အသစ်မရေးအားတော့လည်း -ရတနာ- ကပဲ သွားသွား တူးဆွနေရတယ်။ ဒါက ပုံစံတစ်မျိုး။ ပေါ့ပေါ့ပါးပါးပေါ့။ လူကြီးတွေတော့ ကြိုက်မယ်မထင်ဘူး။ (ဒီလိုပြောလို့ ပန်ဒိုရာက ဘယ်လောက် ငယ်လို့လဲ ဆိုတော့.. အင်း ကိုယ်လည်း လူကြီးပါပဲလေ။)
“သူငယ်ချင်းလေးယောက်”
တရံရောအခါကျောင်းတော်မှာ
ချစ်သူငယ်ချင်းလေးယောက် ရှိခဲ့တာ
တစ်ယောက်ကတော့ကျောင်းစာ အသေကြိုးစား
တစ်ယောက်က လှချင်ပချင်စိတ်ကများ
နောက်တစ်ယောက်က စားမယ်သောက်မယ်ချက်ပြုတ်စား
ဟိုစပ်ဒီစပ် ကဗျာရူးကတော့ငါမဟုတ်လား
အတူ နေ အတူ စား အတူ သွား
ပျော်ရွှင်ခဲ့ကြကာလများ
လာကြသွားကြ ဒီလိုဘ၀မှာ
ထာဝရတရား ဘာမှမတားနိုင်
ကာလများတောင်ကြာခဲ့ပါလား။
ပျော်ရာမှာမှာမနေ တော်ရာရှာဖွေ
လျော်မှာပါလေလို့ဆုံးဖြတ်ကာ မင်းတို့ထွက်လို့သွား
တစ်ယောက် ပြီး တစ်ယောက်
ခြေရာတွေပျောက်
တောက်လျောက်ဝေးကွာ နိုင်ငံတွေပါ ခြား
ရက်ရှည်ရှည်တိုင်း
မျက်ရည်တွေဝိုင်းတာ သက်သေတံတိုင်းပါ
မှန်းဆနှိုင်းကာ အခု ဘဝ
ပြန်မရတော့တဲ့ အတိတ်ကခြေရာများ
တို့တွေဆုံနိုင်ဦးတော့မလား။
တခါ တခါ ငါပြန်စဉ်းစား
သောကတွေကင်းကွာ လောဘတွေရှင်းစွာ
မင်းပျော်ခဲ့တာအိပ်မက်လား လို့
အချိန်စက်များ မှိန်ပျက်သွား
မိုးစက်တွေကြား ပြိုးပြက်မျက်ရည်များ
ငါးနှစ်ကြာရင်ပြန်လာမယ်လို့ ပြောခဲ့ကြတဲ့စကား
ငါ့မှာတော့ရုန်းမထွက်နိုင်တစ်ယောက်ထဲ
လမ်းဆိုးကြီးထဲမှာလျှောက်နေဆဲ
အမြဲသတိရမယ်ပြောခဲ့ကြတာ
ငါယုံလိုက်ပါမယ်သူငယ်ချင်းတို့ရာ။ ။
ပန်ဒိုရာ
၅၊၁၊၂၀၀၆
တရုတ် စတိုင် ဝက်သုံးထပ်သားပေါင်း (Braised pork belly)
-
ဒီနေ့ ဒင်ဒင်ကတော့ တရုတ်ဆိုင်တွေမှာ စျေးကြီးပေးဝယ်စားရတဲ့ Braised Pork
Belly ဝက်သုံးထပ်သား ပေါင်းပေါ့။အလွန်အင်မတန်မှ စားကောင်းလို့ ဘော်ဘော်တွေ
လုပ်စားရအောင...
2 days ago
2 comments:
So touching!!!
I like it sis!! You sure rocks!!
See! only youngsters like it. ha ha ha..
Post a Comment