ကိုဆောင်းယွန်းလ က သတိတရ ရေးခိုင်းလာပါတယ်။
ဆိုညည်းခဲ့တဲ့ သီချင်းတွေက ဒီအရွယ်အထိဆိုရင် အများကြီးပေါ့။ ရေချိုးခန်းထဲမှာ.. မောင်နှမတွေနဲ့ အတူတူ အိမ်ရှေ့ ၀ရံတာလေးမှာ.. သူငယ်ချင်းတွေနဲ့ ခရီးထွက်ရင် ဟိုင်းဝေးသွားတဲ့ ကားပေါ်မှာ… ။
မြန်မာသံစဉ်တွေထဲမှာ ကလေးလေးဘ၀က စပြီးကြားဖူးတဲ့သီချင်းကတော့ ချောကလျာ ဆိုတဲ့ သီချင်းပါ။ အိပ်ခါနီးတိုင်း အဲဒီသီချင်းကို ဖေဖေကဆိုပြီး သိပ်လေ့ရှိတယ်။ အငယ်ဆုံး ညီမလေး မွေးလာတော့ သူ့ကို ကိုယ်က ဆိုပြီးသိပ်တဲ့ သီချင်းကတော့ ချစ်ပြုံးနှင်းဆီ။ ညီမလေးကတော့ အဲဒီသီချင်းကို ပန်းသီချင်း လို့ခေါ်တယ်။ ညီမလေးကို ချော့သိပ်ဖို့ အဲဒီသီချင်းကို ခဏခဏ ဆိုပေးရတာပေါ့။
ဂစ်တာတီး မတောက်တခေါက် စသင်ခဲ့တဲ့ အချိန်ကတော့ အစ်ကိုတွေမောင်တွေနဲ့အတူ ထူးအိမ်သင်ရဲ့ သီချင်းတွေကို အများဆုံး ဆိုညည်းဖြစ်တယ်။ (အခုတော့ လုံးဝမတီးတတ်တော့ပါ။) ရော့ခ် ဂီတ ဆူဆူညံညံ တချို့ကိုလည်း ဇော်ဝင်းထွဋ်တို့ လေးဖြူတို့ ကျေးဇူးနဲ့ ခံစားတတ်ပြီး နှစ်နှစ်သက်သက် လိုက်အော်လာတတ်လာတယ်။
တက္ကသိုလ်တက်ခဲ့တဲ့ တလျှောက်မှာ ချစ်ရက်ရှည်ရှည် အင်းလျားမြေ တို့ တက္ကသိုလ်ကျောင်းက ငွေလမင်း တို့၊ အဓိပတိလမ်းက ခြေရာများ တို့ သူငယ်ချင်းတွေနဲ့ အတူတူ ဆိုညည်းကြ။ မကေသွယ်ရဲ့ ဘလော့ဂ်မှာ သီချင်းတချို့ကို ပြန်တွေ့တော့ လွမ်းသွားတယ်။
မြန်မာသီချင်းဖြစ်ဖြစ် အင်္ဂလိပ်သီချင်းဖြစ်ဖြစ် သံစဉ်တွေမက စာသားတွေကို ပိုပြီး တွေးတော ခံစားတတ်လာခဲ့တယ်။ အိမ်မှာ သီချင်းတွေဖွင့်ပြီး ကာရာအိုကေ လိုက်ဆိုတဲ့ကာလ တွေရှိခဲ့တယ်။ တခါတခါ ကက်ဆက်ခွေနဲ့ အသံသွင်းတယ်။ ကောင်းကောင်း မကောင်းကောင်း ကိုယ့်ဘာသာ ပြန်နားထောင်တယ်။ အဲဒီအထဲမှာ ကိုယ့်အဖို့မှာကား အလှတရား ကိုယ့်အနုပညာပါ ကိုယ့်ရဲ့ခံစားချက်များ ကိုယ့်ဖန်တီးမှုများသာ ….. ဆိုတဲ့ အလှသစ္စာတရား သီချင်းလည်းပါတယ်။ မရွှေပြည်သူ ဘလော့ဂ်မှာ တင်ထားတဲ့ ရွှေလည်တိုင် ဆိုတဲ့ သီချင်းလေးလည်းပါတယ်။ သင်္ကြန်မိုးထဲက နှစ်ကိုယ်တူချစ်သမျှ လည်းပါတယ်။
နောက်တော့ သီချင်းတွေကို နားမထောင်ဖြစ်သလောက်၊ ပါးစပ်ကနေ ထုတ်မညည်း မိသလောက် ပြတ်လတ်သွားတဲ့ အချိန်တွေရှိခဲ့။ တချို့သီချင်းတွေက နားမထောင် ချင်တော့တာမျိုး။ ပြန်မကြား မခံစားနိုင်တော့တာမျိုး။ အချိန်တွေ နေရာ မလပ်တော့တာကြောင့်လည်း ပါတယ်။ တနေ့ လန့်နိုးလာပြန်တယ်။
ထင်ချင်ရာထင်ပေါ့လို့ ထင်ပိုင်ခွင့်ပေးလည်း
ကိုယ်လိုရာကိုဆွဲပြီး ကိုယ်မထင်ရက်ဘူးကွယ်..
စိုင်းထီးဆိုင်ရဲ့ တယောက်သောသူအနမ်း ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကနေ သီချင်းတချို့ရဲ့ စာသားတွေကို ထိရှခံစားဖြစ်လာတယ်။ နှုတ်ဖျားမှာ ရင်ထဲမှာ မြန်မာသီချင်း နိုင်ငံခြားသီချင်း တချို့ကို အထပ်ထပ် ဆိုညည်းခဲ့တဲ့ ကာလတွေ ရှိခဲ့ပြန်တယ်။
နိုင်ငံခြားသီချင်းကို မြန်မာစာသားနဲ့ လိုက်ဆိုလို့ရအောင် ဘာသာပြန် ကြည့်ဖူးတာကတော့ နှစ်ပုဒ်လောက်ပဲ ရှိပါတယ်။ အဲဒီအထဲက Way back into love ဆိုတဲ့ ရုပ်ရှင်သီချင်းလေးတစ်ပုဒ် ကိုတော့ ဒီဘလော့ဂ်မှာ တင်ထားခဲ့ပါတယ်။
ဘ၀ဆိုတာ ဒီလိုပဲ ပေါ့ပါးလိုက် လေးလံလိုက်မဟုတ်လား။ လတ်တလောကို ပြောရရင် မိုက်ကယ်ဂျက်ဆင် ဆုံးပါးသွားတော့ နှစ်သက်မိတဲ့ သူ့သီချင်း တချို့က နှုတ်ဖျားပြန်ရောက်လာတယ်။
Heal the world
Make it a better place
For you and for me and the entire human race
There are people dying
If you care enough for the living
Make a better place for you and for me
ဆိုတဲ့ အပိုဒ်လေးကို အထပ်ထပ် ညည်းဆိုနေမိတယ်။
အခုနောက်ဆုံး ရင်ထဲမှာ ၀င်နေတဲ့ သီချင်းလေးတစ်ပုဒ်ကတော့ အိမ် ဆိုတဲ့ သီချင်းလေးပါ။ အဆိုတော် ဓိရာမိုရ် ဆိုတယ်လို့ပြောပါတယ်။ ရေးသူကတော့ သူကိုယ်တိုင်လား သူ့အစ်ကို အကြည်တော်လား အသေအချာ မသိပါ။ ကိုယ်ပိုင်သံစဉ်လို့ ထင်မိတယ်။ မဟုတ်ဘူးဆိုရင်လည်း စာသားအဓိပ္ပါယ်ရော သံစဉ်ပါ လှပလို့ နှစ်သက်မိပါတယ်။။ ကိုယ့်အိပ်မက်တွေနဲ့လည်း ထပ်တူကျနေတယ်။
အိမ်
ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့အိမ်
ရံရွေလယ် ထည်ဝါစွာ ဆင်စွယ်နန်းအိမ်
ကျူထရံတွေကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်
အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ
(ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ...။
မြင့်မြတ်ခြင်းတွေ ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ...။)
အိမ်အပြင်မှာ ၀ါပင်တွေကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ထွန် ၀ါချည်မျှင် ဖျင်တဘက်ရယ်
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့ မယ့် ဆန်အရက်ရယ်
ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ်
(ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ...။
မြင့်မြတ်ခြင်းတွေ ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ)
ရင်ခွင်မှာ ရှင်သန်ရာ ခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာတည်ဆောက်ကြမယ်
အဆောင်အယောင်တွေ မဆင်ယင်ချင် ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဍာရီရာဇ၀င်လို ၀ိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ် ...
တစ္ဆေတစ်ကောင်ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ...
တို့အိမ်... ငါတို့အိမ်...
ရဲရင့်လိုက် ...ချစ်တဲ့အိမ် တို့ဆောက်ကြမယ်...
(ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေ ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ)
005 Home 002.mp3 - diyamo
အစအဆုံး နားဆင်ရန်
Sunday, October 25, 2009
ဆိုညည်းခဲ့တဲ့ သီချင်းတချို့အကြောင်း
Thursday, August 7, 2008
သာသည့်မြေမှာ
သူတို့ရဲ့ ၄၃ နှစ်မြောက် အမျိုးသားနေ့ကတော့ နီးလာပါပြီ။ အလုပ်ထဲမှာလည်း National Day Observance ဆိုပြီး ပျော်ရွှင်ပွဲလေးလုပ် စားကြသောက်ကြ လုပ်ကြပါတယ်။ သာရေးနာရေး ကော်မီတီထဲမှာ ပါနေတဲ့အတွက်ကြောင့် အဲဒီအခန်းအနားလေး လုပ်ကိုင်ပြင်ဆင် ကြတဲ့အထဲမှာ နိုင်ငံသား မဟုတ်သော်လည်း ဖြူနီဝတ်စုံ တကားကားနဲ့ ပါဝင်ဖြစ်ခဲ့ပါတယ်။
ပန်ဒိုရာ ဒီနိုင်ငံလေးကို စရောက်ရောက်ချင်း အချိန်က တစ်ခုသော ဂျူလိုင်လမှာပါ။ ရောက်ပြီး တစ်လအကြာ သြဂုတ်လမှာ National Day အစမ်းလေ့ကျင့်ပွဲအတွက် လက်မှတ်ရခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရောက်ခါစဆိုတော့ အဲလိုလက်မှတ်မျိုးကို ဒီကလူတွေ ညအိပ် တန်းစီတိုး ပြီးတော့ကို လိုချင်ကြမှန်း မသိခဲ့ဘူး။ ရတော့လည်း သွားကြည့်လိုက်တာပေါ့လေ။ အဲဒီမှာပဲ သူတို့တွေရဲ့ ပျော်ရွှင်တက်ကြွစွာ ပါဝင်မှုကို အံ့သြခဲ့ရပါတယ်။
ဒီနိုင်ငံမှာက တကယ့်နေ့ဖြစ်စေ အစမ်းပွဲဖြစ်စေ လူတွေက အရမ်းသွားချင်ကြပါတယ်။ တစ်နှစ်မှ တစ်ခါ ကျင်းပတဲ့ အစည်ကားဆုံး အခန်းအနား ဖြစ်သလို အဲဒီပွဲမှာ အခမဲ့ဝေတဲ့ အိတ်တလုံးနဲ့ စားစရာတွေ လက်ဆောင်တွေလည်း ရတာကိုး။ နှစ်စဉ်နှစ်တိုင်းမှာ သီချင်းအသစ် တစ်ပုဒ် အထူးစပ်တယ်။ နာမည်ကြီး အဆိုတော် တယောက်ယောက်က ဆိုပါတယ်။
ဟိုတနေ့က ကျင်းပတဲ့ အလုပ်ထဲက အခန်းအနားလေးမှာလည်း နိုင်ငံတော်သီချင်း အပါအ၀င် သီချင်းတွေ ဆိုကြပါတယ်။ လက်ကလေးတွေ လေထဲဝှေ့ယမ်းပြီး သူတို့ ပျော်ရွှင် တက်ကြွစွာ သီဆိုနေတာကို ဓာတ်ပုံတွေ ရိုက်ပေးရင်း သီချင်းတွေထဲက သံစဉ်ရော စာသားပါ နှစ်သက်မိတဲ့ သီချင်းတစ်ပုဒ်ကို ဝေမျှချင်စိတ် ပေါ်လာပါတယ်။
We are Singapore
There was a time when people said
That Singapore won't make it, but we did
There was a time when troubles seemed too much
For us to take, but we did
We built a nation, strong and free, reaching out together
For peace and harmony
Chorus 1:
This is my country, this is my flag
This is my future, this is my life
This is my family, these are my friends
We are Singapore, Singaporeans
Singapore our homeland, it's here that we belong
All of us united, one people marching on
We've come so far together, our common destiny
Singapore forever, a nation strong and free
( Repeat Chorus 1 )
( Sung ) (ဒါက သူတို့ရဲ့ National Pledge ပါ)
We the citizens of Singapore
Pledge ourselves as one united people
Regardless of race, language or religion
To build a democratic society
Based on justice and equality
So as to achieve happiness
Prosperity and progress for our nation
Chorus 2:
We are Singapore, we are Singapore
We will stand together, hear the lion roar
We are Singapore, we are Singapore
We're a nation strong and free forevermore
( Repeat Chorus 1 & 2 )
We are Singapore, Singaporeans ( X 2 )
Chorus ပိုဒ်မှာ သူတို့တွေ ပျော်ပျော်ရွှင်ရွင် သီဆိုကြသလို “ဒါငါ့နိုင်ငံပဲ၊ ဒါငါ့အလံပေါ့၊ ဒါငါ့ရဲ့အနာဂတ်၊ ဒါငါ့ဘ၀၊ ဒါငါ့မိသားစု၊ ဒါငါ့မိတ်ဆွေတွေ၊ ငါတို့မြန်မာနိုင်ငံ၊ ငါတို့မြန်မာနိုင်ငံသားတွေ” လို့ ခေါင်းမော့ရင်ကော့ ပြုံးပြုံးကြီး ပြောချင်လိုက်တာ။ ပြည်သူတွေရဲ့ အနာဂတ်နဲ့ ဘ၀ ဆိုတာ နိုင်ငံတော်ဆိုတဲ့ အရာနဲ့ ထပ်တူ ကျ လာစေချင်လိုက်တာ။ သူ့မြေမှာ ဖြူပြာပွင့်လို့ တင့်တယ် နေကြတာကို ကြိုးစား မုဒိတာပွားရင်း ဆရာမကြီး ငွေတာရီရဲ့ ကဗျာလေးတစ်ပုဒ် ကိုလည်း သတိရမိတယ်။
သာသည့်မြေသို့
အလှထူးပါဘိ
မြဖူးပြာအငုံနှင့်
လွှာရုံမှာညှာစုံကျင်းရော့ထင်
ဖြူဝင်းငွေမှုန်လွှာတို့
လေယူရာ ရနံ့ညင်း
သင်းပျံ့ခဲ့သူ့ခြံမှာ။
ငါ့ခြံကြည့်ပြန်တော့
မချိပူပွေဖြာခဲ့
မြေပြာမှာနေစာမတင့်နိုင်ဘု
ကြည်စရာနီဝါတွေလည်းမပွင့်လေတော့
စိမ်းရင့်ရောင်နွယ်ခြုံဖုတ်တွေက
ရှုပ်ထွေးကာ လိမ်ခွေယှက်
အားပျက်စရာ။
သူ့စခန်း
သာဆန်းရဂုံသွင်မို့
ငါလှမ်းကာခိုဝင်လို့
ပြာငွေစင်ကြိုင်ပျံ့ရှားပါတဲ့
ပွင့်ငုံဆင် ပင်တွေကြားမှာလ
လျှောက်သွားကာ ပျော်လိုလှပါဘိ
မြရောင်စို သည်မြေခင်းရယ်နဲ့
ညင်းလေခို သစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့ တစ်ကိုယ်သာ
ရွှင်ပါချင့်စိတ်ထဲ။
သို့လည်းလေ
မသင့်လျော်လေဘု
ငါ့ခြံမြေဥယျာဉ်နန်းဟာလည်း
လှလေသည်သာစခန်းပေပေါ့
စိတ်ပန်းကို သည်လိုဖြေလို့
ကျက်သရေ တက်နေ၀င့်အောင်လ
ငါ့ခြံမြေ အခြေမြှင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါမျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနှုတ်ဖို့ခဲ။
ငွေတာရီ
Thursday, June 12, 2008
နိုင်ငံတော်ကိုရွတ်ဖတ်ခြင်း နှင့် ဖွဲ့တည်ရာအသစ်
ပထမအကြောင်းအရာကတော့ နိုင်ငံတော်စုန်းစုန်းမြုပ်ခြင်း ဆိုတဲ့ ပန်ဒိုရာရဲ့ကဗျာကို ဆရာဦးငြိမ်းဝေက ရွတ်ဆိုပြီး ဇွန်လ ၁ ရက်နေ့မှာ အာအက်ဖ်အေကနေ အသံလွှင့်ထားတဲ့ အကြောင်းပါ။ နားမထောင်ရသေးသူတွေ နားထောင်ရအောင် ဝေမျှလိုက်ပါတယ်။ အသံဖိုင်မှာပါတဲ့ သုံးသပ်ချက်များကတော့ ဆရာဦးငြိမ်းဝေရဲ့ အာဘော်ဖြစ်ပါတယ်။ (ဆရာပြောထားတာနဲ့ ပတ်သက်လို့ဒီနေရာမှာ တခုလေးပြောချင်။ ပန်ဒိုရာသည် ပညာရှင် မဟုတ်ပါ။ ပညာသေ ဆိုလျှင် ပိုနီးစပ်ပါဦးမည်။)
ဒုတိယအကြောင်းအရာက သင့်ကာ၊ ဟန်သစ်ငြိမ် နှင့် အပေါင်းပါများ စီစဉ်သော ဖွဲ့တည်ရာမဂ္ဂဇင်း အမှတ် ၃ ထွက်ပြီဆိုတာ မောင်းထုချင်တာပါ။ ပန်ဒိုရာရဲ့ ဆောင်းပါးတစ်ပုဒ် ပါပါတယ်။ ဘလော့ထဲမှာ ဖော်ပြပြီးသား ပို့စ်တခု ဖြစ်ပါတယ်။ ဘာလဲဆိုတာ သိချင်ရင်တော့ တခြား စာကောင်းပေကောင်းတွေကို ဖတ်ရင်းနဲ့ ရှာဖွေကြည့်နိုင်ပါတယ်။ ဒီနေရာကို သွားပြီးတော့ ဘယ်လို ဒေါင်းလုဒ် လုပ်ရမလဲဆိုတာ ရှာကြည့်လိုက်ပါနော်။
Thursday, May 29, 2008
ပြည်သူများအတွက်….
မတ်လထဲမှာ ပန်ဒိုရာ ကဗျာတပုဒ် တတ်သရွေ့မှတ်သရွေ့ ဘာသာပြန်ပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ “အင်္ဂလန် ပြည်သူများအတွက် တေး” လို့အမည်ရတဲ့ ရှယ်လီရဲ့ကဗျာကို ခံစားခြင်း ဖြစ်ပါတယ်။ ရေးရခြင်း အကြောင်းရင်းကတော့ ရေးချင်လို့ပါ။ ဘာသာပြန်ရခြင်း အကြောင်းရင်းကတော့ ဒီကဗျာကို သူများ ဘာသာပြန်ပြီးသား ရှိမရှိကို သတိမထားမိ မဖတ်ဖူးလို့ပါ။
ဆရာဦးငြိမ်းဝေက ဧပြီ ၄ ရက်နေ့က RFA ကနေ ဒီကဗျာကို ပြန်လည်ခံစားပြီး ရွတ်ဆိုသွားခဲ့ပါတယ်။ နားမထောင်ရသေးသူများ နားဆင်နိုင်ရန်အတွက် ပြန်လည် ဝေမျှလိုက်ပါတယ်။
အဲဒီ အသံဖိုင်မှာပါတဲ့ သုံးသပ်ချက်များကတော့ ဆောင်းပါးရှင် ဆရာဦးငြိမ်းဝေရဲ့ အာဘော် ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Thursday, November 29, 2007
WAY BACK INTO LOVE
ပျော်ရွှင်စရာ သီချင်းလေးတွေနဲ့ ဘ၀မှာ ပေါ့ပေါ့ပါးပါး တခါလောက် နေကြည့်ပါလား။
ချစ်ခြင်းမေတ္တာဆီ အတူတကွ ပြန်သွားကြပါစို့။
DJ ယောဆရာ ကို အားကျလို့ DJ ပန် လုပ်လိုက်တယ်။ အဟဲ။
တကယ်တော့ ဒီသီချင်းလေးကို သဘောကျနေတာ လွန်ခဲ့တဲ့ သုံးလေးလလောက် ကတည်းကပါ။ ချစ်စရာကောင်းတဲ့ Music and Lyrics ဆိုတဲ့ ရုပ်ရှင်ကားလေးထဲကပါ။ Alex Fletcher အဖြစ် Hugh Grant နဲ့ Sophie Fisher အဖြစ် Drew Barrymore က သရုပ်ဆောင်ထားတယ်။ အဲဒီရုပ်ရှင်မှာ သဘောကျတဲ့ စကားပြောလေးတွေလည်း ရှိသေးတယ်။ ဒီလို..
Alex Fletcher: It doesn't have to be perfect. Just spit it out. They're just lyrics.
Sophie Fisher: "Just lyrics"?
Alex Fletcher: Lyrics are important. They're just not as important as melody.
Sophie Fisher: I really don't think you get it.
Alex Fletcher: Oh. You look angry. Click your pen.
Sophie Fisher: A melody is like seeing someone for the first time. The physical attraction. Sex.
Alex Fletcher: I so get that.
Sophie Fisher: But then, as you get to know the person, that's the lyrics. Their story. Who they are underneath. It's the combination of the two that makes it magical.
သီချင်းကို မြန်မာလိုပါ လိုက်ဆိုလို့ရအောင်လို့ စာလုံးထည့်ကြည့်မိတယ်။ ဒီတော့ ဘာသာပြန်တာက အတိအကျ ဖြစ်ချင်မှဖြစ်မယ်။ (ကိုယ်ညံ့တာကို ကြို ကာ ထားတာ။) ကော်ပီ ကော်ပီနဲ့ နာမည်သာဆိုးတာ စကားလုံးဆရာတွေရဲ့ အလုပ်ကလည်း မလွယ်ဘူးပဲ။ တော်တော် ခေါင်းစားတယ်။ ကိုယ်တိုင် လုပ်ကြည့်မှသိတယ်။ ဆိုကြည့်နော်.. စကားလုံး ထောက်သေးရင်လည်း မှတ်ချက်မှာ အကြံပြုသွားပါဦး။ ခေါင်းစဉ်ကိုလည်း ဘယ်လိုပြန်ရမလဲ ချန်ထားခဲ့တယ်။
I've been living with a shadow overhead
အရိပ်တွေအုပ်မှောင်လွှမ်းခြုံ..အမြဲပဲ နေ..ခဲ့..ရ..
I've been sleeping with a cloud above my bed
အိပ်ရာထက်မှာဖုံးအုပ် .. မိုးသား..တိမ်တွေ…နဲ့
I've been lonely for so long
ဘ၀က ကိုယ့်တစ်ယောက်သာ..အထီးကျန်
Trapped in the past, I just can't seem to move on
အတိတ်တို့က အကျဉ်းချလို့ ရုန်း..မထွက်..နိုင်ခဲ့..
I've been hiding all my hopes and dreams away
အိပ်မက်တွေဝေးကွာ ကိုယ့်မျှော် လင့်..ချက်.တွေ..လည်း.. ကွယ်ဝှက်
Just in case I ever need em again someday
တနေ့မှာ ထပ်လိုအပ်နေ.မိ..ခဲ့..ရင်..များ..အတွက်
I've been setting aside time
အချိန်လေးများ ဘေးကို ခဏ.သိမ်း..ထား
To clear a little space in the corners of my mind
စိတ်ထောင့်ကလေးရှင်းလို့ ကိုယ် ကွက်…လပ်..ချန်.ထား
All I want to do is find a way back into love
လိုချင်တာက လိုက်လို့ရှာဖွေ အချစ် ပြန်တွေ့..မယ့်. လမ်း
I can't make it through without a way back into love
ပြန်ရှာနေတဲ့ အချစ်ကို မတွေ့ပဲ ဘယ်ရပ်..တည်..နိုင်ပါ့မလဲ
Oh oh oh
အို အို အိုးးး
I've been watching but the stars refuse to shine
စောင့်နေတုန်းပဲ ကိုယ့်ကို အလင်း.မပေး.ချင်.တဲ့..ကြယ်တွေ
I've been searching but I just don't see the signs
အရိပ်အရောင်လေးတောင် မတွေ့တော့ မောပေါ့ လိုက်..ရှာခဲ့
I know that it's out there
တကယ်ဆိုဟိုအနားလေးမှာ
There's got to be something for my soul somewhere
တနေရာမှာတစုံတရာတော့ ရှိမယ် ကိုယ့်ဝိညာဉ်အတွက်
I've been looking for someone to shed some light
လိုက်ရှာခဲ့တာ အလင်းရောင် ထွန်းပေးနိုင်မယ့် သူတစ်ယောက်
Not just somebody just to get me throught the night
ကိုယ့်ကို ညတွေ ဖြတ်ကျော် ပေးဖို့ အတွက် မကဘူး
I could use some direction
လိုတာ သူ ညွှန် လမ်းပြပေး
And I'm open to your suggestions
ဒါဆို အကြံဥာဏ်ပေးမလား ကိုယ်..ဖွင့်..ထား
All I want to do is find a way back into love
လိုချင်တာက လိုက်လို့ရှာဖွေ အချစ် ပြန်တွေ့မယ့် လမ်း
I can't make it through without a way back into love
ပြန်ရှာနေတဲ့ အချစ်ကို မတွေ့ပဲ ဘယ်ရပ်..တည်..နိုင်ပါ့မလဲ
And if I open my heart again
တကယ်လို့များ နှလုံးသားလေး ပြန်ဖွင့်ခဲ့ရင်
I guess I'm hoping you'll be there for me in the end
ကိုယ်ထင်တယ် မင်းလေးတနေ့တော့ရောက်မယ် ကိုယ်..မျှော်နေမိသေး
Oh oh
အို အို
There are moments when I don't know if it's real
အစစ်အမှန် လားလို့ မခွဲတတ် ဆွတ်ပျံ့အချိန်..လေး..များ
Or if anybody feels the way I feel
ကိုယ့်လိုပဲလေ ထပ်တူ တယောက်ယောက် ခံစား..သလား
I need inspiration
လိုအပ်ခဲ့ အကြည်ဓာတ်ကလေး
Not just another negotiation
နောက်ထပ်တွေ့ရတဲ့ ညှိနှိုင်းမှုမဟုတ်သေး
All I want to do is find a way back into love
လိုချင်တာက လိုက်လို့ရှာဖွေ အချစ် ပြန်တွေ့..မယ့် လမ်း
I can't make it through without a way back into love
ပြန်ရှာနေတဲ့ အချစ် မှမပါရင် ဘယ်ရပ်..တည်..နိုင်ပါ့မလဲ
And if I open my heart to you
ကိုယ်ရင်ကိုဖွင့်ပြလိုက်ရ..လို့ရင်
I'm hoping you'll show me what to do
ဘာတွေကိုယ်လုပ်ဖို့ မင်းညွှန်..ပြမလား
And if you help me to start again
တကယ်လို့များ အသစ်စဖို့ကူ..ပေးရင်
You know that I'll be there for you in the end
နောက်ဆုံးတော့ ရှိနေမယ် ကိုယ်အမြဲတမ်း မင်းအတွက်ပဲ
Oh oh
အို အို