ဒီမြို့ထဲမှာ - ၎
မျက်ရည်ငန်ပျပျတွေကို
ဝေမျှသောက်သုံးသူတွေဟာ
ရဲဘော်ရဲဘက်ဖြစ်တယ်
အတိတ်ကိုအတိတ်မှာပဲ ထားလိုက်ကြမယ်
ပင်လယ်ကိုဖြတ်သန်းမှတော့
ပင်လယ်ရဲ့အနမ်းကိုခံနိုင်ရည်ရှိရမယ်
လက်တွေ့အရ ဖြစ်မလာဘူး
သဘောတရားအရ မှန်ကန်တယ်
ဒါဆိုငါတို့မှန်ခဲ့တယ်
ဒါဆိုငါတို့မှားခဲ့တယ်
သွေးရူးသွေးတန်း ဓာတ်ပြားဟောင်းတစ်ချပ်
ဖြတ်ခနဲ အက်ရာထင်သွားတယ်။
ပန်ဒိုရာ
တရုတ် စတိုင် ဝက်သုံးထပ်သားပေါင်း (Braised pork belly)
-
ဒီနေ့ ဒင်ဒင်ကတော့ တရုတ်ဆိုင်တွေမှာ စျေးကြီးပေးဝယ်စားရတဲ့ Braised Pork
Belly ဝက်သုံးထပ်သား ပေါင်းပေါ့။အလွန်အင်မတန်မှ စားကောင်းလို့ ဘော်ဘော်တွေ
လုပ်စားရအောင...
3 days ago
3 comments:
ကြိုက်တယ်.. စာသားတိုင်းပဲ ။ ဒါလေးတော့ ဂျစ် အရပ်နဲ့မှီတယ်လို့ ထင်ရတာပဲ အဟီးး ။
မပန် ရေ..ကြိုက်သွားပြီ။
ကြိုက်သူတွေ ရှိသေးသကိုး.. ဟဲ
Post a Comment