ဟန်သစ်ငြိမ်၊ ခိုင်စိုးလင်း နဲ့ အပေါင်းပါများ စီစဉ်ကြတဲ့ “အနုပညာအကြောင်း အနုပညာ” ဆိုတဲ့ လျှပ်စာအုပ်ကလေး ထွက်လာပါတယ်။ :)
အနုပညာဆိုတဲ့အရာနဲ့ ပတ်သက်လို့ ထင်မြင်၊ တွေးတော၊ ဖွဲ့နွဲ့ ထားတဲ့ အရေးအသားတွေကို တွေ့ရပါမယ်။ အများစုကတော့ အင်တာနက်စာမျက်နှာတွေမှာ ရေးသားကြသူတွေရဲ့ စာတွေထဲက စုစည်းထားတာ ဖြစ်ပါတယ်။ ပန်ဒိုရာ ဆွဲပေးထားတဲ့ ပုံတစ်ပုံကို စာအုပ်အဖုံးအဖြစ် ဒီဇိုင်းပြင်ဆင်ထားပါတယ်။ ၂၀၀၈ ခုနှစ်က ရေးခဲ့တဲ့ ပန်ဒိုရာရဲ့ စာတစ်ပုဒ် ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ အောက်ပါ လင့်ခ်ကနေ ဒေါင်းလုတ်ဆွဲယူပြီး ရှုစားနိုင်ကြပါကြောင်း ဘလော့ဂ်မိတ်ဆွေ သူတော်စင်အပေါင်းသိစေဖို့ ကြော်ငြာဝင်လိုက်ရပါတယ်။ :)
http://www.mediafire.com/file/5nf7tqlk85mezzg/The%20Art%20On%20The%20Art%20%28Jpeg%29.pdf
Updated.....
-
ဒီနေ့ ရုံးတက်တဲ့စတိုလ်....။ ကျနော် ဧပြီလကတည်းက ဆံပင်ရိတ်ပစ်လိုက်တာ
ပိတ်ရက်ရှည်ဆိုတော့ ရုံးလည်းပြန်ဖွင့်ရော အမေးခံရတာ ဒီနေ့ထိ
မယ်သီလရှင်ဝတ်တာလားပေါ့......
2 days ago