အားလုံးပဲ နှစ်သစ်မင်္ဂလာပါ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
နိုဝင်ဘာက မေးသွားပါတယ်။
“အမရေ..တခုလောက်မေးပါရစေ.. မြန်မာနှစ်သစ်ကူးက တန်ခူးလဆန်းတရက်နေ့မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ တန်ခူးလဆန်း ၁၂ရက်နေ့ ဖြစ်နေရတာလဲ.. အဲဒါသိချင်နေလို့ အချိန်ရရင်ဖြေပေးပါနော်”... တဲ့
ဒီမေးခွန်းကို ရတနာဖိုရမ်မှာ တချိန်က ဖြေဖူးတဲ့ ဘကြီး ၀ိဟာရီကိုပဲ ကိုးကားပြီး ဖြေလိုက်ပါတယ်။ ဘကြီးက ဒီနေရာမှာ ဒီလိုရှင်းပြထားပါတယ်။
မြန်မာ နှစ်ဆန်းတစ်ရက်ဆိုတာ ကမ္ဘာက နေကို တစ်ပတ်ပတ်မိတဲ့အချိန်ကို ပြောရတာ ဖြစ်ပါတယ် ။
နေကို တစ်ပတ်ပတ်မိပြီး မိဿရာသီ အစကို ပြန်ရောက်ဖို့ ၃၆၅ရက် ၆ နာရီ ၀န်းကျင် ကြာပါတယ် ။ဒါ့ကြောင့် မြန်မာ နှစ်ဆန်းတစ်ရက်နေ့ဟာ အနောက်တိုင်းပြက္ခဒိန် မှာ နှစ်စဉ် ဧပြီလ ၁၆ - ၁၇ ရက်နေ့ ပတ်ဝန်းကျင် ဖြစ်ရပါတယ် ။ အနောက်တိုင်းပြက္ခဒိန်မှာ တစ်နှစ်ကို ၃၆၅ရက် ရှိလို့ ဖြစ်ပါတယ် ။ ရက်ထပ်နှစ်မှာတော့ ၃၆၆ရက်ရှိပါတယ် ။ ၄ နှစ်မှ တစ်ကြိမ် ရက်ထပ်တာဆိုတော့ တစ်နှစ် ပျှမ်းမျှ ၃၆၅ရက် ၆ နာရီ ၀န်းကျင်နဲ့ သွားကိုက်ပါတယ် ။
မြန်မာ လတွေကတော့ ရက်မစုံ ၆ လ ၊ ရက်စုံ ၆ လ စနစ်ဖြစ်လေတော့ တစ်နှစ်မှာမှ ၃၅၄ ရက်ပဲ ရှိနေပါတယ် ။
အနောက်တိုင်းနဲ့ဆိုရင် ၁၁ ရက် - ၁၂ ရက် ကွာသွားပါတယ်။
၃ နှစ်ကျော်လာရင် ၃၃ ရက် ၀န်းကျင် ကွာသွားပါပြီ ။ ဒါကို ညီအောင် ညှိဖို့အတွက် ၄ နှစ်တစ်ကြိမ်ခန့် ၀ါထပ်ပေးပြီး ၀ါဆိုလ ၂ လ သတ်မှတ်ပေးရပါတယ် ။ ဒါတောင် ၃ ရက် လိုနေဦးမှာပါ ။ စုမိလာလို့ ရက် ၃၀ပြည့်ရင် ၄ နှစ်အထိ မစောင့်ဘဲ ၃ နှစ်နဲ့ကို ၀ါထပ်ပေးရပြန်ပါတယ် ။
ဒါ့ကြောင့် နှစ်ဆန်းတစ်ရက်နေ့ဟာ တန်ခူးလဆန်း ၁ ရက်နေ့မှာ တစ်ကြိမ်တစ်ခါက ကျရောက်ခဲ့သော်လည်း နောက်နှစ်တွေမှာ တန်ခူးလဆန်း ၁၂ရက် ဖြစ်လိုက် ၊ တန်ခူးလဆုတ် ၉ ရက်ဖြစ်လိုက် ကဆုန်လဆန်း ၇ ရက်ဖြစ်လိုက် ၀ါထပ်လို့ ၀ါဆို ၂ လ ဖြစ်တဲ့အခါ တန်ခူးလထဲ ပြန်ရောက်သွားလိုက်နဲ့ ကျချင်သလို ကျနေတာ ဖြစ်ပါတယ် ။
Solar Year (နေ အခြေခံနှစ် )နဲ့ Lunar Year (လ အခြေခံနှစ် ) ကွာခြားချက်ကြောင့် ဖြစ်ရတာပါ ။
(ဘကြီးရေ ဘယ်ရောက်နေမှန်း မသိလို့ ခွင့်မတောင်းနိုင်တာ ခွင့်လွှတ်ပါ။ ဖြန့်ဝေပေးတာကို ကျေနပ်မယ်လို့ ယူဆပါတယ်။)
ဝက်သုံးထပ်သား ပဲငပိ ကြော် (Stir fried pork belly with bean sauce)
-
ဒီနေ့ ညစာဝက်သုံးထပ်သား ပဲငပိ ကြော်Stir fried pork belly with bean
sauceစားကောင်းလွန်းလို့ ဘော်ဒါတွေလဲ ချက်စားရအောင် ချက်နည်းလေး
ရှယ်ပေးလိုက်မယ်။ဝက်သုံးထပ်...
1 day ago
6 comments:
အမေရ
မသိတာကိုသိအောင်ပြောပြသွားတဲ့အတွက် ကျေးဇူးပါ..
...(ဒီလောက်မြန်မြန်ကြီး replyလာလိမ့်မယ်လို့ မထင်ထားဘူး) တော်တယ်ကွာ..ဒို့အမက..
လေးစားလျှက် (ညီမ နိုဝင်ဘာ)
ခုမှပဲရှင်းတော့တယ်..ကောင်းပါတယ်ဗျို့
see "here" ဆိုတာကိုသွားမဖွင့်ကြပါနဲ့
အခုလို (အားလုံးကို ) ရှာဖွေ ပြီး မျှ ဝေ တတ် ခြင်း အတွက် လေးစား ကျေးဇူး တင်ပါတယ်။
:) မင်္ဂလာပါ ခင်ဗျာ ... နှစ်သစ်မှာ ပျော်ရွှင် အဆင်ပြေပါစေ :)
အဲဒီဘကြီး ထောင်ကျနေတယ်။ ၁၀ နှစ်။
သူက တခြားလူတော့မဟုတ်ဘူး။ အဓမ္မ၀ါဒီလို့ သတ်မှတ်ခံထားတဲ့ မိုးပြာဂိုဏ်းခေါင်းဆောင်ကြီးပါပဲ။ ဗဟုသုတစုံသလောက် သညာသိပဲရှိပြီး ပညာသိမရှိတဲ့ လူကြီးပေါ့။
Post a Comment