သူပျော်ရင် အားလုံးပျော်လို့
သူငိုရင် လိုက်ငို
ဒီနေ့တည်လိုက် .. နောက်နေ့ကြည်လိုက်
အီလက်ထရွန်းနစ် လှိုင်းတွေထဲ
မူးမိုက်ဝဲလည် စွဲငြိစေတယ်..တဲ့
ဘယ်ဆိုင်းကိုတီးလို့
ဘယ်မီးကိုထိုးရင်
ဘယ်လက်ကိုချိုးတော့မှာလဲ…တဲ့
ဆယ့်နှစ်ကြိုးညို့အားနဲ့ ပြုစားခဲ့လေသလား
ပိုး..မွေး..ခေါ်..မျှော်… ၀မ်းတွင်းပါအတတ်နဲ့
ဇာတ်ကျမ်းကြေသူရဲ့
ဟင်းလင်းဖွင့်ထားတဲ့ ဗလာစင်မြင့်ပေါ်မှာ
လက်ညိုးကလေး တချက် ကလစ် ရောက်လိုက်တိုင်း
မျက်တောင်တချက်အခတ်
မေးကလေးအဆတ်နဲ့ကြုံလိုက်သလို
မတ်တတ်မူးမေ့ ဘ၀င်ခွေ့သွားစေသတဲ့…
ကဲ… အနုပညာလို့ပဲဆိုတော့မှာလားကွယ်
ဘ၀ အရှင်လတ်လတ်
တဖြတ်ဖြတ်လှုပ်ခါနေတဲ့အထဲက
ပျို့တက်လာတဲ့ စကားလုံးကလေးတချက်
ပိုးပိုးပေါက်ပေါက်ထွက်ကျလိုက်တိုင်း
စိန်ကျောက်များလို မြေ၀ယ်မကျ
မျက်တောင်မခတ် ခံယူနေကျသူရေ…
ဟောဒီကန့်လန့်ကာနောက်ကွယ်က
အရုပ်ကြိုးပြတ် ရင်တလင်းကဖြင့်
မှော်ကျင်း… မဟုတ်ခဲ့ရပါလားကွယ်…။
ပန်ဒိုရာ
Halo dunia!
-
Selamat datang di Situs-situs Slot Jaringan. Ini adalah artikel pertama
Anda. Edit atau hapus artikel ini, dan mulailah menulis!
3 years ago
12 comments:
“ပြည်သူချစ်သော ဘလော့သည်များ” ဆိုပြီး စာအုပ်တစ်အုပ် ရေးအုံးဗျာ။ လူထုပန်ဒိုရာ…ပေါ့။
ဟောဒီကန့်လန့်ကာနောက်ကွယ်က
အရုပ်ကြိုးပြတ် ရင်တလင်းကဖြင့်
မှော်ကျင်း… မဟုတ်ခဲ့ရပါလားကွယ်…။
i luv it.\o/
ကဲ…. လက်ညိုးကလေး တချက် ကလစ် ရောက်လိုက်တာနဲ့ ကဗျာကောင်းလေးတပုဒ် စင်ပေါ်ရောက်နေတာကို ကြုံရပြန်ပါပြီကော…..
မာမာအေးသီချင်းထဲက စာသားလေးတခုကို သတိရတယ်။
“သူငိုရင် ပုလဲ၊ သူရီရင် ရွဲ ဖြစ်သတဲ့ကွယ်…..”
ကဲကဲ…ပရိသတ်ကြီးရေ…..ပုလဲယူမလား ရွဲယူမလား။ ပုလဲလိုချင်ရင်တော့ ဘလော့သည်ကို ငိုအောင် စကြပေတော့။ ရွဲလိုချင်ရင် ကလိထိုး။ အဲ…အဲ…စိန်လိုချင်ရင်တော့ သမီးတော်လေးနဲ့ ထိမ်းမြားနိုင်ဘို့ ကြိုးစားရချေမယ်။း-)
သူပျော်ရင် အားလုံးပျော်လို့
သူငိုရင် လိုက်ငို ဘလော့က ဘလော့ဂါရဲ့ စိတ်ကို ဖွင့်ပြထားသလိုပဲနော့် သဘောကျတယ် ကဗျာလေးကို ။
ကချေသည် မဟုတ်တဲ့ ဘလော့သည် ကဗျာရှင်ရေ . . .
ရေးကွက်ရေးဟန်များကို အဖန်တလဲလဲ အသည်းဘ၀င်ခိုက် နှစ်ခြိုက်စွာ ရှုစားမိပါတယ်။
မပန် .. အရုပ်ကြိုးပြတ်စရာ ကြုံရင်လဲ အမြန် ပြန်ဆက်နိုင်ပါစေနော်..
ဒီကဗျာ မဖတ်ခင် ပန်ဒိုရာ ၏ယနေ့ အခြေအနေ ဆိုတာဖတ်ပါ လို့  ပြောရတော့မယ့်ကဗျာတစ်ပုဒ်ပ..
သူ slogan က “နံနက်ခင်းမှာသာငါနေထိုင်သည်” လို့ ဆိုတော့ “ည နေခင်း နှင့် ညခင်းများမှာ ငါလဲလျောင်းသည်” လို့ ဒသနိကျကျ တွေးနိုင်ပါတယ်..ဒီလိုဆောင်ပုဒ်ရှင်ဘလော့ဂါ ရေးတဲ့ ဒီကဗျာတစ်ပုဒ်ကိုတော့ “နံနက်ခင်းမှာ ထိုင်နေ” ရင်းဖတ်သွားကြောင်းပါ..ဘယ်အချိန၊ဘယ်လိုပုံနဲ့ ဖတ်ဖတ် ကောင်းနေ၊လှနေမှာပါ။
စကားမစပ်… “ဘလော့သည်” ဆိုတော့ ကုန်သည်၊ဈေးသည်လို အနက်နဲ့ ဘလော့ဂ်ရေးသူ (blogger) လို့ နာမ် အနေနဲ့  ဖတ်လို့ ရသလို..တွေ့ တွေ့ ခြင်းတော့ “ဘလော့ရေးသည်” ဆိုတဲ့.အနက်နဲ့  ကြိယာ အနေနဲ့  (Why do I blog?) လို့  ဖတ်မိသွားကြောင်းပါ..ဒီဘလော့ဂ်ဆိုတဲ့စကားလုံးကလဲတွင်ကျယ်လာလိုက်တာ မြန်မာစကားမှာ မွေးစားစကားလုံးတစ်ခု ကိုဖြစ်သွားပါပြီ။ ဘာသာပြန်ဖို့ လဲမလှတော့၊ နောက်ထုတ်မယ့် မြန်မာ အဘိဓာန်မှာထည့်ရတော့မယ့်မွေးစားစကားလုံးအသစ်ပါပဲ။
ကိုအက္ခရ ကြီးပြောသလို လူထု ပန်ဒိုရာ ... :P
မိုက်တယ် :)
what a nice poem! :D
i like it!
ကောင်းတယ်ဗျာ။ ပန်ဒိုရာကို ပြန်ငိုသာပြလိုက်ချင်တော့တယ်။
ခင်မင်လျက်
ဟန်သစ်ငြိမ်
မိုက်တယ် ။။။
ဘလော့သည် တဲ့လား..။ နာမည် ပေးတော်လိုက်တာ
အားပေးသူများ ကျေးဇူးပါ
အခုတလော ဒီကဘလော့သည်ကတော့ လက်ညိုးကလေး တချက် ကလစ်ဖို့ ပျင်းပျင်းနေတာရော အလုပ်များနေတာရော။။။
Post a Comment