတံဆိပ်တွေကို ရိုက်လာတာ။




ဒါက ရေတပ်သားတွေရဲ့ အနားယူခန်း။ တခြားနေရာတွေကိုလည်း တွေ့ခဲ့ပါတယ်။ မီးဖိုချောင်၊ ထမင်းစားခန်း၊ အိပ်စင် စသည်ဖြင့်ပေါ့။ လှေခါးမတ်စောက်စောက် ကျဉ်းကျဉ်းလေးတွေကို ဆင်းရတာ အသည်းယားစရာပဲ။




ဒီအသေးလေးက သင်္ဘောဗိုက်ထဲမှာပါ။



ဒါက သင်္ဘောအသေးလေး စီးဖို့ လူတွေစောင့်နေကြတာ။ ကိုယ်တိုင်ကတော့ Duck Tour မှာ စီးခဲ့ပြီမို့ ထပ်မစီးခဲ့တော့ဘူး။



ဗိုက်ထဲကနေ ဒီကို ထွက်သွားမှာပါ။

ဒီလောက်ပါပဲ။ ကိုယ့်လို မမြင်ဖူးသူတွေ ကြည့်ရအောင် ဓာတ်ပုံအချို့ကို ဝေမျှလိုက်တာပါ။ ၂၃ ရက်နေ့အထိ ဆိုတော့ အခုတနင်္ဂနွေအထိ ရှိပါတယ်။ မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ တဲ့။ အထူးသဖြင့် ကလေးတွေကို လိုက်ပြသင့်တဲ့ show လို့ ထင်မိပါတယ်။

ပန်ဒိုရာ



Expand..