Thursday, November 29, 2007

WAY BACK INTO LOVE

ပျော်ရွှင်စရာ သီချင်းလေးတွေနဲ့ ဘ၀မှာ ပေါ့ပေါ့ပါးပါး တခါလောက် နေကြည့်ပါလား။
ချစ်ခြင်းမေတ္တာဆီ အတူတကွ ပြန်သွားကြပါစို့။

DJ ယောဆရာ ကို အားကျလို့ DJ ပန် လုပ်လိုက်တယ်။ အဟဲ။
တကယ်တော့ ဒီသီချင်းလေးကို သဘောကျနေတာ လွန်ခဲ့တဲ့ သုံးလေးလလောက် ကတည်းကပါ။ ချစ်စရာကောင်းတဲ့ Music and Lyrics ဆိုတဲ့ ရုပ်ရှင်ကားလေးထဲကပါ။ Alex Fletcher အဖြစ် Hugh Grant နဲ့ Sophie Fisher အဖြစ် Drew Barrymore က သရုပ်ဆောင်ထားတယ်။ အဲဒီရုပ်ရှင်မှာ သဘောကျတဲ့ စကားပြောလေးတွေလည်း ရှိသေးတယ်။ ဒီလို..

Alex Fletcher: It doesn't have to be perfect. Just spit it out. They're just lyrics.
Sophie Fisher: "Just lyrics"?
Alex Fletcher: Lyrics are important. They're just not as important as melody.
Sophie Fisher: I really don't think you get it.
Alex Fletcher: Oh. You look angry. Click your pen.
Sophie Fisher: A melody is like seeing someone for the first time. The physical attraction. Sex.
Alex Fletcher: I so get that.
Sophie Fisher: But then, as you get to know the person, that's the lyrics. Their story. Who they are underneath. It's the combination of the two that makes it magical.



သီချင်းကို မြန်မာလိုပါ လိုက်ဆိုလို့ရအောင်လို့ စာလုံးထည့်ကြည့်မိတယ်။ ဒီတော့ ဘာသာပြန်တာက အတိအကျ ဖြစ်ချင်မှဖြစ်မယ်။ (ကိုယ်ညံ့တာကို ကြို ကာ ထားတာ။) ကော်ပီ ကော်ပီနဲ့ နာမည်သာဆိုးတာ စကားလုံးဆရာတွေရဲ့ အလုပ်ကလည်း မလွယ်ဘူးပဲ။ တော်တော် ခေါင်းစားတယ်။ ကိုယ်တိုင် လုပ်ကြည့်မှသိတယ်။ ဆိုကြည့်နော်.. စကားလုံး ထောက်သေးရင်လည်း မှတ်ချက်မှာ အကြံပြုသွားပါဦး။ ခေါင်းစဉ်ကိုလည်း ဘယ်လိုပြန်ရမလဲ ချန်ထားခဲ့တယ်။



I've been living with a shadow overhead
အရိပ်တွေအုပ်မှောင်လွှမ်းခြုံ..အမြဲပဲ နေ..ခဲ့..ရ..
I've been sleeping with a cloud above my bed
အိပ်ရာထက်မှာဖုံးအုပ် .. မိုးသား..တိမ်တွေ…နဲ့
I've been lonely for so long
ဘ၀က ကိုယ့်တစ်ယောက်သာ..အထီးကျန်
Trapped in the past, I just can't seem to move on
အတိတ်တို့က အကျဉ်းချလို့ ရုန်း..မထွက်..နိုင်ခဲ့..

I've been hiding all my hopes and dreams away
အိပ်မက်တွေဝေးကွာ ကိုယ့်မျှော် လင့်..ချက်.တွေ..လည်း.. ကွယ်ဝှက်
Just in case I ever need em again someday
တနေ့မှာ ထပ်လိုအပ်နေ.မိ..ခဲ့..ရင်..များ..အတွက်
I've been setting aside time
အချိန်လေးများ ဘေးကို ခဏ.သိမ်း..ထား
To clear a little space in the corners of my mind
စိတ်ထောင့်ကလေးရှင်းလို့ ကိုယ် ကွက်…လပ်..ချန်.ထား

All I want to do is find a way back into love
လိုချင်တာက လိုက်လို့ရှာဖွေ အချစ် ပြန်တွေ့..မယ့်. လမ်း
I can't make it through without a way back into love
ပြန်ရှာနေတဲ့ အချစ်ကို မတွေ့ပဲ ဘယ်ရပ်..တည်..နိုင်ပါ့မလဲ
Oh oh oh
အို အို အိုးးး

I've been watching but the stars refuse to shine
စောင့်နေတုန်းပဲ ကိုယ့်ကို အလင်း.မပေး.ချင်.တဲ့..ကြယ်တွေ
I've been searching but I just don't see the signs
အရိပ်အရောင်လေးတောင် မတွေ့တော့ မောပေါ့ လိုက်..ရှာခဲ့
I know that it's out there
တကယ်ဆိုဟိုအနားလေးမှာ
There's got to be something for my soul somewhere
တနေရာမှာတစုံတရာတော့ ရှိမယ် ကိုယ့်ဝိညာဉ်အတွက်

I've been looking for someone to shed some light
လိုက်ရှာခဲ့တာ အလင်းရောင် ထွန်းပေးနိုင်မယ့် သူတစ်ယောက်
Not just somebody just to get me throught the night
ကိုယ့်ကို ညတွေ ဖြတ်ကျော် ပေးဖို့ အတွက် မကဘူး
I could use some direction
လိုတာ သူ ညွှန် လမ်းပြပေး
And I'm open to your suggestions
ဒါဆို အကြံဥာဏ်ပေးမလား ကိုယ်..ဖွင့်..ထား

All I want to do is find a way back into love
လိုချင်တာက လိုက်လို့ရှာဖွေ အချစ် ပြန်တွေ့မယ့် လမ်း
I can't make it through without a way back into love
ပြန်ရှာနေတဲ့ အချစ်ကို မတွေ့ပဲ ဘယ်ရပ်..တည်..နိုင်ပါ့မလဲ
And if I open my heart again
တကယ်လို့များ နှလုံးသားလေး ပြန်ဖွင့်ခဲ့ရင်
I guess I'm hoping you'll be there for me in the end
ကိုယ်ထင်တယ် မင်းလေးတနေ့တော့ရောက်မယ် ကိုယ်..မျှော်နေမိသေး
Oh oh
အို အို

There are moments when I don't know if it's real
အစစ်အမှန် လားလို့ မခွဲတတ် ဆွတ်ပျံ့အချိန်..လေး..များ
Or if anybody feels the way I feel
ကိုယ့်လိုပဲလေ ထပ်တူ တယောက်ယောက် ခံစား..သလား
I need inspiration
လိုအပ်ခဲ့ အကြည်ဓာတ်ကလေး
Not just another negotiation
နောက်ထပ်တွေ့ရတဲ့ ညှိနှိုင်းမှုမဟုတ်သေး

All I want to do is find a way back into love
လိုချင်တာက လိုက်လို့ရှာဖွေ အချစ် ပြန်တွေ့..မယ့် လမ်း
I can't make it through without a way back into love
ပြန်ရှာနေတဲ့ အချစ် မှမပါရင် ဘယ်ရပ်..တည်..နိုင်ပါ့မလဲ
And if I open my heart to you
ကိုယ်ရင်ကိုဖွင့်ပြလိုက်ရ..လို့ရင်
I'm hoping you'll show me what to do
ဘာတွေကိုယ်လုပ်ဖို့ မင်းညွှန်..ပြမလား
And if you help me to start again
တကယ်လို့များ အသစ်စဖို့ကူ..ပေးရင်
You know that I'll be there for you in the end
နောက်ဆုံးတော့ ရှိနေမယ် ကိုယ်အမြဲတမ်း မင်းအတွက်ပဲ
Oh oh
အို အို

7 comments:

P.Ti said...

ပန်ဒိုရာ အခုဘာသာပြန်လိုက်တာကို ၀င်းမင်းထွေ၊ သုခမိန်လှိုင်၊ ကေအေတီ တို့ မျက်ခုံးလှုပ်နေလောက်ပြီ။

အောင်သူ said...

မပန်ရေ မင်္ဂလာပါ။ ဒီသီချင်းလေးကို ဖိုးကာနဲ့ရှင်ဖုန်း ဆိုလိုက်ရင် တော်တော်goodလောက်တယ်ဗျ။
အကြံပြုတာပါ။:P :)

နောင်တော် said...

ဒီကား ကြည့်ဖူးတာ ကြာပီ။ ဇာတ်က ဆွဲခေါ်တာ ခံလိုက်ရတယ်။ နောက်ဆုံး သူတို့ သီချင်းလေးကို စင်ပေါ်မှာ အလှည့်မကျခင် မင်းသား တစ်ယောက်တည်း ဆိုတဲ့ သီချင်းကလည်း ထိတာပဲ။ ကောင်းပါ့.. ဂွတ်ထ။

Anonymous said...

i wonder how they will think of classical music without any lyrics.

Winkabar said...

ကောင်းလိုက်တာသီချင်းက။ အစ်မဘာသာပြန်ထားတာလည်းအရမ်းကောင်းတာပဲ။

Anonymous said...

Let's dance with Dj pan...

pandora said...

ပီတိရေ မမြှောက်ပါနဲ့ ကွယ်.။ ဒီက မြောက်ချင်နေတာ
ကိုအောင်သူ.. ဘယ်သူဆိုဆိုပါ ဆိုရင် ကော်ပီရေးခတော့ ပေးရမှာ.. ဟဲဟဲ
နောင်တော် . ဟုတ်တယ် အဲဒီ သီချင်းလည်းကောင်းတယ်
လင်းလင်း ၀င်္ကပါ လေးမ အားပေးကြတာ ကျေးဇူးပါ