
(၁)
မြူ…
မြူရှိရာကို ကိုယ်ကအရောက်လာခဲ့တယ်
မြူကတော့ ကိုယ့်ဆီမလာနိုင်..။
(၂)
မြူ…
မြူကို ကိုယ့်အတွက် ဖမ်းပေးခဲ့သူ
မင်းကမြူ့ကိုနားမလည်
မင်းကကိုယ့်ကိုနားမလည်
ကိုယ်ကမင်းကိုနားမလည်
ကိုယ်ကမြူ့ကိုနားလည်တယ်လို့ပဲ
မင်းကနားလည်ခဲ့တယ်
နံနက်ခင်းကတော့ လုံလောက်အောင် မိုးလင်းပေးခဲ့ပါတယ် မြူ..။
မြူ…
မြူထဲမှာ ကိုယ်ကခေါင်းဝှေ့
ကိုယ့်မြူကငွေ့ငွေ့ကလေးဝေနေတုန်း
တစ်ယောက်ရဲ့နှင်းတွေကဖြင့် အဖတ်ဖတ်ကျဆင်းနေမှာ
နှင်းခဲတွေပျော်မှပျော်ရဲ့လား
ဖြတ်ခနဲသတိရမိ
ကိုယ်အပြစ်ရှိသွားသလား မြူ…။
(၃)
မြူ..
မကြာခင်မှာ ကိန်းဂဏန်းသစ်တစ်ခု
သူတို့ရေရွတ်ကြတော့မယ် မြူ
မြူကဖြင့် ဆိုင်းနေတုန်း
မြက်ပင်တွေ စိုထိုင်းနေတုန်း
မနက်ဖြန်တွေကရော မှိုင်းနေတုန်းလား
ကိုယ် မျက်ရည်ဝိုင်းမိတယ် မြူ…။
မြူ..
လမ်းကလေးက ကိုယ့်ဘေးမှာ တရိပ်ရိပ်ကျော်ဖြတ်
ကိုယ်တို့ကို သူတို့ကျော်ဖြတ်ကုန်ကြပြီ မြူရဲ့
ကိုယ့်အိပ်မက်တွေလည်း တရိပ်ရိပ်နဲ့
လက်ဖ၀ါးတွေချွေးစေးပြန်လိုက်တာ
ရင်ခွင်ထဲက အနွေးဓာတ်ကူးပေးသူရယ်
ကျေးဇူး.. ကျေးဇူးအထူးပါ မြူ..။
(၄)
မြူ…
ဆောင်းနုနုမှာ
သက်သက်ကလေးခါးပေဦးတော့
ကိုယ်…. ထားရစ်ခဲ့ရတယ် မြူ…။
ပန်ဒိုရာ
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
2 days ago
7 comments:
ဘယ်ရမလဲ ကဗျာနဲ့လာတို့ပြီးခေါ်သွားတာ :) မြူ ကို ဖတ်ရှုခံစားသွားကြောင်းပါ မကြီးပန်ရေ ပျော်ရွှင်ပါစေခင်ဗျာ :)
အမကြီး မပန် မြူကို နှစ်ခြိုက်စွာခံစားသွားပါတယ်
ပျော်ရွှင်ပါစေ ခင်ဗျာ .. :)
ကဗျာလေး ဖတ်ရတာကိုက မြူတွေထဲမှာဖတ်ရသလိုလို ကဗျာလေးလှတယ်။
မပန်.. ကဗျာလေး လှသလို ဓာတ်ပုံလေးလည်း လှတယ်.. ဘယ်တူရိုက်တာလဲ.. မပန်လား?.. :)
နှစ်သစ်ကို မြူကဗျာနဲ့ ဖွင့်လိုက်တာပေါ့ ..
အိပ်မက်ထဲမှာ မြူကို လိုက်ဖမ်းကြည့်နေတာလား..
အိပ်မက်က နိုးထလာတာလား..
အိပ်ရာက နိုးတော့ မြူတွေက အိပ်မက်ထဲမှာ ကျန်ရစ်ခဲ့..
အနုပညာ အားကောင်းတဲ့ ကဗျာတစ်ပုဒ်ပါပဲ ပန်ပန်..။
စင်္ကာပူရောက်ကတည်းက မြူကို မတွေ့ရတော့ဘူး မြူ.. ကျန်းမာရဲ့လား မြူ.. နှစ်သစ်မျာ ပျော်ရွှင်ပါစေ မြူ..
(အဟဲ.. ကဗျာဖတ်ရင်း နည်းနည်းဈာန်ဝင်သွားလို့
ပျော်ရွှင်ပါစေ ညိမ်းညို တင့်ထူးရွှေ ကောင်းကင်ကို
မနုစံရေ ပန်ဒိုရီက လမ်းခရီးတခုမှာ ကားပေါ်ကနေ လှမ်းရိုက်ပေးထားတာပါ
ကိုငြိမ်းချမ်းအောင်ရေ ကျေးဇူးပါ
ညီညီရေ နှစ်သစ်မှာ ဘ၀အသစ်နဲ့ ပျော်ရွှင်ပါစေ
Post a Comment