Sunday, November 18, 2007

ဘာညာအတွက် ဘာဂါ

နိုဝင်ဘာ ၈ ရက်နေ့က ဘာညာလေးမွေးနေ့ကို လက်ဆောင်မပေးဖြစ်ခဲ့ဘူး။ ဒါနဲ့ သူက ကိုယ့်အသည်းလေးကို လာဖဲ့တယ်။ အသည်းတော့ အဖဲ့မခံနိုင်ဘူး။ ဘာဂါ တစ်လုံး ကျွေးမယ်လို့ နှစ်သိမ့်လိုက်ရတယ်။ အခုတော့ နောက်ကျလက်ဆောင် ဘာဂါလာပြီ။ ဘလော့ဂ် စရေးခါစကတည်းက အခုအချိန်အထိ ခင်မင်ခဲ့ရတဲ့ ညီမကလေး။ အချိန်ကြာလာတာနဲ့ ခင်မင်မှုတွေ ပိုလို့သာ တိုးလာခဲ့ရတဲ့ ဘာညာလေး.. ဘ၀တလျှောက် စိတ်ချမ်းသာမှုများနဲ့သာ ကြုံတွေ့ရပါစေ…လို့။ (ဘာညာရေ မြန်မြန်လာ။ သူများတွေယူသွားမယ်။)


အမြဲ ပျော်ရွှင်ပါစေနော်
ချစ်ညီမလေး ဘာညာဘာညာ အတွက်
ငိုရင် အိအိ ရယ်ရင် ကွိကွိ လို့မြည်တတ်သော
နိုင်ငံတရှဲရှဲကျော်သော ဘလောက်ဂါလေး အတွက်
ဘာဂါ၀၀လေး တစ်လုံး ပေးလိုက်မယ်
နိုင်ငံတရှဲရှဲကျော်သော ဘလောက်ဂါလေး အတွက်
ငိုရင် အိအိ ရယ်ရင် ကွိကွိ လို့မြည်တတ်သော
ချစ်ညီမလေး ဘာညာဘာညာ အတွက်
အမြဲ ပျော်ရွှင်ပါစေနော်


HH said...

ဟဲဟဲ.. ဘာဂါတော့ဝေစားမယ် အသဲတော့ဝေမစားဘူးဆိုတဲ့ အမကြီး.. Belated Birthday Burger for BarNyar (BBBB) အတွက်မွားးးးးးးး။
ဘလောက်တုန်း ဘလောက်စဲ ဘလောက်လတ္တံ သောကာလတွေမှာ ဒီလို ဒီလို အမတွေနဲ့ စုံသိရ ဒီလိုဒီလို ပိုစ့်လေးတွေလက်ဆောင်ရတာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ကျေးဇူးများကြီးတင်ပါတယ် မကြီးပန်။

ချစ်တဲ့
ဘာညာ


ဘာညာက ဒီလို ကွန်မန့်သွားတယ်။ တကယ်တော့ BBBBB ငါးလုံးပါ။
Belated Birthday Burger for Blogger Barnyar.


7 comments:

BarNyar said...

ဟဲဟဲ.. ဘာဂါတော့ဝေစားမယ် အသဲတော့ဝေမစားဘူးဆိုတဲ့ အမကြီး.. Belated Birthday Burger for BarNyar (BBBB) အတွက်မွားးးးးးးး။
ဘလောက်တုန်း ဘလောက်စဲ ဘလောက်လတ္တံ သောကာလတွေမှာ ဒီလို ဒီလို အမတွေနဲ့ စုံသိရ ဒီလိုဒီလို ပိုစ့်လေးတွေလက်ဆောင်ရတာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ကျေးဇူးများကြီးတင်ပါတယ် မကြီးပန်။

ချစ်တဲ့
ဘာညာ

စိုးထက် - Soe Htet ! said...

ဘာဘာဂါလဲဟင် ... ?

metta campaign said...

BBBBBB ၆လုံး ထင်ပ။ မမှားဘူးဆိုရင်ပေါ့။ (ဘာဂါ၀၀)
Belated Birthday Big Burger for Blogger Barnyar

metta campaign said...

အင်း သူများဘာဂါကို အားပေးရင်းနဲ့ နောက် Bတစ်လုံး ပေါ်လာပြန်ရော။
B ၇-လုံးဗျ။ (ဘလောက်ဂါလေး)
Belated Birthday Big Burger for Blogger Baby Barnyar

metta campaign said...

ကဲဗျာ..မပြီးနိုင်တော့ပါဘူး။ ဘိုးဘိုးအောင်ဘာဂါလား မသိ။
B-၈လုံး။ (ချစ်ညီမလေး)
Belated Birthday Big Burger for Beloved Blogger Baby Barnyar

Anonymous said...

အား.. ကိုမေတ္တာကြီးလုပ်တာ မိုက်ပ.. နေဦး အနော်စဉ်းစားလိုက်အုံးမယ်.. အား.. သိဘီ..

Belated Birthday Big Burger for Beloved Baby Brilliant Blogger BarNyar (BBBBBBBBB) dan-dan-dan!!!

ဘာညာ

Anonymous said...

This is extremely intriguing, You're a extremely skilled blogger. I've joined your rss feed and look forward to looking for more of your excellent post. Also, I've shared your web web page in my social networks!