ကျွန်းပိစိရဲ့ အော့ချာ့ဒ် လမ်းမှာတော့ မီးရောင်စုံတွေ ခရစ်စမတ် သစ်ပင်တွေနဲ့ အလှဆင်နေပြီ။ သူတို့နိုင်ငံမှာဖြင့် အလှအပအတွက် ဧည့်သည်တွေကို ဆွဲဆောင်ဖို့အတွက် ဒီလို နှစ်စဉ် စီမံချက်ချ ငွေကြေးအမြောက်အမြား သုံးစွဲနိုင်တာ ကြည်နူးရမှာလား မုဒိတာ ပွားရမှာလား မနာလိုရမှာလား။
တစ်ခုသော ဒီဇင်ဘာ ၁ ရက်နေ့ မှာတော့ အင်္ဂလိပ်အက္ခရာ အေ ကို အနီရောင် မျဉ်းတကြောင်း ကန့်လန့်ဖြတ်ထားတဲ့ လိုဂိုတစ်ခု ရိုက်ထားတဲ့ တီရှပ်ဖြူလေးတွေ ဆင်တူဝတ်ရင်း သူငယ်ချင်းတွေဟာ အထိမ်းအမှတ်နေ့တစ်ခုအတွက် ပျော်ရွှင်စွာ လမ်းလျှောက် ထွက်ခဲ့ကြတယ်။ လူတွေအများကြီး ပျော်စရာ။ အပျော်လွန်ပြီးတော့ နောက်ပြောင်ကြရင်း ရှက်တတ်တဲ့ ကောင်လေးတစ်ယောက်ကို မလုပ်စဖူး နောက်ကနေ အုပ်စုဖွဲ့ လိုက်စမိတာ မှတ်မိသေးတော့။ နောက်တနေ့ ကျောင်းထဲမှာ ပြန်တွေ့တော့လည်း ဘာမှ မလုပ်ခဲ့သလို ခပ်တည်တည်ပေါ့။ အဲဒီတုန်းကတော့ ကျောင်းသားဘ၀ အပူအပင်ကင်းခဲ့။ မကြာခင်မှာ မုန်တိုင်းကြီး တစ်ခု တိုက်ခတ်လာတော့မယ်လို့ ဘယ်မျှော်လင့်ခဲ့ကြမလဲ။
ဟိုတလောက အိမ်ကိုဖုန်းဆက်တော့ စကားစပ်မိရင်း ကိုယ်သိကျွမ်းသူတွေထဲမှာပဲ ရောဂါဆိုးတစ်ခု ကျရောက်သူတွေ တော်တော်ရှိလာတာ သိလိုက်ရတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတော့ ဒါဟာ အရပ်ထဲမှာ ကိုယ့်အသိအကျွမ်းတွေထဲမှာ ဆိုရင် စကားထဲ တဖွဖွ ထည့်ပြောရလောက်အောင် မကြားဖူးသလောက် ရှားပါးသော ရောဂါတစ်ခု။ အခုတော့... “အဲဒါ သူ့မိန်းမလေးကလည်း သူ့ဆီက ကူးတာ အခုတော့ ဆုံးရှာပြီ။ ကလေးနဲ့ သူပဲ ကျန်တာပေါ့။ ကောင်လေးလည်း ပိန်လိန်နေတာပဲ။ ဒါနဲ့ နင့်အစ်ကို သူငယ်ချင်း ဟိုတလောက ဆုံးသွားတဲ့ တစ်ယောက်လည်း တကယ်တော့ အဲဒီရောဂါလို့ ပြောတာပဲ သိလား။ ဟိုရပ်ကွက်က ဦးဘယ်သူရဲ့ သားလေးရှိပါရောလား အဲဒါ သူလည်း ပေါ့စတစ် လို့ပြောနေကြတယ်” …. ဘုရား ဘုရား ဆက်နားထောင်ရမှာ လန့်လာမိတယ်။
ချစ်စရာကောင်းတဲ့ အဲဒီနိုင်ငံကလေးက လူတွေအတွက် ဘက်ပေါင်းစုံက ယိုယွင်းလာမှုတွေကို ဘယ်လို ကယ်တင်နိုင်မှာလဲ။ ဘာတွေကို အရေးအကြီးဆုံးလို့ သတ်မှတ်ပြီး ဘာတွေကို ကြောက်လန့်ဖုံးအုပ်နေရင်း ဘယ်လောက်အထိ ဆိုးရွားလာဦးမှာလဲကွယ်။ လောလောဆယ် ကိုယ်တတ်နိုင်တာလေး တစ်ခုကတော့…
အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့၊ အားလုံးပါဝင်ဆောင်ရွက်စို့။
ကိုယ်ချင်းစာနာ နားလည်ပါ၊ သင်လည်း လူသားပါ။
ဒီနေရာက ပြန်လည်ရယူပါသည်။
ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်
-
Colourful bean salad and paprika grilled chickenယနေ့ည ဒင်နာရဲ့ theme ကတော့
colorful healthy food ဖြစ်ပါတယ်။ထမင်းလို အာလူးလို ကာဗိုဟိုက်ဒြိတ်
လုံးဝမပါပဲနဲ့...
20 hours ago

4 comments:
ချစ်စရာ ဒီဇင်ဘာဖြစ်ပါစေ မပန်ရေ၊
မပန်ရေ .. ဟုတ်တယ် ။ ဒီကိစ္စကို မြန်မာပြည်ကလူတွေ အသိအမြင်ရှိလာကြဖို့ လိုတယ် ။
နှစ်သက်စွာ ဖတ်ရှုသွားပါတယ်ဗျာ။
ချစ်လေပြေ ဂျစ်ဂျစ် မောင်ပွတ်..
ချိုမြသော ဒီဇင်ဘာအတွက် .. ရှေ့ဆက်ကြပါစို့
Post a Comment