အလွမ်းပြေ
ဘလော့ကြွလာ မိတ်သဟာများ နှစ်သစ်မှာ ရွှင်လန်းကြပါစေ။
မြန်မာလို ပို့စ် တိုတိုလေးတစ်ခု အလွမ်းပြေ တင်လိုက်မယ်။ ဇော်ဂျီဝမ်း လက်ကွက် မရှိတဲ့၊ ၀င်းဖောင့်နဲ့ ဇော်ဂျီ ကွန်ဗာတာလည်း မရှိတဲ့ ကွန်ပြူတာကနေ ဘယ်လိုတင်လဲ သိချင်လား။ ဒီလိုလေ ကိုယ့်ရုံးက ကွန်ပြူတာမှာ အေတိုက်နဲ့ ၀င်းအင်းဝပဲရှိတယ် ဇော်ဂျီဝမ်းက ဖတ်လို့ပဲရတယ် လက်ကွက်မရှိဘူး။ အဲဒါတွေက အရင်က သွင်းထားတာ။ နောက်ပိုင်းတော့ အိုင်တီသမားတွေ ဘာလည်းမသိ အပ်ဒိတ် လာလုပ်လိုက်ကတည်းက ဖောင့်အသစ် ပရိုဂရမ်အသစ်ဆို ဘာမှာ အင်စတောလ် လုပ်လို့မရတော့ဘူး။ ဖိုင်းယားဖောက်ခ်စ် လည်းမရှိတော့ ကိုယ့်ဘလော့ ပို့စ်တင်တဲ့ နေရာမှာလည်း မြန်မာလို မြင်လို့မရဘူး။
အိမ်က ကိုယ့် လက်ပ်တော့ပ် ကလည်း အင်တာနက် မရှိတဲ့နေရာမှာ။
ပန်ဒိုရာ ဥာဏ်နီဥာဏ်နက်သုံးပြီး ဒီပို့စ်ကို ရုံးက ကွန်ပြူတာမှာ အေတိုက်နဲ့ရိုက်လိုက်တယ်။ ပြီးတော့ ပလန်းနက်ကိုသွားပြီး ဖိုရမ်ကို လော့အင်လုပ်ပြီး ဇော်ဂျီကွန်ဗာတာနဲ့ ပြောင်းလိုက်တယ်။ အခုတော့ ရပြီပေါ့။ ဒါပေမယ့် တစ်ခုခုရေးဖို့ အချိန် ရှားပါးနေတယ်။ ရုံးမှာ အလုပ် အရမ်းများနေတယ်။ ကူညီတဲ့ အစစ်စတန့်က နားသွားတယ်။ စူပါဗိုက်ဆာက ဆေးခွင့်ရက်ရှည် ယူထားတယ်။ တေဘီဆရာပဲ။ နောက်မှ ပြန်လာမယ်နော်။ ဟဲ ဟဲ။
ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်
-
Colourful bean salad and paprika grilled chickenယနေ့ည ဒင်နာရဲ့ theme ကတော့
colorful healthy food ဖြစ်ပါတယ်။ထမင်းလို အာလူးလို ကာဗိုဟိုက်ဒြိတ်
လုံးဝမပါပဲနဲ့...
23 hours ago
No comments:
Post a Comment