Wednesday, January 30, 2008

ပန်းကလေးတွေ

Kiss me quick ပန်းကလေးတွေပုံ တင်လိုက်တယ်။ ဒါလေးတွေကတော့ ညီမလေးရိုက်ထားတာပါ။


Expand..

Saturday, January 26, 2008

မျက်နှာနှစ်ဖက်ကို တပြိုင်နက် ဖြတ်သန်းတဲ့အခါ

ဒီပို့စ် မှာ Charles Dickens ရဲ့ A Tale of Two Cities စာအုပ်အကြောင်း နည်းနည်းရေးခဲ့ပါတယ်။ ဘလော့ဂါ မိတ်ဆွေကောင်းတစ်ဦးဖြစ်တဲ့ ကိုမောင်ရင်က ဇာတ်လမ်းအကျဉ်းရေးပါဦး ဆိုလို့ အခု ရေးလိုက်ပါတယ်။ သုံးသပ်ချက်အနေနဲ့လည်း ဖတ်ဖူးထားတာလေးတွေနဲ့ ကိုယ်တိုင် ထင်မြင်မိတာလေးတွေကို ပေါင်းပြီး ချရေးလိုက်ပါတယ်။ ဒီဝတ္တုကို မဖတ်ရသေးရင် စိတ်ဝင်စားရင် အချိန်လည်းရရင် အကောင်းဆုံးကတော့ ဒီမှာ သွားဖတ်ပေါ့။ ကောင်းပါတယ်လို့ လူအများသိကြပြီးသား ကမ္ဘာကျော် ၀တ္တုတစ်ပုဒ်ကို ဘာမဟုတ်သော ပန်ဒိုရာက ချီးမွမ်းလိုက်မှ ဂုဏ်နှိမ့်ရာ ရောက်သလိုလည်း ဖြစ်နေမှာစိုးပါတယ်။ ဇာတ်လမ်းမူရင်း အရသာကို ဖျက်ဆီးသလို ဖြစ်ခဲ့ရင် ပန်ဒိုရာ တင်ပြပုံ ညံ့ဖျင်းလို့သာ ဖြစ်ပါကြောင်း။

ဇာတ်လမ်းရဲ့ လိုရင်းကိုသာ ဆီလျော်အောင် အကျဉ်းချုံးထားပါတယ်။

Expand..

Wednesday, January 23, 2008

နှစ်သစ်ရဲ့ မွေးနေ့ဆုတောင်းများ

သူက ဟိုဘက် ကမ္ဘာခြမ်းမှာနေတယ်
ကိုယ်ကနေ့ဆိုရင် သူကညပေါ့
သူက နူးညံ့သိမ်မွေ့တယ်
သူက ကဗျာဆန်တယ်
သူက မဟာဆန်တယ်

Expand..

စောင့်သူ

ဆရာမ မေငြိမ်းရေးတဲ့ စောင့်သူ ဆိုတဲ့ ၀တ္တုတိုကလေးကို ဖတ်ပြီး မနေနိုင်လို့ အမှတ်မထင် ကောက်ခြစ်မိလိုက်တဲ့ စာပိုဒ်တချို့ဆိုပါတော့။ ဘလော့ဂ်မှာ တင်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပါ။ ဒါပေမယ့် ပြန်ဖတ်မိရင်း ဒီအင်တာနက်ထဲ တနေရာမှာ ခြေရာထင်သွားမှတော့ နောက်တနေရာမှာ ခြေရာပြန်ချလိုက်တာ သိပ်မကွာတော့ပါဘူးလေဆိုပြီး တင်လိုက်တယ်။ ဆရာမ၀တ္တုကို ဆင့်ပွားခံစားမှုသက်သက်ပါ။

Expand..

Monday, January 21, 2008

ငွေဆောင်

ဧရာဝတီတိုင်း ပုသိမ်မြို့နဲ့ မိုင် ၃၀ လောက် အကွာမှာရှိတဲ့ ငွေဆောင်လို့ အမည်ရတဲ့ ကမ်းခြေအသစ်ကလေးပါ။ မရောက်တာ ကြာသူများလည်း ကိုယ့်နိုင်ငံထဲက မမြင်ရသေးတဲ့ အလှတွေကို ခံစားရတာပေါ့။ ကိုယ်တိုင်ရိုက်ထားသော ပုံတွေပါ။



မိုးလင်းတဲ့ အလှ။

Expand..

Friday, January 18, 2008

စက္ကူလှေ

စက္ကူလှေကလေး
ဆိုက်လာတယ်။

တက်မပါလှော်သူမဲ့
လေအတိုက်
ရေစီးအရိုက်မှ
ရှိုက်ရှိုက်ရင်း ရှေ့ဆက်ရတယ်။

Expand..

Monday, January 14, 2008

ပျောက်ဆုံးသွားတဲ့ စပိတ်တစ် ဖဲတစ်ချပ်

အဟောင်းတွေ အသစ်ဖြစ်တယ်လို့ပြောရင်လည်း ပျော်ရွှင်စရာ အဟောင်းတွေမို့ ခွင့်လွှတ်နိုင်မယ် ထင်ပါရဲ့လေ။ ဘလော့ဂ် စရေးကာစ ဘလော့ဂါတွေ သိပ်မများသေးခင်မှာ အားလုံးစုရေးကြတဲ့ ၀တ္တုတစ်ပုဒ် ရှိခဲ့တယ်။ အဲဒီအချိန်က ဘလော့ဂါ စာအုပ်ထုတ်ဖို့ လုံးပန်းနေချိန်။ တနေ့တနေ့ ဂျစ်တူးရဲ့ ဘလော့ဂ်မှာ တင်ထားတဲ့ အဲဒီ ပို့စ်ကို ဘယ်သူများ ဘာရေးသွားလဲလို့ သွားသွားကြည့်ရတာ အမော။ ဆီပုံးထဲလည်း စည်စည်ကားကား။ ပျော်ပျော်ပါးပါး။

တစ်နှစ်တောင်မပြည့်သေးတဲ့ အချိန်ကာလက ပြန်စဉ်းစားရင်း မနေ့တနေ့ကလိုပါပဲ။ ဒါပေမယ့် အဲဒီအတွင်းမှာ အများကြီး ပြောင်းသွားခဲ့ပြီ။ သမိုင်းဝင် အဖြစ်အပျက်ကြီး တစ်ခုနဲ့ မေ့မရနိုင်မယ့် နာကျင်မှုတွေကို မျှဝေခံစားခဲ့ရပြီ။ ဒီကြားထဲမှာ တချို့တွေအတွက်တော့ ချိုသလား ခါးသလား သိနိုင်အောင် လုံလောက်တဲ့ ကြာကြာဝါးချိန် တစ်ခုလည်း ရခဲ့ပြီ ဆိုပါတော့။ အပြစ်ကင်းစွာ ဒဏ်ရာကင်းစွာ ဖြူစင် ရယ်မောခဲ့ကြတဲ့ အချိန်တွေ ပြန်မရနိုင်တော့ဘူး။

အခုတော့ ဘလော့ဂါအသစ်တွေ အများကြီး ပေါ်လာခဲ့ပါပြီ။ မဖတ်ရသေးသူများအတွက် ဘလော့ဂါများ စုပေါင်းရေးခဲ့ကြတဲ့ ၀တ္တုလေးကို ဂျစ်တူးရဲ့ ဘလော့ဂ်ကနေ ပြန်လည်တူးဆွပြီး ဖော်ပြလိုက်ပါတယ်။

Expand..